Covid ကိုဗစ် မေးခွန်း

Sinopharm သိုမဟုတ် Covid Shield 2 ကြိမ်ထိုးထားပြီးဆို စိတ်ချရတဲ့ အခြေနေရှိလားဆရာ

covishield vaccine လို့ ရေးရတယ်။

မကြာခဏ ဖြေရတယ်။ ကိုဗစ်ကပ်ရောဂါက အသစ်စက်စက်ဖြစ်တယ်။ ဆရာဝန်တွေ နေ့ရောညပါ လေ့လာသုတေသနလုပ်နေကြတယ်။ ၂၀၁၉ ခုနှစ်အကုန်က ဖြစ်စထက် အများကြီး သိလာပြီ။ ကာကွယ်နည်း သိလာပြီ။ ကုသနည်းလည်း အတိုင်းအတာ တခုထိ သိလာပြီ။ ကာကွယ်ဆေးတွေ ပေါ်လာပြီ။

ကမ္ဘာပေါ်ကနေ ကျောက်ကြီးရောဂါလို ပျောက်သွားအောင် မလုပ်နိုင်သေးပါ။ လုပ်နိုင်မယ်လည်း မထင်ပါ။ အနီးစပ်ဆုံးဥပမာက တုပ်ကွေး။ တုပ်ကွေးကလည်း ဗိုင်းရပ်စ်တမျိုးကနေဖြစ်တယ်။ ကိုဗစ်ကလည်း ဗိုင်းရပ်စ်တမျိုး။ တုပ်ကွေးကာကွယ်ဆေးကို တနှစ်တခါ ဆေးသစ်ထုတ်ပြီး လူတိုင်း ဘယ်တိုင်းပြည်မှာနေနေ တနှစ်တခါ ထိုးကြရတယ်။

ကိုဗစ်ကာကွယ်ဆေးအမျိုးမျိုးမှာ ဆေးသုတေသနနဲ့ လေ့လာမှုအတိအကျလုပ်တာ ယူအက်စ်အေက ဆေးတွေ ဖြစ်တယ်။ အဲဒါလည်း ကိုဗစ်ကို အပြီးတိုင် ကာကွယ်မှု မပေးနိုင်ပါ။ ယူအက်စ်အေမှာ အသက် ၅ နှစ်အထက် ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးနေရတယ်။ အဲဒါလည်း ခရစ်စမတ်မှာရော နှစ်သစ်ကူးမှာပါ ကန့်သတ်ချက်တွေ အများကြီးထားရသေးတယ်။ လေယာဉ်တွေ မထွက်ရ။ ကျောင်းတွေတောင် အွန်လိုင်းစနစ် ပြန်ဖြစ်မဖြစ် ပြောမရ။ အစ်ဇရေးလ်မှာ ကာကွယ်ဆေး စတုတ္တဆေး ထိုးနေပြီ။

၁။ အတတ်နိုင်ဆုံး လူစုလူဝေးတွေ ရှောင်ပါ။

၂။ အပြင်ထွက်ရတိုင်း နှာခေါင်စည်းသုံးပါ။

၃။ ဘယ်မှာနေနေ လက်ဆေးပါ။

၄။ မျက်နှာပြင်တွေ ပိုးသန့်ပါ။

၅။ ကာကွယ်ဆေးထိုးပါ။

ဒေါက်တာတင့်ဆွေ


Comments