Mevrin 135 Tablet ဆေး
ဒီဆေးကဘာရောဂါအတွက်သောက်တာလဲသိချင်လို့ပါ
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။
• Mevrin 135 အမည်ရင်းက Mebeverine (135mg) ဆေးဖြစ်တယ်။
• Colofac လို့လည်းရောင်းတယ်။ Duspatalin 135 mgလို့လည်းရောင်းတယ်။
• oral antispasmodic အမျိုးအစားဆေးဖြစ်တယ်။
• irritable bowel syndrome (IBS) ခေါ်ဝမ်းမငြိမ်ရောဂါအတွက် သုံးတယ်။
• အစာလမ်းမှာ ပုံမှန်ထက်လှုပ်ရှားမှုများလို့ နာတာရှည်ဝမ်းပျက်တဲ့ရောဂါအတွက်စားဆေးဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment