Urinary Tract Infections in Children ကလေးဆီးလမ်းပိုးဝင်ခြင်း

(ကန်တော့)

၁။ ဆရာရှင့် ကျွန်မသမီး ၃နှစ်ရလရှိပါပြီ ခုတစ်လော (ခုတလော) ၅ ညလောက်ရှိပြီ ဆီးခုံအထက်နား (ကန်တော့ပါရှင့်) က နာတယ် နာတယ်ဆိုပြီး ငိုငိုနေလို့ပါ ကျွန်မလည်း ဆီးအောင့်တယ်ထင်လို့ ယပ်တောင်လေးနဲ့ခတ်ပေးတော့ သက်သာပြီးအိပ်ပါတယ် ဆရာရှင့် ကလေးကဆီးအောင့်တတ်သလား ဘာဆေးတွေလုပ်ဖို့လိုလဲ ဆရာ့ဆီက အကြံဥဏ်လေးတောင်းတာပါရှင့် ကလေးကအစပ်တွေလည်းစားပါတယ် ကျေးဇူးပြုပြီးဖြေပေးပါ ဆရာရှင့်

၂။ ဆရာရှင့် ကျွန်မသမီးလေးအသက် ၂လနှင့် ၁ဝရက်ပါ ဆီးမသွားခင် အရမ်းအော်ငိုပြီး ဆီးပူပါသည်။ ၁၅မိနစ်လောက်အော်ပြီးခြေထောက်ကော့ထိုးပါသည်။ ဘာဖြစ်တာလဲမသိလို့ပါဆရာ ပြီးလျှင် ဆီးသွားပြီး ငြိမ်သွားပါသည်။ ဆေးကုဖို့ လိုပါသလားဆရာ ဆောင်ရန် ရှောင်ရန်ညွှန်ကြားပေးပါဆရာ 

၃။ မင်္ဂလာနံနက်ခင်းပါဆရာ။ အသက် ၄၆ရက်၊ မိန်းကလေး၊ ကျွန်မရဲ့သမီးလေးက ဆီးသွားခါနီးတိုင်း စူးစူးဝါးဝါးအသံနဲ့ အော်တတ်ပါတယ် ။ ဆီးကတော့ တနေ့ကို ပျမ်းမျှ အကြိမ်၃၀ ထက်မနည်း သွားပါတယ်ဆရာ။ အခုချိန်အထိ မိခင်နို့တမျိုးတည်းကိုသာတိုက်ကျွေးပါတယ်။ သူ့အတွက်စိုးရိမ်ရပါသလားရှင့် နောက်ပြီး တနေ့ကို ၃ကြိမ်လောက် ကြို့ထိုးတတ်ပါတယ်။ ကုသနည်း နှင့် ဆောင်ရန် ၊ ရှောင်ရန် နည်းလမ်းများ ညွှန်ပြပေးပါရှင့်။ ကျေးဇူးတင်ပါသည်။ ဆရာကျန်းမာချမ်းသာပါစေ။

ကလေးဆီးလမ်းပိုးဝင်တာ အသင့်အတင့်အဖြစ်များတယ်။ ရိုးရိုးပိုးသေဆေးပေးတာနဲ့ ကောင်းတယ်။ ပြန်ပြန်ဖြစ်သူဆိုရင် ဆီးလမ်းကြောင်းမှာ ချို့ယွင်းချက် ရှိလေမလား စစ်ဆေးရမယ်။

ဆီးလမ်းကြောင်းဆိုတာ ဆီးထွက်ပြွန်နဲ့ ဆီးအိမ်တွေကို အောက်ပိုင်းနဲ့ ကျောက်ကပ်နဲ့ ဆီးဆင်းပြွန်တွေကို အထက်ပိုင်းလို့ ခွဲခြားလေ့လာရတယ်။ ဆီးအိမ်ရောင်တာကို Cystitis လို့ခေါ်ပြီ။ ကျောက်ကပ်ရောင်တာကို Pyelonephritis လို့ခေါ်တယ်။ ဗက်တီးရီးယားကနေ အများဆုံးဖြစ်စေတယ်။

ကလေးဆီးလမ်းပိုးဝင်ရင် ဆီးသွားတဲ့အခါ နာလို့ငိုမယ်။ ဆီးကို အမြန်သွားချင်မယ်။ ခဏခဏသွားမယ်။ ဆီးမထိန်းနိုင်ဖြစ်မယ်။ သွေးပါကောင်းပါမယ်။ ကိုယ်ပူတာ၊ ဗိုက်နာတာနဲ့ အန်တာတွေလည်း တွဲရှိနေတတ်တယ်။

ဆီးလမ်းကြောင်းရောဂါဆေးများ

၁။ Acute Cystitis and Acute Prostatitis ရက်တို ကျား-မ ဆီးလမ်း၊ ဆီးအိမ်ရောင်ခြင်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း၊

• Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်

• Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်

• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် (အစာနဲ့)၊ ၇ ရက်၊ ဒါမှမဟုတ်

• Ofloxacin 200 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်

• Trimethoprim-Sulfamethoxazole 160/800 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။ (တလခွဲအောက်ကလေး မပေးသင့်။)

၂။ Urethritis ဆီးလမ်းပြွန်အဝ ရောင်ခြင်း

• Cefixime 400 mg တကြိမ်။ သို့ Ciprofloxacin 500 mg တကြိမ်။ သို့

• Ceftriaxone 250 mg IM တကြိမ်။

၃။ Urethritis and Cervicitis caused by Chlamydia လိင်ကတဆင့်ကူးစက်တဲ့ ကယ်လ်မိုင်ဒီယားကြောင့်ဖြစ်သော သားအိမ်အဝ-ဆီးပြွန်အဝ ရောင်ခြင်း

• Azithromycin 1 g ၁ ကြိမ်။ (သို့)

• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။ (သို့)

• Erythromycin base 500 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ (သို့)

• Erythromycin ethylsuccinate 800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ (သို့)

• Levofloxacin 500 mg orally တနေ့ ၁ ကြိမ်၊ ၇ ရက်။ (သို့)

• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။

၄။ Acute Pylonephritis ကျောက်ကပ်ပြွန် ရက်တိုရောင်ခြင်း၊

• Ciprofloxacin 400 mg IV BD or 750 mg တနေ့ ၂ ကြိမ်၊ (သို့)

• Levofloxacin 500 mg IV တနေ့ ၁ ကြိမ်၊ (သို့)

• Ampicillin 1 Gm တနေ့ ၄ ကြိမ်၊ + Gentamycin 1 mg/kg TDS IV တနေ့ ၃ ကြိမ်၊ ၂၁ ရက်။(သို့)

• Ciprofloxacin 500-750 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (သို့)

• Ofloxacin 200-300-400 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (သို့)

• Trimethoprim-Sulpfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (တလခွဲအောက်ကလေး မပေးသင့်။)

၅။ Chronic Prostatitis နာတာရှည် ဆီးလမ်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း

• Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။

• Ofloxacin 200-400 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။

• Trimethoprim-Sulfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။ (တလခွဲအောက်ကလေး မပေးသင့်။)

၆။ Acute Interstitial Nephritis (Penicillins, Cephalosporins, Sulfonamides, NSAIDs, Rifampin, Phenytoin, Allopurinol) ဆေးများကြောင့် ကျောက်ကပ်ရောင်ခြင်းများ

• Methylprednisolone 0.5-1 Gm/day x ၁-၄ ရက်။ သို့ Prednisolone 60 mg/day ၁-၂ ပတ်။

ရောဂါအကြောင်းနဲ့ ကုသနည်းသာရေးပါတယ်။ မမြင်ရ မစမ်းရသူကို အဝေးကနေ ဆေးမကုအပ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

  1. ကျေးဇူးကြီးပါတယ်ဆရာ
    ဆေးစာတွေဖက်ရတာ.ပညာတွေ
    အများကြီးရပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ