အစိတ်သား အဝက်သား

တင်ထားတာတခု ဖတ်ရတယ်။ မုံရွာက။ ပေါ်ဦးပေါ်ဖျား တမာရွက်နုနုထွတ်ထွတ်လေးတွေရမယ်ရှင့် ခရမ်းချဥ်သီးငါးပိချက်နဲ့ဆိုကောင်းမှကောင်း 25 သား 4000 အဝက်သား 2000 တဲ့။ စားကောင်းမယ်။

မနေ့က အစိတ်သားရဲ့ တန်ဘိုးစာလေး ထပ်တယ်တယ်။ 

၂၅ ဆိုတိုင်းတော့ အစိတ်သား မဟုတ်ပါ။ ၁၀၀ ကို ၄ ပုံပုံပြီး ၁ ပုံကိုတော့ အစိတ် (တမတ်) မှန်တယ်။ 

အဝက်သားဆိုတာ အစိတ်သားရဲ့ တဝက်။ ၁ ပိဿာမှာ ၁၀၀ ကျပ်သားရှိတော့ တဝက်ဆိုတာ ၅၀ သား၊ အစိတ်သား = ၂၅ ကျပ်သား (တမတ်) သား။ အဝက်သား = ၁၂ ကျပ်ခွဲသား။

၁ နာရီမှာ မိနစ် ၆၀ ရှိတော့ ၁၅ မိနစ်ကသာ အစိတ်သား ခေါ် နာရီတမတ်နဲ့ ညီတယ်။

လွှတ်တော်မှာ တမတ်သားဆိုတာ တက်ရောက်ခွင့်ရှိသူအားလုံးရဲ့ လေးပုံတပုံကို တွက်ယူရတယ်။ ဥပမာ အမတ် ၂၀၀ ထဲမှာ တမတ်သားဆိုတာ ၅၀ ယောက်။

အခုတင်ပြတာက ဂဏန်းနဲ့ တန်ဘိုး။ အရပ်စကားမှာ တစိတ်ဆိုတာ လေးပုံတပုံ ဟုတ်ချင်မှ ဟုတ်တယ်။ 

ဥပမာ ဖရဲသီးကို ထက်ခြမ်း (တဝက်ခွဲ)၊ ထက်ခြမ်းခွဲထားတာကို ထပ်ပြီး တဝက်တိတိခွဲတာကို တစိတ် ခေါ်တယ်။ ပါးစပ်နဲ့ တလုပ်စာအနေတော်လေးတွေ ထပ်စိတ်ထားတာကိုလည်း တစိတ်လို့ဘဲ ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ


Comments

  1. ဆရာ၊ မင်္ဂလာပါ ခင်ဗျာ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတချို့ ဆရာ့အီးမေလ်ကို ပို့ပြီး မေးထားပါတယ် ခင်ဗျာ။ ခွင့်ပြုပါ ဆရာ။ ဆရာအချိန်ရရင် ကရုဏာထားပြီး ဖြေပေးပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့မေးခွန်းမှာ အမှားအယွင်းတစုံတရာရှိလည်း စိတ်မရှိပါနဲ့ခင်ဗျာ။

    ReplyDelete

Post a Comment

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ