Breast Cancer Risk ရင်သားကင်ဆာ ဖြစ်နိုင်ခြေအန္တရာယ်များ
ဘယ်ကင်ဆာမဆို ဘာလို့ဖြစ်သလည်း အတိအကျမသိပါ။ ကင်ဆာဖြစ်နိုင်ခြေရှိတာတွေကို ကင်ဆာအန္တရာယ်လို့ ခေါ်တယ်။ မလွဲမသွေအန္တရာယ်နဲ့ နှိုင်းရအန္တရာယ်လို့ခွဲထားတယ်။ ဆေးလိပ်သောက်တာနဲ့ မိသားစုရာဇဝင်က ထိပ်ကနေတယ်။ ဒါပေမယ့် တိုက်ရိုက်သက်ရောက်တာလို့တော့ ပြောမရပါ။ တချို့မှာ အဲဒီအုပ်စုထဲပါနေပေမယ့်မဖြစ်ပါ။ ကင်ဆာအမျိုးအစားမတူရင် အန္တရာယ်လည်းမတူကြပါ။ နေရာင်ပြင်းတာကနေ အရေပြားကင်ဆာကို၊ ဆေးလိပ်ကနေ အဆုပ်၊ ခံတွင်း၊ လည်ချောင်း၊ ဆီးအိမ်၊ ကျောက်ကပ်ကင်ဆာတွေကို ဖြစ်စေနိုင်တယ်။ အသက်ကြီးတာကလည်း အချက်တခုဖြစ်တယ်။ ကြွက်နို့ဗိုင်းရပ်စ်ရှိတာလည်းပါတယ်။ ဘင်ဇင်းဓါတ်နဲ့ ထိတွေ့ခြင်း၊ ခရမ်းလွန်ရောင်ခြည်၊ လူအဝလွန်ခြင်းတွေလည်း ပါတယ်။
ရင်သားကင်ဆာ အန္တရာယ်များ
အမျိုးသမီးတွေမှာ ယောက်ျားတွေထက် ရင်သားကင်ဆာ အဆ ၁ဝဝ ပိုဖြစ်တယ်။ ဆိုးတဲ့ရင်သားကင်ဆာ ၈ ယောက်မှာ ၁ ယောက်မှာသာ အသက် ၄၅ နှစ်အောက်မှာဖြစ်တယ်။ ၃ ယောက်မှာ ၂ယောက်က အသက် ၅၅ ကျော်မှာဖြစ်တယ်။
ရင်သားကင်ဆာထဲမှာ ၅% ကနေ ၁ဝ% အထိဟာ မျိုးဗီဇလိုက်တယ်။ BRCA1 နဲ့ BRCA2 တွေက အဖြစ်အများဆုံး မျိုးဗီဇခွဲတွေ ဖြစ်တယ်။ BRCA1 ထဲမှာ အများဆုံး ၈ဝ% အထိရှိပေမယ့် ပျမ်းမျှ ၅၅ to ၆၅% ရှိတယ်။ BRCA2 မှာ ၄၅% သာရှိတယ်။ အဲလိုအမျိုးသမီးတွေမှာ မျိုးဥအိမ်ကင်ဆာလည်းပိုဖြစ်ကြတယ်။ သွေးသားတော်စပ်သူတွေထဲမှာ ပိုဖြစ်တယ်။ အမေ-သမီး၊ ညီအမတွေကြား ၂ ဆဖြစ်တယ်။ ဘာလို့လည်းတော့ ပြောမရပါ။ တဦးချင်းမှာ ရင်သားတဖက်မှာ ကင်ဆာ ဖြစ်ထားရင် နောက်တဖက်မှာလည်းလာဖြစ်ဘို့ တခြားအမျိုးသမီးတွေထက် ၃-၄ ဆ များတယ်။
လူမျိုးမှာလည်းကွာတယ်။ အဖြူတွေက အသားမည်းအမျိုးသမီးတွေထက် ပိုဖြစ်ကြတယ်။ ဒါပေမယ့် အသက် ၄၅ အောက် ဆိုရင် အမည်းတွေကပိုများတယ်။ အာရှသူတွေနဲ့ စပိန်စကားပြောအမျိုးသမီးတွေက အဖြူတွေထက် သေဆုံးတာမှာ နည်းကြတယ်။
ရင်သားတစ်ရှူးသိပ်သည်းမှုကလည်း သက်ရောက်တယ်။ ရင်သားထဲမှာ အဆီတစ်ရှူး၊ အရွတ်တစ်ရှူး၊ နို့ထွက်အိတ် တစ်ရှူးတွေ ရှိတယ်။ မင်မိုဂရမ်ရိုက်ရင် သိပ်သည်းနေရင် အဆီတစ်ရှူးနည်းနေတာဖြစ်တယ်။ အဲလိုဆိုရင် ပုံမှန်တွေထက် ၁့၂ ဆကနေ ၂ ဆပိုဖြစ်နိုင်တယ်။
ကင်ဆာမဟုတ်တဲ့ရင်သားအကျိတ်များ
(က) Non-proliferative lesions သက်ရောက်မှုမရှိ။
• Fibrosis and/or simple cysts
• Mild hyperplasia
• Adenosis (non-sclerosing)
• Ductal ectasia
• Phyllodes tumor (benign)
• A single papilloma
• Fat necrosis
• Periductal fibrosis
• Squamous and apocrine metaplasia
• Epithelial-related calcifications
• lipoma, hamartoma, hemangioma, neurofibroma, adenomyoepthelioma
• Mastitis
(ခ) Proliferative lesions without atypia ၁့၅ ကနေ ၂ ဆပိုတယ်။
• Usual ductal hyperplasia without atypia
• Fibroadenoma
• Sclerosing adenosis
• papillomas
• Radial scar
(ဂ) Proliferative lesions with atypia ၃့၅ ကနေ ၅ ဆပိုတယ်။
• Atypical ductal hyperplasia (ADH)
• Atypical lobular hyperplasia (ALH)
• Women with a family history of breast cancer and either hyperplasia or atypical hyperplasia have an even higher risk of developing a breast cancer.
(ဃ) Lobular carcinoma in situ ၇ ကနေ ၁၁ ဆပိုတယ်။
လူနေမှုပုံစံ
• ရာသီစော (၁၂ နှစ်သမီးမှာ) ပေါ်သူတွေက ပုံမှန်မိန်းကလေးတွေထက် နည်းနည်းလေးပိုဖြစ်နိုင်ချေရှိတယ်။
• တက်စေ့ကင်ဆာကြောင့် ရင်ပတ်ကိုဓါတ်ကင်ရသူတွေမှာ ပိုဖြစ်စေနိုင်တယ်။ ကင်ဆာဆေးလည်းပေးရလို့ မျိုးဥအိမ်က ဟော်မုန်းမထုတ်ရသူဆိုရင်တော့ နည်းနည်းလေးအဖြစ်နည်းပြန်တယ်။ အသက်ကြီးမှ ဓါတ်ကင်ရရင်တော့ ထူးခြားမှုမရှိပါ။
• ၁၉၆ဝ ကျော်ကာလတွေမှာ ကိုယ်ဝန်မပျက်အောင် (DES) ဆေးပေးခဲ့တယ်။ သူတို့မှာ နည်းနည်းအဖြစ်ပိုတယ်။
• ကလေးမရှိသူတွေနဲ့ ပထမကလေးကို အသက် ၃ဝ မတိုင်ခင်ကမွေးခဲ့သူတွေမှာ နည်းနည်းလေးအဖြစ်ပိုတယ်။ ကလေးများများမွေးသူတွေကနည်းတယ်။
• ကိုယ်ဝန်တားဆေးသုံးတဲ့သူတွေမျာ နည်းနည်းပိုဖြစ်ကြတယ်။ ဆေးရပ်လိုက်ရင် ပုံမှန်ပြန်ဖြစ်တယ်။ Depo-Provera ၃ လခံထိုးဆေးထိုးထားသူတွေမှာ လေ့လာမှုတချို့သာရှိတယ်။ လက်ရှိဆေးထိုးနေသူတွေမှာ နည်းနည်းပိုတယ်။ ဒါပေမယ့် ၅ နှစ်တာထိုးထားသူတွေမှာ ပိုတာမတွေ့ရဘူး။
• သွေးဆုံးပြီးသူတွေကို ဟော်မုန်းဆေးပေးတတ်တယ်။ သားအိမ်ရှိသေးသူတွေကို အီစထိုဂျင် နဲ့ ပရိုဂျက်စတီရုန်းပါ တားဆေးမျိုးပေးတယ်။ သားအိမ်မရှိတော့သူတွေကို အီစထိုဂျင် တမျိုးတည်းသာပေးတယ်။ သူတို့မျာ ပိုတာမတွေ့ရပါ။ ဟော်မုန်း ၂ မျိုးတွဲပေးထားသူတွေမှာ ဖြစ်နိုင်ချေပိုတယ်။ သေဆုံးရမှုလည်းပိုတယ်။
• ကလေးကိုနို့တိုက်သူတွေမှာ (ကလေးအသက် ၁ နှစ်ခွဲ ၂ နှစ်အထိ) အဖြစ်နည်းနည်း နည်းတယ်။
• အရက်သောက်သူတွေမှာ အဖြစ်ပိုတယ်။ တနေ့မှာ ၂-၅ ခွက်သောက်သူတွေမှာ ၁ ဆ ခွဲပိုတယ်။
• အဝလွန်သူ ပိုဖြစ်ကြတယ်။
• ကိုယ်လက်လှုတ်ရှားမှု နည်းသူတွေမှာ ပိုဖြစ်ကြတယ်။ တပါတ်မှာ ၁့၂၅ ကနေ ၂့၅ နာရီအထိ လှုတ်ရှားမှု မလုပ်သူတွေမှာ ၁၈% ပိုဖြစ်တယ်။
ပလပ်စတစ်၊ အလှအပသုံးတွေ၊ တကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်တွေ၊ ပိုးသတ်ဆေး (DDE နဲ့ PCBs) တွေနဲ့ ထိတွေ့သူတွေမှာ သီအိုရီအရအဖြစ်ပိုတယ်။ လက်တွေ့မှာ ကိန်းဂဏန်းမရှိပါ။ သုတေသနတွေလိုသေးတယ်။ ဆေးလိပ်နဲ့ ရင်သားကင်ဆာနဲ့ဆက်စပ်မှု မတွေ့သေးပါ။ ညအလုပ်လုပ်သူတွေ ပိုများကောင်းများနိုင်တယ်။ အတိအကျပြောမရသေးပါ။ ချွေးထွက်သက်သာဆေး၊ ဘရာစီယာ၊ ကိုယ်ဝန်ဖျက်ခြင်းနဲ့ ရင်သားအတုတွေနဲ့ ရင်သားကင်ဆာဆက်စပ်မှုကို ငြင်းခုန်နေကြဆဲဖြစ်တယ်။
ကင်ဆာဆန်ခါတင်စစ်ခြင်းလုပ်တာ ကောင်းတယ်။ ရင်သားကင်ဆာအတွက် မင်မိုဂရမ်ရိုက်ခြင်း၊ အူမကြီးကင်ဆာအတွက် (ကိုလိုစကုပ်ပီ) စစ်ခြင်း။ အမေ ဒါမှမဟုတ် အမမှာ ရင်သားကင်ဆာရှိသူဟာ ဆန်ခါတင်စစ်တာကို သူများထက် ပိုလိုတယ်။ ရင်သားမှာဘာမှမတွေ့ပဲ ဖြတ်ထုတ်တာလုပ်သင့်ကြတယ်။ ၉၅% နည်းစေမယ်။ မျိုးဗီဇစစ်ဆေးနည်းလည်း လုပ်သင့်တယ်။
ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၁၅
Comments
Post a Comment