ဝေဘန် ဝေဖန်

၁။ (တ)နဲ့(တစ်) သတ်ပုံတွေကို မူလစာအကိုးအကားနဲ့ပြတယ်။ "ဝေဘန်" ဆိုတဲ့စကားလုံးကိုကျ မူလစာက "ဝေဖန်"  လို့ရေးပေမယ် မလိုက်နာပဲ "ဝေဘန်" လို့ရေးထားတဲ့အကြောင်းလည်းပြောပြပါဦး
ဝေဖန် = ဝေဘန် = ခွဲဝေစိတ်ဖြာခြင်း
၂။ တင်ထားတာတခု တွေ့တယ်။ ရဟန်းအား ကဲ့ရဲ့ ဝေဘံလျင် တဲ့။ ဝေဘံလို့ တကြိမ်တခါမှ မတွေ့ဘူးခဲ့ပါ။ လျှင်လို့ ရေးရ။
ဖန်
ကုလားဖန်ထိုး
ချိုချဉ်ဖန်ခါး
စကားဖန်ထိုး
တရံတဖန်
ဖန်ခွက်
ဖန်ခါ
ဖန်ခါးသီး
ဖန်ခါခါ
ဖန်ဆင်း (ဘန်ဆင်း)
ဖန်တီးသည်
ဖန်ဝန်းနေခြည်
ကြည့်ဖန်များလှ
ကြိမ်ဖန်များစွာ
မျက်စိဖန်သည်
လုပ်ဖန်များ အသားကျ
ဝါကြိတ်ဝါဖန်
သုံးဖန်လှ
အနာဖန်ဆေး
အဖန်ဖန်
အိပ်ဖန်စောင့်
ဝေဖန် (ဝေဘန်)
ဘန်
ဘန်ချည်ကြိုး
ဘန်တိုဘန်ရှည်
သတ္တရဘန်
ဝေဘန် (ဝေဖန်)
- ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ကြည့်ရှု (ထောက်ရှု)၊ ဤခြောက်ခု၊ ကြီးသူကျင့်အပ်စွာ။ (ခေါင်းဆောင်ကျင့်ဝတ် ခြောက်ပါး)
- ပြောခဲ့တာတွေကလဲ စာပေဝေဖန်ရေးတို့ ကဗျာဝေဖန်ရေးတို့ဆိုတော့ စကားအာဝဇ္ဇာန်းမရှိသူတို့ရဲ့ထုံးစံအတိုင်း သာမန် စာနာကြားသူပရိတ်သတ်ကို ငြီးငွေ့စေပါတယ်။ (မောင်စွမ်းရည်)
- ငါ့မြစ်ခေတ်တွင်၊ သို့လျှင် ဝေဖန်၊ မသိတန်လည်း၊ မှန်သော လင်္ကာ၊ ရင်မှာ ရှိပြီ၊ မြေဆီမြေစာ၊ ငါ့ခန္ဓာကား၊ ဇရာသတ်လေ၊ သေခဲ့ပြီ တကား၊ ငါ့အားငါ့မာန်၊ ငါ့ဟန်တခု၊ ငါ ပြုစုရ၊ ငါ့ဘဝ၌၊ အလှကဗျာ၊ တပုဒ်သာပင်၊ ကျန်ခဲ့ချင်သည်၊ ငါလျှင် သေပျော်လေပြီတည်း။ (ဒေါင်းနွယ်ဆွေ)
- မှိုင်းရဲ့ စာပေဝေဖန်ရေးနဲ့ အခြားစာများ
- ဒဂုန်တာရာ၏ စာပေဝေဖန်ရေးနိဒါန်း
- မောင်သာနိုး – ဝေဖန်ရေးနဲ့ကျွန်တော်
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ