ငစိန်နဲ့ မီးဒုန်းခေတ်
ပြည်သူ့ဆိုင်မှာတန်းစီဖူးသလား၊ သမဝါယမဆိုင်မှာတန်းစီဖူးသလား၊ ဆန်ဝယ်ဖို့တောင် စာအုပ်တွေကိုထပ် လူတွေ တန်းစီရမယ်။ ငစိန်၊ မီးဒုန်း၊ ဆင်းရဲသားတွေစားကြတယ်၊ ငကျွဲကစျေးကြီးမယ်။ လိပ်ပြာတောင်မှာ ခွဲတမ်းနဲ့ ဝယ်ဖူးသလား၊ ကုန်တိုက်မှာတန်းစီဖူးသလား၊ စျေးပေါပေါနဲ့ တဂါလံ ၁၈၀ ဆိုတာ ပြည်သူတွေငွေနဲ့ နားလှည့်ပါးရိုက်တဲ့ ဆိုရှယ်လစ်ရဲ့လှဲ့စားချက်၊ စသဖြင့်ရေးထားတာ ဖတ်ရတယ်။ ကျေးဇူး။
အဲတာ တကယ့်အဖြစ်အပျက်မှန်။ ၁၉၈၈ အထိကြာခဲ့တယ်။ ကျွန်တော်က အစကနေအဆုံးထိ ဖြတ်သန်းခဲ့ရတာ။ ကောလိပ်သွားမဲ့ ကျောင်းသားတွေ အဝတ်အစားခပ်သန့်သန့်ကို တဝတ်စာဝယ်ယူခွင့် တနှစ်မှာ တကြိမ်တိတိရကြတယ်။
တချို့က နောက်ကြောင်း မပြန်နဲ့ပြောတယ်။ တချို့က ပြီးပြီးသာတွေထားလိုက်တဲ့။ အရင်က မှန်ခဲ့တာတွေပါ ထားရမလို။
အဲဒီဆိုရှယ်လစ်ခေတ်မတိုင်ခင်က မြန်မာစာသတ်ပုံတွေကို ယူနီဖေါင်းဝတ်မခိုင်းပါ။ တရားမဝင်ကြေညာခံရတဲ့ ငွေစက္ကူတွေမှာ တကျပ်၊ တဆယ်ကျပ်၊ တရာကျပ်လို့ ရိုက်ထားတယ်။
သမိုင်းကို မသင်ချင်၊ မသိချင်တာဟာ အ,လို့။ တန်းစီတိုးစားစံနစ်ဖြစ်အောင်လုပ်ခဲ့သူတွေ လိမ်တာခံချင်ကြလို့။ အဲလိုလုပ်ခဲ့သူတွေဟာ ယူနီဖေါင်းဝတ်ထားကြတယ်။ တချို့က ချွတ်ထားသူတွေ။
တချို့က သင်္ကန်းဝတ်ထားပြီး အဲလိုလူတွေ အာဏာရရေးအတွက် တတပ်တအားပါဝင်ကူညီနေကြတယ်။
ကျွန်တော်တို့ငယ်စဉ်က ဆန်စက်တွေက မကောင်းသေးတော့ ဆန်ထဲမှာ စပါးလုံးတွေပါလို့ မချက်ခင် စပါးလုံးရွေးရတာက အလုပ်တခု။ အခုတော့ ဆန်ကောင်းထဲမှာ စပါးလုံးထပ်ထည့်သလို မြန်မာစာအသန့်ထဲကို သတ်ပုံမှားတွေ ရောထည့်ရေးတဲ့ခေတ်။ ရွှေစပါးလုံးမှတ်ပြီး မဟုတ်ထင်သူတွေက အဲလိုလိုက်ရေးနေကြတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment