Glycerol and potassium permanganate ဓါတ်ခွဲခန်း

ကျွန်တော် ၆ တန်း ဓါတ်ခွဲခန်းထဲမှာ ပြုံးဖြီးဖြီးနဲ့ပုံအောက်မှာ ဆရာဝန်တဦးက ရေးတယ်။ တောင်အာဖရိကမှာ လက်တွေ့ အတွေ့အကြုံမပါတဲ့ကျောင်းသား တက္ကသိုလ်တက်ခွင့်မရတဲ့။

ဆဋ္ဌမတန်းဆိုတော့ ၁၉၆၀-၆၁ ခုနှစ်က ဖြစ်ပါမယ်။ သတ္တမတန်းရောက်တော့ လက်တွေ့ကို လူပုံအလယ် ပြခဲ့ရတာ အမှတ်ရပြန်ရော။ မုံရွာ ကျောင်းသားပွဲတော်ကို မြို့နယ်အားကစားကွင်ကြီးထဲမှာ ကျင်းပတယ်။ တန်ဆောင်မုန်းလထဲလို့ ထင်တယ်။ အထက်တန်း သိပ္ပံဆရာမက သင်ပေးထားတယ်။ ရွံ့နဲ့ မီးတောင်ပုံ ထိပ်ဝမှာ နို့ဆီခွက်ကလေး ထည့်ထားတယ်။ လူတွေလာကြည့်ပြီဆိုရင် ကျွန်တော်က ပိုတက်စီယန် ပါမင့်ဂနိတ် ခရမ်းရောင်အမှုန့်ကို လက်ဖက်ရည်ဇွန်းလေးနဲ့ နို့ဆီခွက်လေးထဲထည့်၊ နောက် အလှဆီနည်းနည်းလေး လောင်းထည့်ပေး။ မီးခိုးတွေ အူတက်လာ။ မီးတောက်လောင်လာတယ်။ လူတွေက သဘောကျတော့ မောင်ကျောင်းသားက စပ်ဖြီးဖြီး။ 

ဗိုက်ဆာလာချိန်မှာ ပွဲဈေးတန်းကနေ ဆရာမက မုံ့ဝယ်ကျွေးတယ်။ အာစရယဂုဏ်မှာ တခုပိုသိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ