Primary Complex ကလေးတီဘီ
၁။ ဆရာရှင့် ကျေးဇူးပြ၍ ဖြေပေးပါလားရှင့် ကလေးလည်ပင်းနှစ်ဖက်မှာ အကျိတ်လေး သေးသေးထွက်နေတာ ဆေးခန်းပြတော့ ဓါတ်မှန်နဲ့ သွေးစစ်ခိုင်းတယ်ရှင့် အဖြေရလာတော့ သွေးအဖြေကောင်းတယ်တဲ့ ပြီးတော့ ဓါတ်မှန်ကျတော့ TB လက္ခဏာရှိတယ်တဲ့ ပြီးတော့ ဒီတိုင်းပြန်လွတ်လိုက်တယ် ကလေးက ဖျားရင် အကျိတ်ပိုကြီးလာရင် ချောင်းဆိုးခဲ့မယ်ဆိုရင် TB ဆေးပေးမယ်တဲ့ ဒီမတိုင်ခင် ရပ်ကွက်ဆေးခန်းပြတော့ ခုပြောတဲ့ဆေးတွေကို သောက်ထားတယ်ရှင့် ဆေးသောက်ပြီးမပျောက်တော့ စိတ်မချလို့ ကလေးအထူးကုနဲ့ ဒီဆေးတွေသောက်ပြီး ၇ ရက်အကြာမှာပြန်ပြတယ် သောက်ခဲ့ရတဲ့ဆေးတွေက Vitamin C 100mg Trimethoprim 40mg and Sulfmethoxazole200mg paracetamol 250mg metronidazole 200mg ကို 5ml စီ တနေ့ ၂ကြိမ် ၅ရက်သောက်ထားပြီး မပျောက်တော့ Ibuprofen 100mgနဲ့ metronidazole 200mg ကို တနေ့ ၃ကြိမ် ၂ရက်သောက်ခိုင်းတယ်
သားသားက ၄ နှစ် ခွဲပါ ငယ်ငယ်က အသက်ရှုကြပ်လို့ salbutamol 200mgကို ၈ နာရီခြား ရှုခဲ့ရတယ်
၂။ ခလေးက ၂နှစ်ခွဲပါ ခလေး TB ဖြစ်နေလို Tb ဆေးမတိုက်ပဲနဲ့ တချား (တခြား) အားဆေးနဲ့ ကုလိုရလား ဆရာ
၃။ မင်္ဂလာပါဆရာရှင့် ကျွန်မကိုကူညီပေးပါဆရာ။ ကျွန်မသားလေး ၁နှစ်ပြည့်ပါပြီ။ ပေါင်ချိန်က ၁၆ ပေါင်နှင့် ၁၈ ပေါင်ကြား ကျလိုက်တက်လိုက်ပါဆရာ။ သုံးလလောက်တော့ ဆက်တိုက် တခါဆီဆေးခန်းသွားရတယ်ဆရာ။ ဒီလတော့ ၂ ခါ ပြန်ဖျားတယ်ဆရာ။ ကလေးဆရာဝန်က တီဘီစစ်ခိုင်းလို့ စစ်ကြည့်လိုက်တာ P complex ပါ ဒီနေ့အဖြေရပါတယ်ဆရာ။ ဆရာမက မနက်ဖြန် ၂၆ ဇူလိုင်ကစပြီးဆေးသောက်ခိုင်းပါတယ်ဆရာ။ ကျွန်မစိုးရိမ်လို့ပါဆရာ။ ဓာတ်မှန်တခုတည်းနဲ့ ဆေးတိုက်ရမှာ တကယ်လို့များ အဖြေမှားသွားတာတွေလည်းကြားဖူးထားလို့ပါ။ ကျွန်မမှာလည်းရောဂါရှိနေတော့ ကလေးရဖို့မသေချာတော့လို့ပါဆရာ။ သားလေးတယောက်တည်းမို့ပါဆရာ။ တခြားဘာတွေများ ထပ်လုပ်နိုင်မလဲ သိချင်လို့ပါဆရာ။ X ray အဖြေလေးပါ ထည့်ပးလိုက်ပါတယ်။ ဆရာ့အကူအညီ လိုအပ်လို့ပါဆရာ။ ကျန်းမာပါစေဆရာ။
တီဘီကို ကလေး + လူကြီး သံသယရှိတာနဲ့ ဆေးပေးပါတယ်။ ယူအက်စ်အေမှာဆို ပိုသတိကြီးတယ်။ ဆေးစနစ်တကျ သောက်ရင် ပျောက်တယ်။ ဆေးမကုရင်၊ စနစ်တကျမသောက်ရင် ဆေးယဉ်တီဘီဖြစ်တတ်တယ်။ ရောဂါအကြောင်း + ဆေးအကြောင်း ဘလော့မှာ ရေးထားတယ်။
၄။ ကလေးတီဘီအကြောင်းလေးရှင်းပြပေးပါဆရာ ခင်ဗျား။
၅။ ကလေးတီဘီအကြောင်းလေးပြောပေးပါအုံးဆရာရယ်။
၆။ ဆရာရှင့် ကလေးတီဘီရောဂါ လက္ခဏာလေးတွေ သိချင်ပါတယ်ရှင့်။ အကျယ်တဝင့် ဘယ်မှာ လေ့လာလို့ရနိုင်မလဲ လမ်းညွှန်ပေးပါ ဆရာရှင့်။
၇။ ဆရာရေသမီးလေးက TB ဖြစ်နေတာ ဆေးသောက်တာ သုံးလကျော်ပြီ။ ခြောက်လအထိ နေ့တိုင်း မပျက်မကွက် သောက်ရမယ်တဲ့။ ဟုတ်ပါသလား။ ကလေးက ၁ နှစ်ခြောက်မှာ စသောက်ရတာပါ။
၈။ ကျွန်မ ကလေးက အသက် ၄ နှစ် ၈ လ၊ ပေါင်ချိန်က 12.5 kg ပါ။ အခု ဆေးတွေက Rifampicin 100 mg + Isoniazid 100 mg tablet ကို တလုံးတစိတ် သောက်ခိုင်းပါတယ်။ Pyrazinamide 500 mg ကို တခြမ်းချိုး တိုက်ခိုင်းပါတယ်။ ကလေးအသက်နဲ့ ကိုယ်အလေးချိန်အလိုက် တိုက်ရတယ်လို့ သိရပါတယ် ဆရာရှင့်။ အခုအတိုင်း တိုက်လို့ရလားရှင့်။ ဆေးအတိအကျမတိုက်ပဲ (ရက်နည်းရင် ဆေးနည်းရင်) မကောင်းဘူးဆိုလို့ပါရှင်။ ကျွန်မ စိတ်ပူလို့ပါရှင့်။
၉။ X-ray အဖြေလေး သိလို့ရမလားဆရာ။ အသက်က ၁နှစ် ရလ ယောကျ်ားလေးပါ။
• ကလေးတီဘီ။
• အန္တရာယ်ရှိပါသလား ဆရာ။ တီဘီဆေးတိုက်ရင်ရော ဘေးထွက်ဆိုးကျိုးများလားဆရာ။
• ဆရာဝန်ကညွှန်ရင် တိုက်ကိုတိုက်ရမယ်။ ၆ လထက်မကြာပါ။ တိတိကျကျတိုက်ရတယ်။ မဟုတ်ရင် ဆေးယဉ်တီဘီ ဆိုရင်တော့ ဆေးစျေးလည်းကြီး၊ ဆေးလည်းရှား၊ ထိရောက်မှုလည်း မကောင်းပါ။ ဆေးတိုင်းမှာ အားဆေးကအစ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။
• ဟုတ်ကဲ့ပါဆရာ။ ဉာဏ်ရည်တွေဘာတွေရော ထိခိုက်နိုင်လားဆရာ။
တီဘီဆိုတာ ဘယ်နေရာ (အဆုပ်၊ အရိုး၊ အူ၊ တခြားနေရာ) မှာဖြစ်ဖြစ်၊ ဘယ်အရွယ် (လူကြီး၊ ကလေး) မှာဖြစ်ဖြစ် Mycobacterium tuberculosis ပိုးကနေဖြစ်စေတယ်။ လေထဲကနေ ကူးစက်ခံရလို့ဖြစ်တယ်။ ကလေးတီဘီဖြစ်နေရင် ဒါတွေရှိနေမယ်။ အလေးချိန် တိုးသင့်သလောက်မတိုးတာ။ အစားပျက်တာ။ လည်ပင်းနားမှာ တက်စေ့လေးတွေ ကြီးနေတာ။
အရေပြားစမ်းနည်းနဲ့ ရင်ပတ်ဓါတ်မှန်နဲ့ရောဂါကိုသိမယ်။ Tuberculin skin test (Mantoux test or PPD test) အရေပြားစမ်းတဲ့အခါ ဆေးထိုးပေးရာမှာ ယားမယ်။ နည်းနည်း ဖေါင်းလာမယ်။ အရွယ်အစားကြီးလာမယ်။ ၂ဝ% မှာ မပြပဲနေတာတွေ့ရတယ်။ BCG မွေးစတုံးက ကာကွယ်ဆေးထိုးထားလို့ မှားပြီး အပေါင်းပြတာလည်း ရှိနိုင်တယ်။ ဒီကာကွယ်ဆေးက အဓိကဦးနှောက်တီဘီဖြစ်မှာကို ကာကွယ်တယ်။
၂ဝ၁ဝ WHO ကလေးတီဘီအတွက် ဆေးအလေးချိန်သတ်မှတ်ချက်
Isoniazid 10mg/kg (range 10-15 mg/kg); maximum dose 300 mg/day
Rifampicin 15mg/kg (range 10-20 mg/kg); maximum dose 600 mg/day
Pyrazinamide 35mg/kg (30-40) mg/kg)
Ethambutol 20mg/kg (15-25 mg/kg)
အလေးချိန် 25kg ကအထက် လူကြီးတွေလိုတိုက်နိင်တယ်။
Kidz Kit 3 ဆေးထဲမှာ ဒီဆေးတွေပါတယ်။
2 – 120mL bottles of Zcure (Pyrazinamide) 250mg per 5mL suspension - Each 5mL of Zcure suspension contains 250mg pyrazinamide
1 – 120mL bottle of Natricin (Rifampicin) Forte 200mg per 5mL suspension - Each 5mL of Natricin Forte suspension contains 200mg rifampicin
1 – 120mL bottle of Curazid (Isoniazid) Forte 200mg/10 mg per 5mL syrup - Each 5mL of Curazid forte syrup contains 200mg isoniazid and 10mg pyridoxine hydrochloride (Vitamin B6)
ဆေးတိုက်နည်း
• အိပ်ရာထ အစာမကျွေးမီ = Rifampicin တိုက်ပါ။
• နောက်နာရီဝက်မှာ = Isoniazid တိုက်ပါ။
• နောက်နာရီဝက် = မနက်စာကျွေးပါ။
• နေ့ခင်း = Pyrazinamide တိုက်ပါ။
ဆေးတိုက်ချိန် (၆) လတိတိကြာမယ်။ Primary Complex ကသူများတွေကို မကူးစက်ပါ။ ဆေးတိုင်းမှာ ဘေးထွက် ဆိုးကျိုးရှိတယ်။ တီဘီဆေးတွေက ဆိုကျိုးတွေက မဆိုးပါ။ ဆေးစနစ်တကျမတိုက်ရင် (ရက်နည်းရင်၊ ဆေးနည်းရင်) တီဘီပိုးတွေမသေတာနဲ့ ဆေးယဉ်တာဖြစ်စေမယ်။ အဲလိုဖြစ်တရင်တော့ ဒုတိယတန်းစားဆေးတွေက ဆေးဝယ်ရ ခက်တယ်။ ဆေးစျေးကြီးတယ်။ ပဌမတန်းစားဆေးတွေလောက် ထိရောက်မှုမကောင်းပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment