Helicobacter pylori (H. pylori) infection အစာအိမ်ပိုး စစ်ဆေးနည်းနှင့် ကုသနည်း

၁။ ဆရာရှင့် အနှောင့်အယှက်ဖြစ်စေရင် တောင်းပန်ပါတယ်  ရောဂါဇစ်မြစ်နဲ့ နောက်ဆက်တွဲတွေကိုသေချာသိချင်တဲ့ အကူအညီတောင်းတာပါဆရာ ၁၈ ရက်နေ့က အစာအိမှန်ပြောင်းကြည့်ထားတာပါ သမားတော် ( - ) နဲ့ ပြသထားတာပါ အစာအိမ်ထဲ  ပိုးရှိတယ် ပြောပါတယ် consultantion လုပ်တဲ့ အချိန်က နည်းတာရယ်   
ကိုယ်ကိုတိုင်က ဘာတွေမေးရမယ်ဆိုတာ မသိတာရယ်ကြောင့်  အသေးစိတ် နားမလည်းပါဘူး ဆရာ အချိန်ရလို့အဆင်ပြေမဟ်ဆိုရင်  ဘာကြောင့်  အစာအိမ်ပိုး၀င်ရလဲ နဲ့ နောက်ဆက်တွဲ ဆိုးကျိုး (ဖြစ်နိုင်တာတွေ) ကို အကြံပေးပါလို့  အကူအညီတောင်းပါတယ် လေးစားစွာဖြင့် 
၂။ ကလေးအသက် ကိုးနှစ်ရှစ်လ မိန်းကလေးပါ ချက်အပေါ် လက်နှစ်လုံးအကွာလောက်က အောင့်နေတာ တလလောက်ရှိပြီမလို့ ပထမတခေါက် ဆီးဝမ်းသွေး Ultrasound စစ်ကြည့်တဲ့အခါ အဖြေ အကုန်ကောင်းတယ်လို့ ပြောပါတယ် လေဆေးနဲ့ မသက်သာလို့ ထပ်ပြတဲ့အခါ H-pylori ပိုးကြောင့်လို့ ပြောပါတယ် Amoxicillin 250mg တရက် ၃ကြိမ် Metronidazole 200mg တရက် ၃ ကြိမ် Omeprazole 20mg တရက် ၂ ကြိမ် သုံးပတ်အကြာ သောက်ခိုင်းထားပါတယ် ဒုတိယအကြိမ် ဝမ်းထပ်စစ်လို့ အဖြေထွက်လာတဲ့အခါ H-pylori ပိုး negative လို့ အဖြေထွက်ပါတယ် ကျွန်မသိချင်တာ ဝမ်းအဖြေက negative လို့ ထွက်ပေမယ့် H-pylori လို့ ယူဆပြီးတော့ ဆေး သုံးပတ်သောက်ခိုင်းတာမျိုးလည်း ရှိတတ်ပါသလားရှင့် ဝမ်းစစ်ဆေးဖို့ပေးတဲ့အခါမှာ ကလေးက ဝမ်းမထွက်သောကြောင့် စအိုအတွင်းမှာ ကပ်နေတဲ့ ဝမ်းအစအနည်းငယ်ကိုသာ လက်ဖြင့်ယူ၍ ပေးခဲ့ပါတယ် ဘယ်လိုစစ်ဆေးမှုမျိုးက H-pylori ပိုးရှိမရှိ တိကျစွာသိရှိနိုင်ပါမလဲရှင့် ကလေးရဲ့ရောဂါလက္ခဏာတွေပြောပြဖို့ ကျန်ခဲ့လို့ပါဆရာ ချက်အကွာ လက်နှစ်လုံးအကွာလောက်ကနေ အောင့်တာပါ မခံမရပ်နိုင်အောင် အောင့်တာမျိုးမဟုတ်ပါ ဆော့နိုင် ကစားနိုင်ပါတယ် ညအိပ်ခါနီးနဲ့ မနက်အိပ်ရာနိုးတဲ့အချိန် ပိုအောင့်ပါတယ် နေ့ခင်းဘက် အအောင့်သက်သာပါတယ် ဗိုက်ဆာလာရင်လည်း အောင့်တယ်ပြောပါတယ် အနည်းငယ်ပျို့ချင်ပါတယ် မအန်ပါ ဝမ်းချုပ်ပါတယ် ဝမ်းသွားရင်လည်း အချွဲအနည်းငယ်ပါပါတယ်ရှင်
၃။ မင်္ဂလာပါဆရာရှင့် ဗဟုသုတအနေနဲ့မေးချင်လို့ပါရှင့် အစာအိမ်နဲ့အူလမ်းကြောင်း မှန်ပြောင်းကြည့်ပြီး အချိန်ဘယ်လောက်အကြာမှာ အစာစားလို့ရပါသလဲရှင့် ပိုးသတ်ဆေးသောက်နေဆဲမှာ ပရိုဘိုင်အိုတစ် သောက်လို့ရပါသလားရှင့် ကျေးဇူးပြု၍ ညွှန်ကြားပေးနိုင်ပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင့် အစာအိမ်မှန်ပြောင်း ကြည့်ပြီး အရောင်နဲ့ H. pylori ပိုးရှိ မရှိခွဲတာ အမှန်ထွက်ပါသလားရှင့် တချို့က အသားစယူပြီး တစ်ပတ်(တပတ်) ကြာမှ ပိုးရှိမရှိသိရပါတယ်လို့ နှစ်မျိုးကွဲနေလို့ပါရှင့် ကျေးဇူးပြု၍ ဖြေကြားပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။ 
ဓါတ်ခွဲခန်းကနေ အစာစားနိုင်တဲ့အချိန်ပြောပါလိမ့်မယ်။ Diagnosis အစာအိမ်ပိုး စစ်ဆေးနည်း အမျိုးမျိုးရှိတယ်။ gastric ulcer ခေါ် အစာအိမ်အနာ၊ gastritis ခေါ် အစာအိမ်ရောင်ခြင်းတို့ ရှိ မရှိ သိမယ်။
၁။ Stool tests ဝမ်းကိုစစ်ခြင်း
stool antigen test နဲ့ stool polymerase chain reaction (PCR) test လို့ ခေါ်တယ်။ Antibiotics ပဋိဇီဝဆေး ခေါ် ပိုးသေဆး၊ acid-suppressing drugs အက်စစ်နည်းဆေး proton pump inhibitors (PPIs) နဲ့ bismuth subsalicylate (Pepto-Bismol) ဆေးတွေသောက်ထားရင် စစ်ဆေးနည်းက မတိကျတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အဲလို ကုသဆေးသောက်ထားသူ ဆေးမသောက်ဘဲ ၂-၄ ပတ် နားထားပြီးမှ စစ်ဆေးရမယ်။
၂။ Breath test အသက်ရှူထုတ်တဲ့လေကို စစ်ဆေးနည်း
tagged carbon molecules ပါတဲ့ဆေးသောက်ပြီး စစ်တယ်။ Pylori breath test စစ်နည်းမှာ urea pill ဆေး သောက်ပြီး ထွက်လေကိုစစ်တာကို urea breath test လို့ ခေါ်တယ်။ ဒီနည်းက ဝမ်းစစ်တာထက် ပိုပြီး တိကျတယ်။
၃။ Scope test မြင်နိုင်တဲ့ကရိယာနဲ့ စစ်ဆေးနည်း
upper endoscopy exam လို့ ခေါ်တယ်။ အစာအိမ်နဲ့ အူသိမ်အစပိုင်းအတွင်းသားနေရာတွေကို ကြည့်ရှုစစ်ဆေးမယ်။ လိုအပ်သူကို tissue samples (biopsy) အသားစယူပြီး စစ်ဆေးမယ်။
Treatment ကုသနည်း
H. pylori infections ပိုးတွေ့သူကို 
၁။ Antibiotics ပဋိဇီဝဆေး ၂ မျိုးပေးမယ်။
၂။ acid-suppressing drug အက်စစ်ဓါန်ပျယ်ဆေးလည်း ပေးမယ်။ Proton pump inhibitors (PPIs) လို့ ခေါ်တယ်။ omeprazole (Prilosec), esomeprazole (Nexium), lansoprazole (Prevacid) and pantoprazole (Protonix) ဆေးတွေ ဖြစ်တယ်။
၃။ Histamine (H-2) blockers ဆေးတွေက အက်စစ်ဓါတ်ထွက်စေတဲ့ histamine ကို တားပေးတယ်။ cimetidine (Tagamet HB) ဆေးဖြစ်တယ်။
Bismuth subsalicylate (Pepto-Bismol) ဆေးက အနာနေရာရဲ့ အပေါ်ယံမှာ အကာအကွယ်အလွှာ လုပ်ပေးမယ်။ အဲတော့ အက်စစ်ကို ကာကွယ်ရာကျတယ်။
Antibiotics ပဋိဇီဝဆေးများ
amoxicillin, clarithromycin (Biaxin®), metronidazole (Flagyl®) နဲ့ tetracycline ပဋိဇီဝဆေးတွေ သုံးတယ်။
ကုသနည်းမှာ proton pump inhibitor ဆေးနဲ့ antibiotics ဆေးတွေပေးပြီးနောက် ၁၄ ရက်ကြာရင် လိုအပ်သူကို ဒုတိယအကြိမ် ထပ်ပေးတယ်။ လိုအပ်သူတွေကို ကုသမှုပေးပြီး ၂-၄ ပတ်အကြာမှာ ပျောက် မပျောက် ထပ်စစ်မယ်။
Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် https://dr-tint-swe.blogspot.com/2021/05/peptic-ulcer.html
Probiotics ပရိုဘိုင်အောတစ် https://dr-tint-swe.blogspot.com/2021/06/probiotics.html
Gastritis အစာအိမ်ရောင်ခြင်း https://dr-tint-swe.blogspot.com/2020/12/gastritis.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ