Difference between learning a language and subject ဘာသာစကားနဲ့ အတတ်ပညာဘာသာရပ်

ဟိုအရင်ကတည်းက ကိုယ့်တိုင်းပြည်မှာ အင်္ဂလိပ်စာ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင်ကြိုးစားကြတယ်။ ကောင်းတယ်။ အခုနောက်ပိုင်း မျက်စိနားပွင့်တော့ ပိုပြီး လေ့လာလိုက်စားကြတယ်။ ကောင်းတယ်။ ထပ်တိုးလာတယ်။ တရုပ်စကားတဲ့။ ကိုရီးယားစကားတဲ့။ ဂျပန်စကားတဲ့။ ကောင်းတာပါဘဲ။ ထိုင်းသွား အလုပ်လုပ်သူတွေ အတော်များများ ထိုင်းစကားတတ်ကြတယ်။ မလေးသွားအလုပ်လုပ်သူတွေလည်း မလေးစကား။ အိန္ဒိယား ဟင်ဒီစကား။ ကောင်းတာဘဲ။

ဘာသာစကားဆိုတာ ဘာလဲ။ ပထဝီ၊ သမိုင်း၊ ဓါတု၊ ရုပတို့လို ပညာရပ်လား။ မဟုတ်ပါ။ ဘာသာစကား တတ်တာနဲ့ တံတားမဆောက်တတ်။ ဆေးမကုတတ်။ ရှေ့နေမလိုက်တတ်။

အင်္ဂလိပ်၊ တရုပ်၊ ကိုရီးယား၊ ဂျပန်၊ မလေး၊ ထိုင်း၊ ဟင်ဒီစကားတတ်သူတွေ မြန်မာစာနဲ့ မြန်မာစကား အလေးမထားတော့ပြီလော။ မကောင်းပါ။

ပြောစကားဆိုတာ ခက်တာမဟုတ်လို့ပြောရင် ကလေးတွေအတွက် မှန်တယ်။ ကိုယ့်နိုင်ငံက ကလေးတွေ ယူအက်စ်အေမှာ အင်္ဂလိပ်စကားကို အမေရိကန်တွေအတိုင်း ၁၀၀% ပြောတတ်ကြပါတယ်။ ၁၂ တန်းမှာ အင်္ဂလိပ်စာအပြင် သချင်္ာ၊ ဆိုရှယ်သိပ္ပံ၊ စတာတွေ သင်ကြရတယ်။ 

- Advanced math 

- Communication 

- English 

- Foreign Language

- High school level science 

- Language arts 

- Literature 

- Mathematics 

- Natural Sciences

- Philosophy 

- Science 

- Social Sciences

- Social studies course

၁၂ တန်းပြီးရင် ကြိုက်တာရွေး။ ဆေးတဲ့။ လောတဲ့။ အင်ဂျင်နီယာတဲ့။

အတတ်ပညာနဲ့ ဘာသာစကား ခြားနားကြောင်း သိပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ