Postpartum depression ကလေးဖွါးပြီးဖြစ်တဲ့ စိတ်ကျရောဂါ

၁။ ဆရာရှင့် ကျမအသက် ၂၅ နှစ်ပါ။ ကလေးမီးဖွားပြီးတာ ၃ လရှိပါပြီ။ မီးဖွားပြီးမှ ဝမ်းနည်း စိတ်အားငယ်စိတ်များ ထိန်းမရဖြစ်နေပါတယ်။ စိတ်ဓာတ်လည်းကျပါတယ်။ အခုလိုစိတ်ကျန်းမာရေးအခြေအနေဟာ မီးဖွားခြင်းနဲ့ သက်ဆိုင်ပါသလား။ ဘယ်လိုကုသနိုင်သလဲသိချင်ပါတယ်ဆရာ။

၂။ ဆရာရှင့် သမီးရင်သွေးငယ်လေးမွေးတာ အခုဆိုရက် ၄ဝ ရပါပြီ။ ကလေးမွေးပြီးထဲက အစားမစားချင်တာ အခုချိန်ထိပါပဲဆရာ။ ဆာတယ်လို့လည်းမရှိဘူး။ စိတ်လည်းမချမ်းသာဘူးဆရာ။ မကောင်းတာတွေပဲ အတွေးထဲ ရောက်ရောက်လာတယ်။ စိတ်ကိုမနဲထိမ်းနေရတယ်။ ပိုပြီးအားငယ်တတ်လာတယ်။ အစားနဲတော့ နို့ကလည်း သိပ်မထွက်ဘူး။ ကလေးကိုနို့ဘူးတိုက်နေရတယ်အဲဒါသမီးစိတ်ချမ်းသာပြီး အစာစားချင်အောင် ဘယ်လိုလုပ်ရမလည်း ဆိုတာ လမ်းညွှန်ပေးအုံးဆရာ။

ကလေးမွေးပြီဆိုတာ ဘဝတခုလုံး ရာသက်ပန်အပြောင်းအလဲကြီးတခုဖြစ်သွားတာပဲ။ စိတ်လှုတ်ရှားမှုကြီးတယ်။ အမျိုးမျိုး ဖြစ်နိုင်တာထဲမှာ စိတ်ဓါတ်ကျတာလည်းဖြစ်နိုင်တယ်။ များစုမှာ Postpartum baby blues ခေါ်တဲ့ မီးတွင်းမှာ ကလေးရလို့ ဖြစ်တဲ့စိတ်အပြောင်းအလဲဖြစ်ကြတယ်။

Blue baby က မွေးလာတဲ့ကလေး မွေးမွေးချင်း ငိုလဲမငို၊ အသက်လဲ မရှူတာကိုခေါ်တယ်။ မိခင်မှာ ကလေးမွေးပြီး ၂ ပါတ်အတွင်းလောက် မအေမှာ ဝမ်းသာလိုက်၊ ဝမ်းနဲလိုက်ဖြစ်တာကို Baby blue ခေါ်တယ်။ ဖြစ်လဲခဏပါ။ တချို့ကြ မွေးပြီးနဲနဲကြာမှ သားဦး ဟုတ်ဟုတ်-မဟုတ်ဟုတ် အဲလိုဖြစ်တယ်။ ၂ ပါတ်အထိကြာတာများတယ်။

အဆိုးဆုံးက စိတ်ဓါတ်ကျတာ။ စိတ်မူအများကြီးပြောင်းမယ်။ အဲလိုဖြစ်တာ လူကအားနည်းလို့မဟုတ်ပါ။ မွေးနည်း အားနည်းလို့လည်းမဟုတ်ပါ။ စိတ်မူပြောင်းခြင်း။ စိုးရိမ်စိတ်ကဲခြင်း။ ဝမ်းနည်းခြင်း။ စိတ်တိုခြင်း။ လိုတာထက်ပို ကျေနပ်နေခြင်း။ ငိုခြင်း။ အာရုံစိုက်မှုနည်းခြင်း။ စားချင်စိတ်ပြောင်းခြင်း။ အိပ်မပျော်ခြင်း။ စိတ်ဓါတ်ကျခြင်းတွေ ခံစားရနိုင်တယ်။

မွေးပြီးနောက် နည်းနည်းကြာမှဖြစ်တယ်။ ၆ လလောက်အထိကြာနေနိုင်တယ်။ ပိုဆိုးသူတွေမှာ စိတ်မူပြောင်းတာ ပိုသိသာမယ်။ ငိုတာများမယ်။ ကလေးကိုဂရုမစိုက်ခြင်ဖြစ်မယ်။ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့လည်း ဆက်ဆံရေးကျဲမယ်။ စားချင်စိတ်မရှိဖြစ်မယ်။ အိပ်မပျော်။ အားကုန်နေမယ်။ ပျော်စရာကိုစိတ်မဝင်စား။ စိတ်တို ဒေါသကြီးနေမယ်။ ကိုယ့်ကိုယ်ကို တန်ဘိုးမရှိသူလို့ထင်နေမယ်။ မိခင်ကောင်းတယောက်မဟုတ်ဘူးလို့ယူနေမယ်။ မစူးစိုက်နိုင်လို့ ဆုံးဖြတ်ချက်တွေမှားတတ်တယ်။ ကိုယ့်ကိုယ်ကိုရောကလေးကိုပါ နာကျင်အောင်လုပ်ခြင်နေမယ်။ စိုးရိမ်စိတ်များပြီး ဆောက်တည်ရာမရဖြစ်မယ်။ သတ်သေချင်စိတ်ဝင်လာမယ်။

Postpartum psychosis စိတ်ရောဂါအထိရောက်တာလည်းရှိတတ်တယ်။ အဲလိုဖြစ်ရင် စိတ်ကရှင်းရှင်းလင်းမရှိ။ ဘယ်ရောက်နေမှန်း တခါတလေမသိ။ တခုခုကိုစွဲလမ်းနေမယ်။ သူများမမြင်မကြားတာတွေကို မြင်ကြားနေမယ်။ အသက်ရန်ရှာချင်လာမယ်။

ခက်တာက သူတို့ကိုယ်သူတို့ စိတ်ဓါတ်ကျနေတယ်လို့ မထင်ကြပါ။ ဘာလို့ဖြစ်သလည်း သဲသဲကွဲကွဲမပြောနိုင်ပါ။ ရုပ်အပြောင်းအလဲကနေ စိတ်အပြောင်းအလဲပါဖြစ်တယ်။ မိသားစုထဲမှာ စိတ်အခြေအနေရှိသူပါနေနိုင်တယ်။ အရင်ကလေးမွေးပြီးဖြစ်ခဲ့သူက ထပ်ဖြစ်တာလည်းရှိတယ်။ စိတ်ဖိအားများသူ။ ကလေးနို့တိုက်ခက်နေသူ။ လင်မယား ဆက်ဆံရေး၊ မိသားစုဆက်ဆံရေး ခက်ခဲသူ။ မလိုချင်ပဲကိုယ်ဝန်နဲ့ ကလေးရလာသူတွေမှာဖြစ်တတ်တယ်။

Psychotherapy စိတ်ပညာကုသနည်း။ Antidepressants စိတ်မကျဆေး။ Electroconvulsive therapy (ECT) လျှပ်စစ်နည်းတွေနဲ့ကုသနိုင်ပါတယ်။ စိုးရိမ်စိတ်နည်းစေတဲ့ဆေးတွေကတော့ benzodiazepines = Xanax (alprazolam), Klonopin (clonazepam), Valium (diazepam), Ativan (lorazepam) ဆေးတွေ ဖြစ်တယ်။ Alprazolam 0.5 mg တနေ့ ၃ ကြိမ်။ လိုအပ်ရင် 1 mg ထိတိုးနိုင်တယ်။ ၃-၄ ရက်သာလိုမယ်။

Dr. တင်ဆွေ

၁၆-၄-၂ဝ၁၆

Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ