Drooling သွားရည်ကျခြင်း

၁။ ဆရာခင်ဗျာ။ ကျနော် ညဘက်အိပ်ရင် သွားရည်များလည်းထိမ်းမရအောင်ကျတတ်ပါသည်။ လည်ချောင်းထဲသို့လည်း ပူစပ်ပူလောင်အရည်များ ဝမ်းထဲမှဆန်တက်ကာ တရေးနိုးရပါသည်။ လည်ချောင်းထဲမှာ ထိုအရည်များဆန်တက်သောအခါ မချိမဆန့်ခံစားရပါသည်။ စိုးရိမ်ရပါသလား ဆရာ။ ဘယ်သို့ဘယ်ပုံ ဘယ်လိုနေထိုင်စားသောက်ရမည်လဲ။ ဆေးသောက်လို့ရပါသလား။ သောက်ဆေးရှိပါသလား ဆရာ။ ပြနေတဲ့ဆရာလေးက အစာအိမ်အချဉ်ပြန်ရောဂါဟုပြောပါသည်။ မည်သို့နေထိုင်စားသောက်ရမည်ကို ညွှန်ပြပေးပါခင်ဗျာ။
၂။ မဂ်လာပါဆရာ။ ညဘက်အိပ်တဲ့အခါ သွားရည် (ဝါ) အာပုတ်ရည်တွေအလိုအလျောက်ကျတဲ့ပြသနာ(ပြဿနာ)ရှိလို့ပါဆရာ။ အဲ့ဒီအာပုတ်(အာပုပ်)ရည်ကျရင်လည်း အလိုအလျောက် လန့်လန့်နိုးတတ်ပါတယ်ပါတယ်ဆရာ။ အရင်ကမဖြစ်ဘူးပေမဲ့အခုဖြစ်တာ တစ်နှစ်(တနှစ်)လောက်ရှိပါပြီဆရာ။ အဲဒါ ဘယ်လိုပြင်ဆင်နေထိုင် စားသောက်ရမလဲသိပါရစေဆရာ။ ဘာကြောင့်လဲသိပါရစေဆရာ။
လူတိုင်းမှာ သွားရည်ရှိတယ်။ ကျတယ်။ ထိန်းနိုင်တယ်။ တကယ်လို့ နေမကောင်းတဲ့အချိန်၊ အိပ်နေချိန်တွေမှာ မကျစေလိုဘဲ သွားရည်ကျတာမျိုးလည်းရှိတယ်။ ထိန်းတဲ့စနစ်အားနည်းတာနဲ့ သွားရည်က ထွက်သင့်တာထက် ပိုထွက်လို့ဖြစ်တယ်။
သွားရည်ထွက်တဲ့ (ဂလင်း) ခေါ် အိတ်လေးတွေရှိတယ်။ ၃ စုံ၊ ၆ ခုစီရှိတယ်။ ပါးစပ်အောက်ခြေ၊ ပါးနဲ့ သွားတွေနားမှာ။ နေကောင်းသူ လူကြီးတယောက်ကမှာ တနေ့ကို သွားရည်စုစုပေါင်း ၂ ကနေ ၄ ပိုင့် ထွက်တယ်။
ကလေးငယ်လေးတွေ သွားရည်ကျတာက ပုံမှန်သာဖြစ်တယ်။ အထိန်းစနစ်အားမကောင်းသေးလို့။ တနှစ်ခွဲ ၂ နှစ်နေ ပုံမှန်ဖြစ်လာမယ်။ တချို့ကလေးတွေက နှေးတယ်။ လူကြီးတွေ အိပ်ပျော်နေတုန်းမှာ သွားရည်ကျတာလည်း ပုံမှန်သာဖြစ်ပါတယ်။ ဆေးမလိုပါ။ တချို့ဆေးတွေက သွားရည်များစေတယ်။ တချို့က အာခေါင်ခြောက်စေတယ်။ တချို့အစားအစာတွေကြောင့်လည်း အနည်း အများဖြစ်တယ်။
အာရုံကြောရောဂါရှိရင်တော့ ရောဂါကြောင့်သွားရည်ကျမယ်။ cerebral palsy, Parkinson’s disease, amyotrophic lateral sclerosis (ALS) နဲ့ stroke (လေဖြတ်ခြင်း) ရောဂါတွေကြောင့် သွားရည်ကျမယ်။
acid reflux ခေါ် အစာအိမ်အရည်အထက်ဆန်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာလည်း ဖြစ်နိုင်တယ်။ တချို့ အလာဂျီ၊ ဦးခေါင်းနဲ့ လည်ပင်းပိုင်း ကင်ဆာ၊ အင်ဖက်ရှင် ခေါ် ပိုးဝင်ခြင်း၊ ဆိုင်းနပ်စ်ရောဂါတွေနဲ့လည်း ဆက်စပ်နိုင်တယ်။
အတော်များများက ဆေးကုသရန်မလိုပါ။ အခံရောဂါကြောင့် ဆက်ဖြစ်တာဆိုရင် အခံရောဂါကိုသာ အာရုံစိုက် ကုသရမယ်။ ကလေးတွေ ဆေးမလိုအပ်ပါ။
သွားရည်များလို့ အဝင်မှားသလို အသက်ရှူလမ်းဝင်တာ သတိထားရမယ်။ ဆိုးရင်တော့ အဆုတ်ထိရောက်ပြီး နူမိုးနီးယားအထိ ဖြစ်နိုင်တယ်။
ဆေးတချို့ပေးတယ်။
• Scopolamine (Transderm Scop) ဆေးကပ်ခွါ။ ၃ ရက်ထိကပ်ထားလို့ရတယ်။
• Glycopyrrolate (Robinul) စားဆေး၊ ထိုးဆေး။
• Atropine sulfate အစက်ချဆေး။
• Botox injections ထိုးဆေး။
Appliance or dental device ကရိယာထည့်ပေးနည်းကို လိုသူတွေအတွက်လုပ်ပေးတယ်။
Surgical treatment ခွဲစိတ်ကုသမှု။
GERD အချဉ်ရည် အထက်ဆန်ခြင်း https://dr-tint-swe.blogspot.com/2021/05/gerd.html
Pantoprazole နဲ့ Omeprazole ဆေး https://dr-tint-swe.blogspot.com/2021/09/pantoprazole-omeprazole.html
Omeprazole အိုမီပရာဇိုး https://dr-tint-swe.blogspot.com/2021/08/omeprazole.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ