Radiotherapy ကင်ဆာကို ဓါတ်ကင်ခြင်း

၁။ ရင်သားကင်ဆာတနင်္လာနေ့ဓာတ်ကင်ရမှာမို့ဆောင်ရန်ရှောင်ရန်လေးများ ထားချင်လို့ ပြပေးကြပါရှင့်
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။
ကွန်မင့်များ -
- စက်ပြာမတိုက်ရဘူး
- ကင်pရင်သာရေမချိုးနဲ
- ဘာမမရှောင်ရပါဘူး
၂။ ဓာတ်ကင်ရင်ဘာတွေခံစားရမလဲသိချင်လို့ပါ အတွေ့အကြုံလေးတွေမျှဝေပေးကြပါအုံးရှင် ဆောင်ရန် ရှောင်ရန်လေးတွေလည်း ပြောပြပေးကြပါအုံးနော် 
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။
၃။ ဓါတ်ရောင်ခြည်ကုထုံးပေးရင် ရက်ခြားပေးရတာလားရှင့် ပေးဖူးသူတွေပြောပြပေးကြပါနော်။ 
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ 
ကွန်မင့်များ -
• ၅ရက်ကင်၂ရက်နားပါတယ်
• ကျမတုန်းကတော့ ရန်ကုန်ဆေးရုံကြီးမှာရောင်ခြည်ပေးရတာဆိုတော့ စနေ တနဂ်နွေ နဲ့ အစိုးရရုံးပိတ်ရက်တွေမှာ နားပါတယ်
• စက်ပျက်ရင်ခဏနားတယ်။
• စနေ တနဂ်နွေ ဘဲ့ နားရက်ပါ
• တပတ်ကိုစနေတနင်ဂနွေပဲနားတယ်
• နေ့စဥ် စနေတနင်္ဂနွေ ပိတ်ရက်နား
• နေ့တိုင်းပါရှင်
• ပိက်ရက်ပဲနားရပါတယ်
• ပိတ်ရက်ကလွဲနေ့တိုင်းပေးရပါတယ်
• ရုံးဖွင့်ရက်တိုင်း
Radiotherapy ရေဒီယေးရှင်းသာရာပီ ခေါ် ကင်ဆာကိုဓါတ်ကင်ခြင်းက ကင်ဆာပြန်ဖြစ်လာမှာကို ဖြစ်နိုင်ခြေ နည်းစေတယ်။ ဓါတ်ကင်တဲ့အခါ ဆေးသောက်သလိုဘဲ တကြိမ်မှာဘယ်လောက်ဆိုပြီး ခွဲပြီး ကုသပေးတယ်။ ဥပမာ တပတ်မှာ တနင်္လာနေ့ကနေ သောကြာအထိ ၅ ရက်ကင်ပြီး ၂-၃-၅ ပတ်ကနေ ၇-၈-၉-၁၀ ပတ်ကြာမယ်။ တကြိမ်ကင်ရင် ၁၀ မိနစ်ကနေ ၃၀ မိနစ်ကြာတယ်။ နာထားချိန်မှာ ပျက်စီးသွားတဲ့ ဆဲလ်အကောင်းတွေ ပြန်သက်သာလာမယ်။ ရှားရှားပါပါး တနေ့တည်းမှာ တကြိမ်မက ပေးတာမျိုးလည်း ရှိတယ်။
Chemotherapy Cycles ခီမို ခေါ် ခီမိုသာရာပီ ပေးနည်း https://dr-tint-swe.blogspot.com/2022/07/chemotherapy-cycles.html
Radiation Therapy Side Effects ကင်ဆာဓါတ်ကင်ခြင်း၏ ဘေးထွက်သက်ရောက်မှုများ https://dr-tint-swe.blogspot.com/2021/05/radiation-therapy-side-effects.html
Chemo-radiation ခီမို + ဓါတ်ကင်ခြင်း https://dr-tint-swe.blogspot.com/2022/04/chemo-radiation.html
Bathing in Radiotherapy Process ဓါတ်ကင်ကုသနေစဉ်ကာလမှာ ရေချိုးသင့် မချိုးသင့်
https://dr-tint-swe.blogspot.com/2022/05/bathing-in-radiotherapy-process.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

A1C (HbA1c) test ဆီးချိုအတွက်

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ