မြန်မာစာ နေကောင်းပါစေသတည်း

ဆရာရှင့်သမီးကိုကူညီပါအူး အဲ့မမနဲ့ဖစ်တာချင်းတူနေပါတယ် အဲ့မမကတော့အဆာရေပြွန်(အစာရေပြွန်)ကင်ဆာပါတဲ့ သမီးကရောအဲ့လိုဖစ်နိုင်လားဆရာရှင့်

- ကျောတေ
- ပြောပါတရ်
- နေပါတရ်
- ညမဖစ်တာ
- ဖစ်နေတာ
- ခံစားရတရ်
- တအားပူတရ်
- အစာအိမ်နဲ့မှားပီး ဆရာယန်အြကြကိးမှားကုပေး နြေကတရ်
- အလေးအပင်မရင်နာလာမမ
- ရောတရ်ညီမ
- မမMrtစိုတာ(ဆိုတာ) ဘယ်လိုပုံစံလည်းမမ
- ဟုမမ
- အဲ့စို(အဲ့တာဆို) မမလည်းမမလိုဖစ်နေတာပေါ့နောက်
- Mri ညီမ

အခုမေးသူ အမျိုးသမီးလို့တော့ သိ။ အသက်နဲ့ အချက်အလက်တွေ မသိ။ ဘာတွေဖြစ်နေသလဲ မသိ။ ပို့တဲ့စာကိုရေးသူနဲ့ မေးတဲ့သူ တထေရာတည်းတူတာကတော့ စာကို မှန်အောင်မရေး၊ မှားအောင်၊ လွဲအောင်ရေးတာ ဖြစ်နေတယ်။ ကျွန်တော်က နားလည်အောင် မဖတ်တတ်ပါ။ အသက် အချက်အလက်တွေ မသိသူကိုလည်း ရမ်းမကုတတ်ပါ။ အဲလိုစာအရေးအသားမျိုးကို နားလည်အောင်ဖတ်တတ်တဲ့ဆရာဝန်ဆီသာ မေးမြန်းကုသပါရန်။
မြန်မာစာ နေကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ