ကချေသည် နှင့် ကခြေသည်

နိုင်ငံခြားရောက်နေပေမဲ့ မြန်မာအကကိုမြတ်နိုးတဲ့ အမတယောက်က ဒီသီချင်းလေးနဲ့ ကချင်ပါတယ်လို့ပြောထားတာ ခုမှသင်ပေးဖြစ် -

https://www.facebook.com/watch?v=455774902920101

ပို့စ်တခုက တယောက်ရေးတာ သတ်ပုံမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ကချေသည် နဲ့ ကခြေသည် မူကွဲသတ်ပုံတွေဖြစ်ပါတယ်။

ကခြေသည်ဆိုတာ ယရစ်ဖြင့် ရေးရတာလားခင်ဗျ။ ယပင့်နဲ့ ရေးတာပဲ တွေ့ဖူးလို့ပါ။ အဓိပ္ပါယ်နှင့် စာလုံးပေါင်း အမှန်ကို သိတယ်ဆိုလျှင် ရှင်းပြပေးပါဆရာ။

အရင်ထုတ် သတ်ပုံစာအုပ်တခုမှာ ကခြေသည်နဲ့ နောက်တခုမှာ ကချေသည်လို့ ပေါင်းထားတာတွေ့ပါတယ်။ နောက်ထုတ် စာအုပ်တွေမှာ ကချေသည်လို့ ပေါင်းတာတွေ့ရတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ကခြေသည်လို့ပေါင်းပါတယ်။

တပင်တိုင်သတ်ပုံကိုပါ တင်ပြပါတယ်။ ကျွန်တော်တို့မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကခြေသည်နှင့် အခြားကဗျာများစာအုပ်နဲ့ အမျိုးသားစာပေဆုရပါတယ်။

ကျွန်တော်တို့ကို အထက်တန်းမှာ မြန်မာစာကို ဘုတလင်ချစ်လေးကသင်ပေးပါတယ်။ ဆရာ့ရေးဖွဲ့တဲ့ ကချေသည်နှင့် အခြားကဗျာများက အမျိုးသားစာပေဆုရတယ်။ ဆရာ့ကဗျာကို စန္ဒရားအောင်ခင်ကနေ သီချင်းဖွဲ့ပြီး၊ ဒေါ်မေစီက ဆိုပါတယ်။ ကချေသည်သီချင်းစာသားထဲမှာ -

တခါတရံဝယ် မုန်းသူကိုလည်းချစ်ဟန်ဖွဲ့ရတယ်၊ တခါတရံဝယ် ချစ်တဲ့သူလည်း မုန်းမာန်ဖွဲ့ရတယ် ့့့

ဘုတလင်ချစ်လေးကဗျာကို စန္ဒရားအောင်ခင်ရေးပြီး ဒေါ်မေစီဆိုတဲ့ ကချေသည်သီချင်း https://www.youtube.com/watch?v=Fg6GHf9fK84

မြို့မငြိမ်းရေးပြီး၊ ခေတ္တရာတမာချိုဆိုတဲ့ ကချေသည်သီချင်းစာသားကတမျိုးဖြစ်ပါတယ်။

မြို့မငြိမ်းရေး၊ ခေတ္တရာတမာချိုဆိုတဲ့ ကချေသည်သီချင်း https://www.youtube.com/watch?v=AHDALh_TPPo

https://300tube.com/watch?v=Fg6GHf9fK84

ခုခေတ်မှာ (တစ်ခါတစ်ရံ) တဲ့။ အဲတာ မဆိုတတ်တဲ့ အဆိုတော်။ (တစ်ပင်တိုင်) တဲ့။ အဲတာ မကတတ်တဲ့မင်းသမီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ