မုန့် နဲ့ မုံ့

မုံ့လေပွေ

- ဆန်ဈေးတွေတက်လို့ ထမင်းမစားတော့ဘူး ဒါပဲ စားတော့မယ် 
- သွေးသောက်အယ်ဒီတာ၏ အမှာ
၁။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။
၂။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ
၃။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ
၄။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။
၅။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။
၆။ မုံ့ လား မုန့် လား။
၇။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ

မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။
ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။
နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါတယ်။
မုံ့ဖက်ထုပ်၊ မုံ့ဆန်း၊ မုံ့စိမ်းပေါင်း၊ မုံ့လေပွေ၊ မုံ့ဗိုင်းတောင့်၊ ဘီးမုံ့၊ ပဲမုံ့၊ မုံ့ဖက်လိပ်၊ မုံ့ကြာလိပ်၊ မုံ့ကတော့၊ ငှက်ပျောမုံ့၊ ကောက်လန်းတီမုံ့၊ ထန်းသီးမုံ့၊ ကတတ်မုံ့၊ မုံ့ကတိုးဖွာ၊ မုံ့လုပ်ဆောင်း၊ မုံ့ကြာရိုး၊ ကျိူမုံ့၊ မုံ့ငါးကလေး၊ မုံ့လုံးကြီး၊ မုံ့လုံးရေပေါ်၊ မုံ့ပိန္နဲစေ့၊ အေးမုံ၊ လမုံ့၊ အထက်မီးအောက်မီးမုံ့၊ မုံ့ဆန်း၊ မုံ့ဆန်းမရွေး၊ မုံ့စလင်းထောင်ကြော်၊ မုံ့ဆီကြော်၊ မုံ့ချိုသွင်း၊ ပသျှူးမုံ့၊ ဒေါင်းဖန်ဝါမုံ့၊ ထိုးမုံ့၊ မုံ့ဟင်းခါး၊ မုံ့ကြွပ်၊ မုံ့ဝမ်းသာ။
ခုခေတ်မှာ လျှာရှည်ထားတဲ့ သတ်ပုံတွေ မနည်းလှပါ။ မုံ့လို့ရေးရင် စားစရာလို့မထင်ကြ။ ရောင်းရမယ်မထင်။ ဝယ်သူအကြိုက်သာ လိုက်ရေးကြပေတော့။ ကျွန်တော်ကတော့ နသတ်ပြီးအောင် မစောင့်နိုင်၊ စားလိုက်တယ်။
မြန်မာစာသတ်ပုံမှန်နဲ့သာရေးကြတဲ့ခေတ်မှာ မုံ့လို့သာရေးပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါတယ်။ မုံ့ဖက်ထုပ်၊ မုံ့ဆန်း၊ မုံ့စိမ်းပေါင်း၊ မုံ့လေပွေ၊ မုံ့ဗိုင်းတောင့်၊ ဘီးမုံ့၊ ပဲမုံ့၊ မုံ့ဖက်လိပ်၊ မုံ့ကြာလိပ်၊ မုံ့ကတော့၊ ငှက်ပျောမုံ့၊ ကောက်လန်းတီမုံ့၊ ထန်းသီးမုံ့၊ ကတတ်မုံ့၊ မုံ့ကတိုးဖွာ၊ မုံ့လုပ်ဆောင်း၊ မုံ့ကြာရိုး၊ ကျိူမုံ့၊ မုံ့ငါးကလေး၊ မုံ့လုံးကြီး၊ မုံ့လုံးရေပေါ်၊ မုံ့ပိန္နဲစေ့၊ အေးမုံ၊ လမုံ့၊ အထက်မီး အောက်မီးမုံ့၊ မုံ့ဆန်း၊ မုံ့ဆန်းမရွေး၊ မုံ့စလင်းထောင်ကြော်၊ မုံ့ဆီကြော်၊ မုံ့ချိုသွင်း၊ ပသျှူးမုံ့၊ ဒေါင်းဖန်ဝါမုံ့၊ ထိုးမုံ့၊ မုံ့ဟင်းခါး၊ မုံ့ကြွပ်၊ မုံ့ဝမ်းသာ။
မုံ့တီဆိုတာ မန္တလေးအသုံးလို့ပြောရင် မမှားလောက်ပါ။ အသံထွက်တော့ မုံ့ဒီ။ နန်းဆိုတာ နန်းဆွဲတာ။ လုံးပတ် အသေး အလတ် အကြီးရှိတယ်။ စက်မှုလုပ်ငန်းမှာသုံးတဲ့ ဒိုင်ယာမီတာ။ သေးမျှင်တာမှာသာ သုံးတယ်။ ဖတ်ဆိုတာ ခပ်ပြားပြားကိုသာ ခေါ်ရတာ များတယ်။ ရောခေါ်လို့လည်း ရပါတယ်။ ဘတ်လို့ အသံထွက်တယ်။
မုံတီလို့ပြောရင် နန်းကြီးမုံ့တီကို တန်းမြင်ကြနိုင်တယ်။ နန်းလတ်၊ နန်သေးလို့ ခွဲပြောကြတယ်။ နန်းသေးကို မုံ့ဟင်းခါးမှာလည်း သုံးတယ်။ ဆန်ပြားက သီးခြား။ ဂျုံပြားကလည်း သီးခြား။ စပါဂတီ ခေါ် အီတလီခေါက်ဆွဲမှာ ပုံစံ အရွယ် အရောင်တွေ အမျိုးမျိုး။ မုံ့လုပ်ဆောင်းမှာတော့ နန်းမဟုတ်ပဲ နှင်းသီး ဖြူဖြူလေးတွေလို လုပ်ထားတယ်။
ရှုမဝမဂ္ဂဇင်းထွက်စအချိန်တွင် ကျွန်တော်တို့သည် နေ့စဉ်လိုလိုပင် စကော့ဈေး အနောက်ဖက်တန်းရှိ ရှုမဝတိုက်သို့ ရောက်တတ်ကြသည်။ လူသွားစင်္ကြန်ပေါ်တွင်ချထားသော ရှုမဝဦးကျော်၏စားပွဲကို ဝိုင်း၍ ထိုင်ကာ ဦးကျော်ဧည့်ခံသော လဖက်ရည်နှင့် မုံ့များကို သုံးဆောင်ကြရင်း စာပေနယ်က ဟိုအကြောင်း သည်အကြောင်းများကို တယောက်နှင့်တယောက် ရောက်တတ်ရာရာ ပြောဆိုကြ၏။ (ငွေဥဒေါင်း)
သစ်ကျားပင် - ဝီကီပီးဒီးယား - မန္တလေးထိုးမုံ့၊ ရွှေကြည်၊ နနွင်းမကင်းစသော မုံ့မျိုးတို့ လုပ်ကိုင်ရာ၌လည်း
ရွှေကျေး (မုံ့မျိုးစုံ)
ဝယ်သူအကြိုက်သာ လိုက်ရေးကြ https://nyaungoo.xyz/?p=24410

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ