Pudina ပူဒီနာ

ငယ်ငယ်က ပူစီနံ၊ ပူစီနာလို့ အလွယ်ခေါ်ခဲ့တယ်။ နယူးဒေလီရောက်မှ ပူဒီနာ အသံထွက်မှန်သိတယ်။ အိန္ဒိယမှာ Mentha arvensis, Mentha piperita နဲ့ Mentha spicata လို့ခေါ်ကြတယ်။

သူများတွေဆီမှာ ဆေးအဖြစ်သုံးကြတယ်။ ဟာဘယ်ဆေး ကျမ်းတွေမှာ အက်စစ်များတာ၊ လေအောင့်တာ၊ လေတက်တာအတွက် ညွှန်းတယ်။ IBS ခေါ် ဝမ်းမငြိမ်ရောဂါအတွက်လည်း ညွှန်းတယ်။ Spearmint oil ဆိုတာလည်း အဲတာကို အဆီထုတ်ထားတာ။ အနံ့က သိသာတယ်။ Antioxidants အင်တိုင်ကောက်ဆီဒင့်ဓါတ်ပါတယ်။ မကောင်းတာတွေကိုချေဖျက်ပေးနိုင်စွမ်းရှိတယ်။ Peppermint နဲ့ Mint ခေါ် အနံ့ဆိုးသက်ဆေးအဖြစ်သုံးတယ်။

မြန်မာပြည်မှာ စမူဆာနဲ့တွဲစားတယ်။ ဆိတ်သားကင်သုပ်ထဲထည့်စားတယ်။ ဒံပေါက်နဲ့စားကြတယ်။

အိမ်မှာတော့ စားချင်တဲ့အခါ စားရအောင် စိုက်တာ။ စမူဆာနဲ့ ဆိတ်သားကင်သုပ်။ ဘယ်တော့လုပ်မလဲ မသိ။ ကျွန်တော်က စမူဆာကို မြန်မာပြည်ကလိုကြော်တာ၊ သုပ်တာသာကြိုက်တယ်။ မဒရပ်စ်မှာ မြန်မာပြည်နဲ့ အတူတူ။ ကျွန်တော်တို့က သူတို့သွားတူတာ။ ဗမာတချို့က စမူဆာထဲမှာ မဆိုင်တာတွေထည့်ကြတာ မကြိုက်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Cancer Foods ကင်ဆာအတွက် အစားအစာ