Corn ပြောင်းဖူးစားနည်း
ဆရာ့မေးတာကို ကျွန်တော့်ဆရာကတော်ကိုမေးပြီး ရေးပါရစေ။
ပြောင်းဖူးမှုံ့ကို ဂျုံနဲ့လုပ်တဲ့အစာတွေလုပ်သလို သုံးပါတယ်။ ရိုတီး (အိုးကင်းပူတိုက်)၊ ပူရီ (ဆီနည်းနည်းနဲ့ကျော်)၊ ပလာတာ (ပရာထာ)။
ပြောင်းဖူးမှုံ့ + ဂျုံမှုံ့ + ဆန်မှုံ့ + ဘာလီမှုံ့ + ဆတ်မှုံ့ ဆတူရောပြီး ‘ပရက်ရှာကွတ်ကာ’ ထဲမှာ ပြုတ်တယ်။ အမှန်က အမှုံမဖြစ်သေးတဲ့အရွယ်အစား၊ ‘ဂရင်ညူးလ်’ အဆင့်ဖြစ်တယ်။ အသီးတမျိုးမျိုး၊ အစေ့အဆံတမျိုးမျိုးနဲ့ ရောစားကြတယ်။
‘ကွန်းဖလိပ်’ ပြောင်းဖူးမှုံ့ကိုတော့ မနက်စာအဖြစ် နွားနို့နဲ့ရောပြီးစားသောက်တယ်။ အဲတာကတော့ အနောက်နိုင်ငံတိုင်းမှာ ‘ဘရိတ်ဖတ်စ်’ ဖြစ်တယ်။ ဟော်တယ်တိုင်းမှာလဲ အဲတာရတယ်။ ပုံစံ၊ အရောင်အသွေး၊ အရွယ်မျိုးစုံနဲ့လုပ်တယ်။
ကလေးတွေအတွက်ဖြည့်စွက်စာကိုလဲ Rice cereal, Oatmeal cereal, Barley cereal အမှုံ့စုံနဲ့လုပ်တယ်။
ပြောင်းဖူးမှာတော့ ထွက်တဲ့နယ်အလိုက် ကောင်းတာနဲ့ ပိုကောင်တာမတူကြပါ။ အိန္ဒိယ-မြန်မာနယ်စပ်ကနေ မှာရတယ်။ ‘မီဇိုရမ်’ ကလာတဲ့ပြောင်းဖူးထက် ‘မဏီပူ’ နယ်စပ်ကလာတာက ပိုကောင်းတယ်။ ‘ဇိုမီး’ တွေ လုပ်တာက ပြောင်းဖူးကို ကြပ်တင်လိုက်သေးတယ်။ မြန်မာပြည်မှာ ယောပြောင်းဖူးက စေးနေပြီး ကောင်းတယ်။
ကျွန်တော့် ဒုတိယမြေးတောင် နယ်စပ်ပြောင်းဖူးက ဒေလီမှာဝယ်ရတာထက် ပိုကောင်းတာသိတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment