Spindle cell sarcoma စပင်ဒယ်ဆဲလ် ဆာကိုးမား

ဘယ်လို ကုသရပါ့မလဲ။ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာအုပ်စုမှာ ဖတ်ရတယ်။ အဖြေစာမှာ Leiomyosarcoma/Rhabdomyliposarcome လို့ပါတယ်။

၂၀၁၅ တုန်းက မေးလို့ ဖြေထားတာရှိတယ်။

မေး = အာရုံကြောကင်ဆာ အကြောင်းသိချင်ပါတယ်ရှင့်

ဖြေ = ကျား-မ မသိပါ။ အသက် မသိပါ။ ဆေးပညာမှ အဲလိုခေါ်တာ မရှိပါ။ ရောဂါအမည်ဆေးစာလုံးပေါင်း သိရင်ပြောပါ။

မေး = ကြွက်သားနဲ့အာရုံကြောကင်ဆာလို့ ကင်ဆာဆရာဝန်က ပြောပါတယ်ရှင်။ အသက် ၂၉ မိန်းကလေးပါရှင ဆေးသွင်းရမယ် ပြောပါတယ် အမြစ်ပြတ်သွားအောင်လို့ပြောပါတယ်။

ဖြေ = ရောဂါအမည် ဆေးစာလုံးပေါင်းသိရင်ပြောပါ။

မေး = ဆေးစာပို့။

ဖြေ = စပင်ဒယ်ဆဲလ် ဆာကိုးမားဆိုတာ တွယ်ဆက်တစ်ရှူးကင်ဆာဖြစ်တယ်။ တွယ်ဆက်တစ်ရှူးဆိုတာ အရေပြားအောက်၊ ကြွက်သားတွေကြား၊ အင်္ဂါအစိတ်အပိုင်းတွေကြားမှာရှိတယ်။ ရှားတယ်။ ထိခိုက်မိရာကနေဖြစ်ဖြစ် ပိုးဝင်ရာကနေဖြစ်ဖြစ် ဖြစ်တယ်။ မျိုးဗီဇလိုက်တယ်။

ဖြစ်ကာစမှာသန့်သန့်လေးရှိတယ်။ အပွါးသေးဘူး။ ကင်ဆာလို့မခေါ်နိုင်သေးဘူး။ နောက်ပွါးများလာမယ်။ ဒီအဆင့်မှာ ဖြစ်တဲ့နေရာ + ဘေးပိုင်ကိုခွဲထုတ်ရတယ်။ အသားစစစ်ရမယ်။

အနီးအနားကိုသာမက အဆုပ်၊ ကျောက်ကပ်၊ အသည်းတွေအထိရောက်နိုင်တယ်။ ကင်ဆာဆေးနဲ့ ဓါတ်ကင်တာ လုပ်ရတော့မယ်။

အမျိုးအစားတွေ ၅ဝ လောက်ရှိတယ်။

1. Angiosarcoma သွေးကြော်နဲ့ သွေးပြန်ရည်ကြောကင်ဆာ။

2. Dermatofibrosarcoma ကိုယ်ပိုင်းနဲ့ခြေပိုင်းကင်ဆာ။

3. Epithelioid sarcoma လူလတ်ပိုင်း ခြေနဲ့လက်ကင်ဆာ။

4. Ewing’s sarcoma အရိုးကင်ဆာ။

5. Fibrosarcoma ကြွက်သာမှာရှိတဲ့ ဖိုင်းဘရပ်စ်တစ်ရှူးကင်ဆာ။

6. Gastrointestinal stromal tumors အစာလမ်းကတွယ်ဆက်တစ်ရှူးကင်ဆာ။

7. Leiomyosarcoma စိတ်ကနေထိန်းမရတဲ့ကြွက်သား (အစာအိမ်၊ အူ၊ သွေးကြော) ကင်ဆာ။

8. Liposarcoma အဆီကင်ဆာ။

9. Malignant fibrous histiocytoma ဗိုက်၊ ခြေထောက်ပိုင်း တွယ်ဆက်တစ်ရှူးကင်ဆာ။

10. Neurofibrosarcoma အဖျားပိုင်နေအာရုံကြောကင်ဆာ။

11. Rhabdomyosarcoma အရိုးမှာကပ်နေတဲ့ကြွက်သားကင်ဆယ။

12. Synovial sarcoma အဆစ်ဖုံးလွာကင်ဆာ။

ကင်ဆာမှန်သမျှ

၁။ စောစောသိအောင်လုပ်ရမယ်။

၂။ သိတာနဲ့ စနစ်တကျ ကုသရမယ်။

၃။ ပြန်ပြချိန်မှာ ပြရမယ်။

ဒေါက်တာတင့်ဆွေ


Comments

  1. Liposarcoma ကရော မျိုးဗဇလိုက်တတ်ပါသလားရှင့်

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ