Electric shock လျှပ်စစ်ဓါတ်လိုက်ခြင်း

မြန်မာပြည်ထဲကနေ လျှပ်စစ်မီးအကြောင်းတွေဖတ်နေရတယ်။ ကျွန်တော်ပါ ဓါတ်ကူး (ဓါတ်လိုက်မဟုတ်) သွားပြီ။

လျှပ်စစ်ဓါတ်လိုက်ခြင်းရှေးဦးသူနာပြုစုနည်း

• လျှပ်စစ်ဓါတ်လိုက်ခြင်းဖြစ်လျှင် လဲကျမည်။

• လူနာကို တိုက်ရိုက်ဆွဲထုတ်ဖို့ မကြိုးစားရ။

• မီးခလုပ် ပိတ်ပါ။ 

• လူနာကို စစ်ဆေးပါ။ အသက်ရှူခြင်း၊ သွေးခုန်ခြင်း၊

• လိုအပ်ပါက CPR (စီပီအာရ်) လုပ်ပါ။ အသက်မရှူလျှင် ပါးစပ်ခြင်းတေ့ပြီး လေမှုတ်သွင်းပေးပါ။ နှလုံးမခုန်လျှင် ရင်ပတ်ဖိနည်းလုပ်ပါ။ အကူအညီတောင်းပါ။ 

• ကြွက်သားတွေ ဆွဲဆန့်ခံရမည်။

• တက်မည်၊

• ရေ-ဆား ခန်းခြောက်မည်။

• အပူလောင်ခံရမည်။

• ကျိုးပဲ့မည်၊

• သွေးခဲသွားမည်။

• (တစ်ရှူး)များ ပျက်စီးမည်။

• အသက်ရှူ-နှလုံးခုန်-ကျောက်ကပ် ထိခိုက်မည်။

• မီးလောင်နာကို ကုပေးပါ။

High Voltage စွမ်းအားများလျှပ်စစ်ကနေ (၁၈) မီတာအထိ ခုန်ထွက်၊ ကွေးကောက်သွားေးစေနိုင်တယ်။ မီးလာရာကို မပိတ်မီ ဖြစ်သူအနားမကပ်ပါနဲ့။ (၂၅) မီတာအကွာကနေပါ။ Low voltage စွမ်းအားနိမ့်လျှပ်စစ်ကနေဖြစ်ရင် ပင်မမီးခလုတ် ပိတ်ပါ။ မီးကြိုးစတာတွေဖယ်ရှားပါ။ ကယ်မယ့်သူက မြေကြီးအစိုဓါတ်နဲ့ကင်းအောင် ခြောက်သွေ့တဲံ သစ်သားပြား စက္ကူ၊ ရာဘာလိပ်၊ ဖြာ၊ ကော်ဇောပေါ်မှာနေရာယူပါ။ လျှပ်စစ်မလိုက်နိုင်သော သစ်သား၊ ဝါး၊ တံမြက်စီး၊ သတင်းစာစက္ကူလိပ်၊ ပလပ်စတစ်စသည်ဖြင့် ဖယ်ရှားဖြစ်ပါ။

လူနာအခြေအနေကိုချက်ချင်းစစ်ဆေးပါ။ နာမည်ခေါ်ပါ။ အသံကျယ်ကျယ်ပေးမေးပါ။ မျက်လုံးဖွင့်ခိုင်းပါ။ အသံကြားသလားမေးပါ။ ကိုယ်ကိုလှုတ်ကြည့်ပါ။ တတ်ကျွမ်းအကူအညီမလာမီ လူနာကို လိုအပ်မှသာ နေရာရွေ့ပါ။

အသက်ရှူစစ်ဆေးခြင်း

ပါးစပ် + နှာခေါင်းမှာ ပိတ်ဆို့နေသလားစစ်ပါ။ မေးကိုရှေ့ (အပေါ်) မ တင်ပါ။ ခေါင်းနောက်လှန်ထားပါ။ လည်ပင်း လေပြွန်တန်းပြီးပေါ်လာစေရမည်။ အပေါ်ကနေကျလို့ ခါးရိုးထိခိုက်တာလည်း သတိထားပါ။ အသက်ရှူနေ မနေ စစ်ဆေးပါ။ ရင်ပတ်နိမ့်မြင့်နေ မနေ။ အသက်ရှူသံ ကြား မကြား။ နှာခေါင်းဝကနေ လေအထွက် မိမိလက်ဖမိုးနဲ့စမ်းပါ။ အသက်ရှူနေရင် နေရာမှန်ပြန်ထားပါ။ အသက်မရှူရင် အသက်ရှူ CPR နည်းအရ ပါးစပ်ချင်းတွေပြီး လေသွင်းပေးပါ။ 

သတိလစ်နေပြီး အသက်မရှူရင် နှလုံး CPR လုပ်ပါ။ လူနာကို ပြင်ညီမျက်နှာပြင်ပေါ်မှာထားပါ။ လူနာရင်ပတ် အလယ်တည့်တည့်မှာ မိမိလက်ဖမိုးနှစ်ခုထပ်တင်ပြီး (၄-၅) စင်တီမီာနိမ့်ကျစေအောင် ဖိချပါ။ တမိနစ်မှာအကြိမ် (၁ဝဝ) နှုန်း။ အကြိမ် (၃ဝ) ဖိချပြီးတိုင်း ယခင်းနည်းအတိုင်း အသက်ရှူလမ်းပြန်စစ်ပါ။ နှာခေါင်းကို မိမိလက်တဖက်နဲ့ပိတ်ထားပြီး ပါးစပက်ခြင်းတေ့ထားပြီး လေမှုတ်သွင်းပါ။ တကြိမ်လေသွင်းပြီးတိုင်း အသက်ရှူပါ။ (၂) ကြိမ် ထိထိရောက်ရောက် လေမှုတ်သွင်းပါ။ ရင်ပတ် နိမ့်ချည်မြင့်ချည်မဖြစ်သေးရင် ရင်ပတ်ဖိနည်း (၃ဝ) ထပ်လုပ်ပါ။ ၁-၂-၃-၄-၅ တချည် (၆) ခါ။ မရသေးရင် Defibrillation ကိရိယာသုံးဘို့လိုလာပြီ။

မီးလောင်ဒဏ်ရာရှိရင် သတိရနေသူကို ရေအေးနဲ့ ၁ဝ မိနစ်ကြာထိတွေ့စေပါ။ သတိလစ်နေသူကို ရေအေးဝတ် ကပ်ထားပေးပါ။ မီးလောင်ဖူးကိုမဖေါက်ပါနဲ့။ ရှေးဦးသူနာပြု ပိုးသေဆေးဆေးထည့်ပေးပြီး ကပ်စရာနဲ့ဖုံးအုပ်ထားပါ။ 

ချွန်ထက်ရှတဲ့အရာတွေဖယ်ရှားပါ။ စိတ်ချရတဲ့လူနာကို်နေပုံစံထားပါ။ အနီးဆုံးလက်တဖက်ကို ကိုယ်နဲ့ ၉ဝ ဒီဂရီထားပါ။ ကျန်လက်တဖက်ကို ရင်ပတ်ပေါ်တင်ထားပါ။ လက်ဖမိုးကရင်ပတ်နဲ့ကပ်ပါစေ။ ဒူးကိုအနေတော်ပြင်ထားပါ။ တခြား ထိခိုက်ဒဏ်ရာစစ်ဆေးပါ။ ကြွက်သားတုန်ခါမှုနဲ့ တက်တာဖြစ်နိုင်တယ်။ ခေါင်းအောက်က အနေတော်တခုခု ခံထားပေးပါ။ အဝတ်အစား အနေတော်ပြုပြင်ပေးပါ။ လူနာပါးစပ်ထဲ ဘာမှမထည့်ပါနဲ့။ စောင်စတာ လိုအပ်ရင်ခြုံပေးပါ။ 

လူကြီးမင်း လူ့အသက်တချောင်းကို ကယ်လိုက်ပြီ။ Well done! 

Dr. တင့်ဆွေ

၃၁-၅-၂၀၁၆

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း