သမိုင်း တစ

သမိုင်း တစ - ၁ 

နန်းတော်ရှေ့မှာ အစဉ်အလာ အမှတ်တရလေးအဖြစ် နှစ်စဉ်ကျင်းပနေတဲ့ ကထိန်တော် အသင်းလေး ရှိခဲ့ပါတယ် 

စစ်ပြီးခေတ် ကာလမှာ နန်းတော်ရှေ့ နေအိမ် ရပ်ကွက်က လူနေခပ်ကျဲကျဲ ဈေးကလေးက ယိုင်တိုင်တိုင် အမိုးအကာများနဲ့ ဈေးရောင်းကျရှာရင်း ဈေးသည် အမျိုးသမီးတစုဟာ ကထိန်ကလေးလုပ်ဖို့ဆန္ဒရှိလာတဲ့အတွက် တိုင်ပင် ကြပါတယ် တိုင်ပင်တဲ့ အမျိုး သမီးလေးတွေဟာ အပျို ကြီးတွေ ဖြစ်နေကြတာမို့ အပျိုကြီးကထိန်ဆိုတဲ့ နာမည်လေး စိတ်ကူးယဉ်ပြီး ပေးခဲ့ကြပါတယ် 

ဒီသတင်းဟာ ဈေးလောကထဲမှာ တမဟုတ်ခြင်း ပျံနှံ့သွား ပြီး အမျိုးသား လူပျိုကြီးများ ဘက်ကလည်း အားကျမခံ လူပျိုကြီးကထိန်ရယ်လို့ အမည်တပ်ပြီး အကောင်အထည် ဖော်ပါတော့တယ် 

လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ နန်းတော်ရှေ့ စာကြည့်သင်း ကော် မတီမှ ကြီးမှူးပြီး ကထိန်တော်ကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ 

ကောက်နှုတ်ချက်။ ရတနာပုံနေ့စဉ်သတင်းစာ

သမိုင်း တစ - ၂

နန်းတော်ရှေ့ နယ်လုံးဆိုင်ရာစာကြည့်သင်းရယ်လို့ မတည်မီ နန်းတော်ရှေ့ ရွာသာရပ်မှာရှိတဲ့ ဇရပ်ကြီးမှာ စာဖတ်ခန် တခု ရှိခဲ့ပါတယ်

အားလပ်တဲ့အချိန်မှာ စာဖတ်ဝါသနာ ပါသူတွေဟာ စာလာဖတ်ကြပါတယ် 

စာပေကတော့ ဗုဒ္ဓစာပေတမျိုးထဲသာ သီးသန့်ထားပါတယ်။ ခေတ်စာပေတွေ မထားပါဘူး။ ဗုဒ္ဓကလျာဏယုဝအသင်း အသွင်ဆောင်ပါတယ်။

နာက်ပိုင်းမှာတော့ ခေတ်ရဲ့ တောင်းဆိုချက်အရ ခေတ်စာပေတွေထားပြီး စာဖတ်ခန်း ကနေ စာကြည့်သင်း အမည်ပြောင်းပြီး ရွာသာဇရပ်ကနေ ၁၉ x ၂၀ ကြား ၆၃ လမ်းသို့ ပြောင်းရွေ့ပြီး နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်း အမည်ဖြင့် ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါတယ်။

ယခု လက်ရှိ တည်နေရာကတော့ ၁၉ x ၂၀ကြား ၆၄လမ်း (အာယုလမ်း)

သို့ စစ်ဘေးသင့်ပြီး စာအုပ်တွေ မီးလောင် စစ်ထဲပါပြီးနောက် ဘီဒို တလုံး သာသာစာအုပ်များဖြင့် ကိုယ်ထူကိုယ်ထ စတင်ခဲ့ရခြင်းသာ ဖြစ်ပါတယ်။

ကောက်နှုတ်ချက်။ ရတနာပုံနေ့စဉ် သတင်းစာ

တင်ထွေး (နန်းတော်ရှေ့)

တင်ထားတာကို ဖတ်ရတယ်။ သတ်ပုံလည်းမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ အခုကော မန္တလေး၊ နန်းတော်ရှေ့မှာ သတ်ပုံမှန်နဲ့ စာရေးတတ်သူ ရှိသေးလား မသိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ