Spherical Earth ကမာ္ဘကြီးသည်

ကမာ္ဘကြီးဟာလုံးဝန်းသောပုံပန်းသဏ္ဌာန်ရှိသည်ဆိုတဲ့အယူအဆကို ဘီစီ ၆ ရာစု ဂရိခေတ်ကတည်းကသိခဲ့ပါတယ်။ ကမာ္ဘကြီးကို ကြုံ့သွားစေခဲ့ပြီလို့ ကြုံးဝါးနေကြတယ်။ ကမာ္ဘဆိုတာသေးသေးလေးပါကွာလို့ပြောတာက နေရာတခုမှာ မထင်မှတ်ပဲ အသိတယောက်ကို ပြန်တွေ့တဲ့အခါမျိုးမှာပြောတယ်။ ကမာ္ဘရွာဆိုတဲ့အသုံးပေါ်လာတာ အမှန်က စာရေးဆရာ မာရှယ် မက်လူဟန်က ၁၉၆၂  မှာစာအုပ်ရေးတာကနေစပါတယ်။ မီဒီယာကျယ်ပြန့်လာတာကိုရေးတာပါ။ ကနေ့ လူသိများတဲ့ ကမာ္ဘရွာဆိုတာ အင်တာနက်ပေါ်လာမှပြောကြာတာဖြစ်တယ်။ ကမာ္ဘကြီးပြားပြီဆိုတာကတော့ သောမတ်စ် ဖရီးမင်းရဲ့စာအုပ်ကြောင့် ဖြစ်ပါတယ်။ 

ဖေ့စ်ဘွတ်ပေါ်လာတော့ ဘယ်မှာနေနေ နေ့နေ့ညည ဆက်သွယ်ရတာ ပိုလွယ်လာတယ်။ အသံ၊ ရုပ်ပုံ၊ ဗီဒီယို အစုံပါပဲ။ အဲတော့ ဝေးကွာမှုတံတိုင်းဆိုတာ မရှိတော့သယောင် ထင်မှတ်လာစေတယ်။ အထင်ပါ။ အသိတွေ၊ မိတ်ဆွေတွေ၊ အမျိုးတွေက လက်ဖက်စို၊ လက်ဖက်ခြောက်၊ ငါးခြောက်စသဖြင့် ပို့ပေးချင်တယ်တဲ့။ နေပါစေလို့ ပြန်ပြောရတာ အားနာတာတခုတည်းမကပါ။ ပစ္စည်းပို့ရတာ လူကြုံကောင်းဦးတော့ ခက်ပါတယ်။ 

ကမာ္ဘကြီးမှာ အတားအဆီးတွေ၊ အကွာအဝေးတွေ အမှန်တကယ်ရှိနေပါတယ်။ ဖေ့စ်ဘွတ်မှာ မွေးနေ့လက်ဆောင်ကိတ်မုံ့ သုံးဆောင်ပါလို့ပို့သလို မရပါ။ ဗာကျူရယ်ခေတ်မှာ အတုအပကိုသာ သာယာပျော်မွေ့ခံစားကြသူများ အိပ်မက်ကို တခန်းရပ်သင့်ကြပါတယ်။ 

ပိတ်ထားခဲတဲ့ တံခါးတွေ ဖွင်လိုက်တော့ အပြင်ကနေ ယင်ကောင်တွေပါ ဝင်လာတယ်ဆိုစကား နည်းနည်း ရိုးသွားပြီ။ အင်တာနက်ခေတ်မှာ လွယ်ကူလာတာတွေထဲမှာ လိမ်နည်းတွေလည်း ပိုလွယ်လွယ်လာပါတယ်။

ကိုယ်ထိလက်ရောက်၊ ကာယကံမြောက်ကို အစားထိုးလို့မရနိုင်ပါ။

ဒေါက်တာတင့်ဆွေ

၁-၈-၂၀၁၅

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ