Boiled Rice ဆန်ပြုတ်သည် ဆေးတပါးဖြစ်သည်

ရေးတင်တာတခု တွေ့လို့။ တပါးရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဆေးလို့ပြောရတာ မပြည့်စုံပါ။ တိတိကျကျသိရပါမယ်။

ဆန်ပြုတ် တပန်းကန်ကနေ ကယ်လိုရီ ၁၀၄ ရတယ်။ အဲတာဟာ တနေ့မှာ ကယ်လိုရီ ၂၀၀၀ လိုသူအတွက် ၅% နဲ့ ညီတယ်။ ဗီတာမင်တချို့နဲ့ဓါတ်ဆားတွေလည်းပါတယ်။ ဆန်ဖြူထဲမှာ glycemic index များလို့ ဆီးချိုရှိသူတွေတော့ မသင့်ပါ။

အစာအမာ စားမရချိန်မှာ သင့်ပါတယ်။ သွားရည်စာ၊ နေ့ခင်း ဒါမှမဟုတ် ညပိုင်း အပြင်ထွက်ရင်းစားသောက်တာလည်း ကောင်းပါတယ်၊ ဟင်းချိုမှုန့်နဲ့ ငံပြာရည် သတိထားရပါမယ်။

မုံရွာမှာ ဆိုင်ကောင်းကောင်းရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ