ကစွန်းရွက်နှင့် ကန်စွန်းနွယ် (၂)

မှိုကန်းစွန်းရိုး​လှော် မှိုကိုသင်ပြီးရေဆေးပြီးရေစစ်ထားမယ် ကန်းစွန်းရိုးလေးတွေကိုဓါးပြားရိုက်ပြီးဖြတ်ထားမယ် အိုးထဲကို ငပိနဲနဲ ဆီအနဲငယ်မျှ ဆနွင်းပါရုံ ဆားရသာမူန့် ငရုတ်သီး‌ခြောက်နဲနဲထောင်းထည့် ရေနဲနဲနဲ့တည်မယ် ပွက်ပွက်ဆူတဲ့အချိန် မှိုကန်းစွန်းရိုးထည့်မယ် နွမ်းရင်ရပါပြီ ငရုတ်သီးစိမ်းစားချင်ရင်ခွဲထည့်နိုင်ပါတယ်‌နော် (အိမ်ရှင်မ)

မနေ့က တင်ပြပြီးသား။ ကနေ့လည်း ထပ်တွေ့လို့ ထပ်ဖြည့်ပါဦးမယ်။ တကယ်လို့ ရေစပ် ကမ်းစပ်မှာ ပေါက်တာကို ကန်းစွန်းလို့ ခေါ်လိုတာဆိုရင် ကမ်းလို့ ရေးမှသာ မှန်မယ်။ ကန်းဆိုရင် မျက်စိမမြင်တာဖြစ်သွားမယ်။ နိမိတ်မကောင်းပါ။

တချို့က ရမ်းတုတ်ကြတယ်။ စကားလုံးတခုချင်းစီကို အဓိပ္ပါယ်ဖွင့်ကြတယ်။ ထင်သလိုဖွင့်ကြတယ်။ မြန်လို့ မာလို့ မြန်မာတဲ့။ ဘယ်ဟုတ်ရမှာလည်း။ မြမ္မာလို့ အရင်ကရေးတယ်။

အဆန်းထွင်တိုင်း ကောင်းတယ်မှတ်သူတွေကလည်း မနည်း။ တွေ ရေးရမှာကို ဝဆွဲ မထည့်ကြ။ ရန်ကုန်ကလည်း မာ၊ မန္တလေးလည်း မာ၊ ခေါင်းလည်း မာ၊ ခြေလည်း မာ၊ ဆေးရုံမာလို့ ဘယ်ရှိမှာလည်း။ မမာလို့ ဆေးရုံရောက်တာ။ မြန်မာစာ အိုင်စီယူခန်းထဲမှာ။

ကစွန်းရွက်နှင့် ကန်စွန်းနွယ်

မဂ်လာ(မင်္ဂလာ)ပါနော် ကန်းစွန်းရွက်က ကျမ်းမာရေးလည်း ညီညွတ်တယ် တင်ထားတာ တခုဖြစ်ပါတယ်။ ကန်လို့ရေးချင်တာ ကန်းဖြစ်သွားပုံရတယ်။ မှားတတ်ပါတယ်။ စာအရေးများတဲ့ ကျွန်တော်က အမှားဆုံး ဖြစ်နိုင်တယ်။ အခု ကျန်းမာလို့သာ ရေးကြတယ်။ အရင်ကကျမ္မာလို့လည်း ရေးတာရှိခဲ့တယ်။

ကစွန်း၊ ကန်စွန်းနဲ့  ကဇွန်းတို့က မူကွဲတွေဖြစ်တယ်။

သင်ပုန်းကြီးမှာ က ကစွန်းပင် ရေမှာရွှင်။

၁၉၆၄-၆၅ ကျွန်တော်တို့ဆယ်တန်းမှာ စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ် မြန်မာ့မျက်ပွင့်ထဲမှာ ဇေယျက ကန်စွန်းနွယ်လို့ ရေးပါတယ်။

မြန်မာစာမှာ မူကွဲတွေ အများကြီးရှိတယ်။ တခါတရံ၊ တခါတလေကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ပလီတာ။ ဗိုလ်တထောင်ကို စသတ်နဲ့ရေးလို့၊ ကောင်းမှုတော်ကို အောက်မြစ်အပိုထည့်လို့ ကုသိုလ်ပိုမရနိုင်။ 

ကန်ဘေး၊ ကန်အစွန်းမှာပေါက်လို့ ကန်စွန်းလို့ ဆင်ခြေပေးရင်တော့ မမှန်ပါ။ အိုးထဲလည်းပေါက်တယ်။ ရထားလမ်းဘေး၊ ယာခင်းထဲ၊ လမ်းဘေး၊ နေရာတကာမှာ ပေါက်တယ်။

ကန်း

ကန်းတက်သည်

ကျီးကန်း

မကန်း (မကာရ်း) ကွက်ချွန် တိမ်ရက်ကွန်လည်း

မကောင်းမကန်း

မျက်စိကန်း

ယက်ကန်း (ရက်ကန်း)

ယုတ်ကန်း

ကောင်းကောင်းကန်းကန်း

ရေတွင်း ရေကန်း (ခမ်း) သွားပြီ

ကမ်း

ကမ်းကုန်ရော

ကမ်းတက်တိုက်ပွဲ

ကမ်းနားလမ်း

ကမ်းပါး

ကမ်းမမြင် လမ်းမမြင်

ကမ်းယံလူမျိုး

ကမ်းရိုးတန်း

ကမ်းလှမ်း

စည်းကမ်းလိုက်နာ

ဆိပ်ကမ်း

မနီးမကမ်း

ပေးကမ်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ