Rural Medical Life ခေတ်ကောင်း နှင့် ခေတ်ဟောင်း

ဆေးခန်းထဲရောက်ရင် အဓိကအားဖြင့် လုပ်စရာ နှစ်လုပ်ဘဲ ရှိပါတယ်။ ကိုယ်လုပ်နိုင်ရင် လုပ်ပေးလိုက်ပါ။

မလုပ်ပေးနိုင်ရင် လုပ်ပေးနိုင်သူဆီကို လွှဲပေးလိုက်ပါ။ ဘယ်အလုပ်မဆို ကိုယ်လုပ်နိုင်တာရဲ့အတိုင်းအဆကို နားလည်ဖို့လိုပါတယ်။ လုပ်နိုင်ရင် လုပ်ပါ။ မလုပ်နိုင်ရင် လုပ်နိုင်သူကို လုပ်စေဖို့ သတိရပါ။

ဆရာဝန်တဦးက ရေးထားတာဖြစ်ပါတယ်။ ကျေးဇူး။ အခုရေးထာတာ အခုခေတ်မှာ အလွန်မှန်ပါတယ်။ ကျွန်တော်တို့ခေတ်ကို ပြန်စဉ်းစားကြည့်တယ်။ မြို့သာကို တာဝန်ကျတော့ အဲဒီခေတ်မှာ ဓါတ်မှန်ရှိတာ မန္တလေး၊ နည်းနည်းဝေးတယ်။ အနီးဆုံး တံတားဦးမှာ မရှိ။ ငါန်းဇွန်မှာလည်း မရှိ။ 

အာထွာဆောင်း မပေါ်သေး။ ဓါတ်ခွဲခန်းလည်း မန္တလေး။ မိုင် ၈၀ ဝေးတယ်။ ကုန်းတတန် ရေတတန် သွားရတယ်။ မြို့သာတိုက်နယ်ဆေးရုံကိုလာကြတဲ့ လူနာတွေက အများအားဖြင့် ငွေကြေး မတတ်နိုင်ကြပါ။ တောင်သူနဲ့ ထန်းသမားများတယ်။ ကားငှားရင် မန္တလေးနေ့စဉ်ပြေးဆွဲတဲ့ ဘတ်စ်ကား ၂ စီးသာ ရှိတယ်။

ခွဲစိတ်ရမဲ့လူနာတွေက လှည်းကြမ်းမစီးနိုင်ရင်၊ ရောဂါက အချိန်ကို မစောင့်နိုင်ရင်၊ တောဆရာဝန် ဘာလုပ်ရမလဲ။ ဆေးကျောင်းမှာ သင်ပေးလိုက်တဲ့ ဘာသာရပ်ထဲမှာ အဲလိုအဆုံးအဖြတ်ချနည်း မပါ။ 

သွေးသွင်းရမဲ့လူနာတွေ ဘီပီအိုင်ကထုတ်ပြီး ခွဲတမ်းနဲ့သာရတဲ့ ဖျူရင်မင်ဘီစီ သောက်ပါလို့ ပြောရမလား။ 

အထူးကုဆရာဝန်တွေကို မွေးထုတ်နေခါစ။ မုံရွာမှာတောင် အထူးကုဆရာဝန် မရှိသေး။

အွန်လိုင်းဆရာဝန် ဝေလာဝေး။ ဒိုင်ခွက်ကနေလှည့်ပြောရတဲ့ တယ်လီဖုန်း တောသားတွေ မမြင်ဘူးကြသေး။

အဆုံးမှာတော့ ဆရာဝန်ကံ၊ လူနာ့ကံ။ လက်တည့်စမ်းရတာတွေ များလွန်းခဲ့ပါတယ်။ အိုပီဒီ ခေါ် အပြင်လူနာ ကြည်တဲ့နေရာကို လူနာကုန်တာနဲ့ တံခါးပိတ်ပြီး အိုတီ ခေါ် ခွဲစိတ်ခန်းအဖြစ် အသွင်ပြောင်းရတယ်။ လျှပ်စစ်မီး ထည့်မရေးတော့ပါ။

ကွန်ဆားလ်တင့် ခေါ် အတိုင်ပင်ခံက ကေဒတ်စ် ခေါ် ခွဲစိတ်ကုပညာ စာအုပ်ဟောင်းလေး တအုပ်သာ။ အဲလို ဆေးပညာစာအုပ်မျိုးကို စီနီယာတွေက လက်ဆင့်ကမ်းလို့သာ ရတာ ဝယ်မရ။

ကန်တော့ + ဆောရီး။

အခုခေတ်က ခေတ်ကောင်းလို့ ပြောချင်မိပါကြောင်း။

SMO တိုက်နယ်ဆရာဝန် https://dr-tint-swe.blogspot.com/2021/06/smo.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ