Our Language Root မြန်မာစာသည် ခါး၏

မြန်မာဘာသာစကားဟာ သက်တမ်းရှည်ပြီ။ စောစောပိုင်းကာလတွေမှ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ဥရောပနိုင်ငံတွေနဲ့ ဆက်သွယ်မှုတွေရှိခဲ့လို့ ပင်မမြန်မာစကားထဲမှာ ရောနှောမှုတွေရှိခဲ့ပါတယ်။ ပါဠိနဲ့ သက္ကတပါရောနှောလာတယ်။ မြန်မာဘာသာစကားဟာ တိဘက်တိုဘာမင်း အုပ်စုထဲကလို့ သတ်မှတ်ထားတယ်။ အဲတာက ဆိုင်နို-တိဘက် ဘာသာစကားမိသားစုထဲကဖြစ်တယ်။ သက်တမ်း နှစ်ပေါင်း ၁၁ဝဝဝ ရှိပြီလို့ဆိုပါတယ်။ ၁၁ ရာစုထဲမှာရေးသားခဲ့တာကို မှတ်တမ်းကောင်းကောင်း ရရှိထားတယ်။ ပျူဘာသာစကားက ၉ ရာစုကတည်းက ဖြစ်တယ်။ 

ကနေ့ မြန်မာဘာသာစကားကို ပြောဆို ရေးသားနေသူပေါင်း ၅၂ သန်းလို့ခန့်မှန်းပါတယ်။ ပြည်တွင်းထဲမှာသာမက ပြည်ပ နိုင်ငံတွေမှာလည်း သိသာတဲ့အရေအတွက်ရှိတယ်။ ကိုယ်စာကိုယ် ထိန်းကြရတယ်။ တိုးတက်စည်ပင်အောင် လုပ်ရတယ်။ ပွါးများကျယ်ပြန့်အောင်လည်း ကိုယ်တိုင်သာလုပ်ရပါတယ်။ 

တမာ ခွေးတောက်၊ မြစ်လျှောက်ရောယှက်၊ တူနှောဖက်က။ သရက်ချိုမြ ဗန္ဓရလျှင်၊ ကွယ်ပအပြီး၊ အခါးသီး၏။ မြန်မာစာမှာလည်း ခါးတဲ့အမြစ်တွယ်နေတာ နှစ်တွေကြာလို့ သတ်ပုံမှန်ကို တင်ပြတာကို အမှန်လို့ မထင်ကြတော့ပါ။ စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ 

ဒေါက်တာတင့်ဆွေ

၃၁-၁-၂၀၁၈

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ