Anti Emetics အအန်ပျောက်ဆေးများ
၁။ ဓါတ်စကင်တဲ့နေ့မှာ အရမ်းအန်တယ် ဒီနေ့လဲ အရမ်းအန်တယ် အအန်ပျောက်ဆေးသောက်လဲမရဘူး ဘယ်လိုလုပ်ရင် အအန်သက်သာလဲရှင်
အဲဒါက ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ မေးလို့ဖြေထာတာရှိတယ်။
၂။ သမီး အမေကခုမှ ဆေးစသွင်းတာပါ ဆေးသွင်းပြီးနောက်နေ့မှာ အန်ပြီး ဘာမှစားမရပါဘူး သွင်းဖူးတဲ့သူတွေရောအက်လိုဖြစ်လားရှင့် ဖြေပေးကြပါဦးနော်
၃။ ကင်ဆာဆေးသွင်းပြီးကြို့ထိုးနေလို့ပါ ၄ရက်မြောက်ရှိပါပြီ မသက်သာဘဲပိုထိုးလာပါတယ် ကြို့ထိုးပျောက်ဆေးသောက်လို့ရပါသလားရှင် ပြနေတဲ့ dr ကတော့ Ansetron 4 (Ondansetron) ဒိီဆေးကဒ်လေးပေးပါတယ် ဆေးကဒ်လေးက ဘာအတွက်သောက်ရတဲ့ဆေးလေးဖြစ်ပါသလဲရှင် ကျေးဇူးပြုပြီးဖြေပေးစေချင်ပါတယ်ရှင်
ပျို့တာအန်တာ ပျောက်ဆေးဖြစ်တယ်။ လျှာပေါ်မှာ တင်ထားရတယ်။ သောက်ဆေး မဟုတ်ပါ။ ဆေးအလေးချိန်ကို စမ်သပ်ကုသပေးတဲ့ ဆရာဝန်ညွှန်တဲ့အတိုင်း သုံးရပါမယ်။
ကင်ဆာအတွက်ပေးရသည့် ဆေးများကြောင့်အန်ခြင်း
• Serotonin antagonists (5HT3) (Dolasteron, Granisetron, Ondansetron) စားဆေး၊ ကပ်ဆေး၊ ထိုးဆေး၊
• Dexamethasone စတီရွိုက်ဆေး၊ ရောင်ခြင်း-နီမြန်းခြင်း၊ အလာဂျီဖြစ်ခြင်း၊ ပန်းနာ၊ ကင်ဆာတို့အတွက် သုံးသည့်ဆေး။
• Aprepitant ကင်ဆာအတွက်ပေးသည့်ဆေးကြောင့် အန်ခြင်းအတွက် ၁ နာရီကြိုပေးရသည်။
• Nabilone တနေ့ ၂-၃ကြိမ်၊ အစာနှင့်နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ပေးနိုင်သည်။
Anti Emetics အအန်ပျောက်ဆေးများ https://dr-tint-swe.blogspot.com/2021/04/anti-emetics.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment