ရှုပ် ရှုတ် ရှိုတ်

ရှုပ်ရှုပ်ရှက်ရှက်လား ရှုတ်ရှုတ်ရှပ်ရှပ်လားဆရာ ကြာ မကြာ မှားနေလို့ပါ
၁။ ရှုတ်ထွေးလား ရှုပ်ထွေးလား
၂။ ခေါင်းက 'ရှုတ်' တာလား၊ 'ရှုပ်' တာလားဆရာ
၃။ ရှုပ်ထွေးနဲ့ ရှုတ်ထွေး ဘယ်ဟာအမှန်ပါလဲခင်ဗျ
၄။ ရှုပ်ထွေး ရှုတ်ထွေး ဘယ်ဟာအမှန်လဲဗျ ဆရာ ကျွန်တော်က ရှုပ် ကိုအမှန်ထင်လို့ပါဗျ
၅။ ရှုတ်ထွေး နဲ့ ရှုပ်ထွေး ဘယ်ဟာအမှန်လဲ ဆရာ။
ကျွန်တော်လည်း ခဏခဏမှားတယ်။
ရှိုတ်
ရှိုတ်ကနဲ မီးလောင်သည်
ရှိုတ်စပီးယား
ရှိုတ်ရှိုတ်မြည်သံ
ရှုတ်ချသည်
ရှုတ်ရှုတ်မြည်သံ
ရှိုတ်
ချန်ကေရှိုတ်
ဘေးကရှိုတ်သည် (ဘန်းစကား၊ ပိုးပမ်းသည်)
ရှုတ်
ရှုတ်ချ
ရှုတ်ရှုတ်(မြည်သံ)
ရှုပ်
စိတ်ရှုပ်သည်
နမ်းရှုပ်သည်
မြေကြောရှုပ် (ယခင်သတ်ပုံစာအုပ်)
ရှုပ်ထွေး
ရှုပ်ထွေးပွေလီ
ရှုပ်ယှက်ခတ်
ရှုပ်ရှုပ်ပွေပွေ
ရှုပ်လိမ်
လိမ်ထွေးရှုပ်
လူပွေလူရှုပ်
အမှိုက်ရှုပ်သည်
အရေတွန့်ရှုပ်
ရှုပ်နေတဲ့ အမယ်ဘုတ်ရဲ့ချည်ခင်ကို ကျနော်တို့တတွေ ဝိုင်းရှင်းပေးတာ ပြီးခါနီးပါပြီဗျ
ခုခေတ်မှာ ကျွန်တော်တို့(တစ်)တွေတဲ့။ ကျမတို့(တစ်)တွေတဲ့။ မြန်မာစာသည် အမယ်ဘုတ်ရဲ့ချည်ခင်ဖြစ်နေပြီ။
ကြင်နာခြင်းတဝက် ရှုပ်ထွေးခြင်းတဝက် - ကိုသန်းလှိုင် https://www.youtube.com/watch?v=wm9TK-Vdn1E
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ