တဖွဖွပြောသည်

မြန်မာတို့သည် ဂါထာမန္တာန် မန်းမှုတ်သောအခါ သက္ကတဂါထာ မန္တာန်များတွင် အစ၌ (ဥုံ) ဟူသော အသံနှင့် (ဖွ) ဟူသော အသံကို အာဏာစက်ရှိစေရန် ပြင်းပြင်ဒထန်ထန် မန်းမှုတ်လေ့ရှိကြသည်။ ထို့ကြောင့် ဂါထာအကြိမ်ကြိမ် အထပ်ထပ် ရွတ်ဆိုသည်ကို ပမာပြု၍ (ဥုံတလဲလဲ ဖွတလဲလဲ) ဟူ၍ ဥုံ နှင့် ဖွ ကို တပြန်စီ ရွတ်ဆိုသကဲ့သို့ အဖန်ဖန်ပြောဆိုခြင်းကို တင်စား၍လည်း သုံးစွဲပြောဆိုကြသည်။ ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာဟူသော အနက်ရ၏။ အစ သေဝပ်ငြိမ်သက်ပြီးကိစ္စကို ပြန်၍ ပွအောင် ဖွကာ၊ ဖွကာ လှုံ့ဆွဖော်ထုတ် ပြောဆိုခြင်းဟူ၍ အချို့ယူဆကြသည်။

(လှသမိန်ရေးသားသည့် မြန်မာ့ဘန်းစကားများစာအုပ်)

ခုခေတ် (ရုပ်ဆိုးသမိန်) တွေကတော့ (တစ်)ဖွဖွ တဲ့။ (တစ်) ပြန်စီ တဲ့။ ဥုံ(တစ်)လဲလဲ ဖွ(တစ်)လဲလဲ တဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ