ချစ်အာရုံ

ကျမရဲ့ဖြစ်ပုံ ဖြစ်ပုံအဆန်းအစုံပွဲဈေးတန်းလျှောက်မိလို့

မောင်ကြီးနဲ့ဆုံသလေတော့

မြင်မြင်ချင်းသိ မောင်ကြီးအကြည့်ကလိနေပုံ

ပျိုလေးမိရွှေဘဝင် တသိမ့်သိမ့်လှိုက်လို့တုန်

မြန်လှချီရဲ့ ချစ်မိတဲ့ချစ်အာရုံ

ကျမရဲ့ဖြစ်ပုံ ဖြစ်ပုံအဆန်းအစုံ

ပွဲဈေးတန်းလျှောက်မိလို့

မောင်ကြီးနဲ့ဆုံသလေတော့

မြင်မြင်ချင်းသိ မောင်ကြီးအကြည့်ကလိနေပုံ

ပျိုလေးမိရွှေဘဝင် တသိမ့်သိမ့်လှိုက်လို့တုန်

မြန်လှချီရဲ့ ချစ်မိတဲ့ချစ်အာရုံ

နုထွားပျို မေလုံ

သူ့အသည်းမှာ စွဲနေပါသတဲ့

သည်းလိုက်တဲ့ ဖြစ်ပုံ 

နုထွားပျို မေလုံ

သူ့အသည်းမှာ စွဲနေပါသတဲ့

ကဲလိုက်တဲ့ ဖြစ်ပုံ

ဆုံချင်ကြုံချင်

လိုက်ခဲ့ပါလားဖိတ်ခေါ်ပါရဲ့ယုံ

လူညိုယဉ်အကို

လိုက်လို့လာမလားကျမတို့ရွာမြစ်ဆုံ

ဆုံချင်ကြုံချင်

လိုက်ခဲ့ပါလားဖိတ်ခေါ်ပါရဲ့ယုံ

လူညိုယဉ်အကို

လိုက်လို့လာမလားကျမတို့ရွာမြစ်ဆုံ

ဥပုသ်သီတင်းစောင့်ဖို့

ရွာလည်မှာဓမ္မာရုံ

ပျိုလေးတို့အိမ်ဦး

စံပယ်ဖူးတဲ့တရုံနှစ်ရုံ

မြောက်ဘက်ကမ်းခင်းက

လုံလုံခြုံခြုံ

မြန်းခဲ့ပါတော့

တောင်ဘက်မှာလည်းဆပ်သဖူးရုံရှင့်

စပါးရွှေဝါ တောင်လိုပုံ

ဆီကိုရေချိုး

ဆေးရိုးမီးလှုံဆေးရိုးမီးလှုံ

စပါးရွှေဝါ တောင်လိုပုံ

ဆီကိုရေချိုး

ဆေးရိုးမီးလှုံဆေးရိုးမီးလှုံ

ဖိတ်လို့သာဖိတ်ရ

စိတ်ကတော့သိပ်မလုံပါရှင့်

မောင်ကြီးလာမယ့်လမ်း

မျှော်မှန်းပျိုလေးချစ်အာရုံ

နုထွားပျို မေလုံ

သူ့အသည်းမှာ စွဲနေပါသတဲ့

သည်းလိုက်တဲ့ ဖြစ်ပုံ

နုထွားပျို မေလုံ

သူ့အသည်းမှာ စွဲနေပါသတဲ့

ကဲလိုက်တဲ့ ဖြစ်ပုံ

ဆုံချင်ကြုံချင်

လိုက်ခဲ့ပါလားဖိတ်ခေါ်ပါရဲ့ယုံ

လူညိုယဉ်အကို

လိုက်လို့လာမလားကျမတို့ရွာမြစ်ဆုံ

ဆုံချင်ကြုံချင်

လိုက်ခဲ့ပါလားဖိတ်ခေါ်ပါရဲ့ယုံ

လူညိုယဉ်အကို

လိုက်လို့လာမလားကျမတို့ရွာမြစ်ဆုံ

ဥပုသ်သီတင်းစောင့်ဖို့

ရွာလည်မှာဓမ္မာရုံ

ပျိုလေးတို့အိမ်ဦး

စံပယ်ဖူးတဲ့တရုံနှစ်ရုံ

မြောက်ဘက်ကမ်းခင်းက

လုံလုံခြုံခြုံ

မြန်းခဲ့ပါတော့

တောင်ဘက်မှာလည်းဆပ်သဖူးရုံရှင့်

စပါးရွှေဝါ တောင်လိုပုံ

ဆီကိုရေချိုး

ဆေးရိုးမီးလှုံဆေးရိုးမီးလှုံ

စပါးရွှေဝါ တောင်လိုပုံ

ဆီကိုရေချိုး

ဆေးရိုးမီးလှုံဆေးရိုးမီးလှုံ

ဖိတ်လို့သာဖိတ်ရ

စိတ်ကတော့သိပ်မလုံပါရှင့်

မောင်ကြီးလာမယ့်လမ်း

မျှော်မှန်းပျိုလေးချစ်အာရုံ။   ။

ချစ်အာရုံ (နီနီဝင်းရွှေ) https://www.youtube.com/watch?v=AJ_LVxse8Mg

ချစ်အာရုံ - စိုးစန္ဒာထွန်း https://www.youtube.com/watch?v=3iup7o7SiY8

ချစ်အာရုံ မေရွက်ဝါ ပန်းမြိုင်လယ်ကဥယျာဥ်မှူးရုပ်ရှင် https://www.youtube.com/watch?v=u3LUmrvETag

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ