Salivary gland tumors တံတွေးထွက်ဂလင်း ကင်ဆာ

၁။ တံတွေးထွက်ဂလင်းကင်ဆာ ဘယ်လိုကြောင့် ဘယ်ကစဖြစ် သိပါရစေဆရာရှင့် တချို့က တံတွေးဂလင်းကင်ဆာကို မကြားဘူး မသိကြဘူး
တမြန်နေ့က တခါ ဖြေတာကို တင်ထားသေးတယ်။
၂။ တံတွေးဂလင်းကင်ဆာအကျိတ်ခွဲစိတ်ပြီး ခီမို + IMRT ဓာတ်ရောင်ခြည်ပေး ကုသနေပါတယ် ခွဲစိတ်လို့ မရတဲ့နေရာမှာ အကျိတ်ကျန်ခဲ့ ပြန်ရည်ကျိတ်တွေရောင်နေပါတယ် ဘယ်လိုအစားအစာ အားဆေးများ စားသောက်ရမလဲ ဆရာကြီး ဆရာမကြီးများရှင့် 
ကျွန်တော့ကိုမေးတာ မဟုတ်ပါ။ ကင်ဆာမေးခွန်း ၉၉% လောက်က အစားအစာနဲ့ ဖြည့်စွက်စာကိုသာ မေးကြတယ်။ ကင်ဆာနဲ့ အစားအစာ ၉၀% လောက်က မဆိုင်ပါ။ ဘယ်ကင်ဆာမဆို စောစောသိ။ သိတာနဲ့ စနစ်ကျကုသ၊ ကုသမှုပြီးနောက် ပြန်ပြရမဲ့အချိန်မှာ ပြန်ပြရမယ်။
တံတွေးထွက်ဂလင်း ကင်ဆာကို Parotid tumors လို့လည်း ခေါ်တယ်။ Salivary gland tumors လို့လည်း ခေါ်တယ်။ လူတိုင်းမှာ တံတွေးထွက်ဂလင်း ခေါ် အိတ် တစုံစီရှိတယ်။ နာရှေ့နားမှာ။ တခြား တံတွေးထွက်စရာအိတ်ကလေးတွေလည်း ရှိသေးတယ်။ နှုတ်ခမ်း၊ လျှာ၊ ပါးစပ်နဲ့ လည်ချောင်းထဲမှာ။ နာရှေ့နားက နေရာမှာ ကင်ဆာဖြစ်လေ့ရှိတယ်။ ကင်ဆာမဟုတ်တာက ပိုများပါတယ်။
ကင်ဆာဖြစ်ရင် အကျိတ် ကြီး၊ ရောင်လာပေမဲ့ မနာပါ။ ထုံမယ်။ ပူလောင်မယ်။ မျက်နှာအမူအယာ ပုံမှန်မလုပ်နိုင်။
ကုသရာမှာ ပဌမအဆင့် ခွဲစိတ်ရမယ်။ လူနာတဦးစီအခြေအနေအရ ခွဲနည်းရွေးရတယ်။ ခွဲပြီးမှာ ဓါတ်ကင်ရတယ်။ တချို့ကိုတော့ ခီမိုသာရာပီ ရေးရတယ်။
မင်္ဂလာပါဆရာ ကျမ မောင်လေး အသက် ၃၀  လူပျိုပါ တံထွေး ထွက်များပြီး ခဏခဏထွက်နေတာ  ၁နှစ်ကျော်ပါပြီးရှင် ဆေးရုံ ဆေးခန်း ခေါ်သွားလည်း မသွားဘူး တံတွေး ထွက်နည်းအောင် ဘာဆေးတွေ သောက်ရမလဲ ဆိုတာ ကျေးဇူးပြု၍ ဖြေကြားပေးပါ ဆရာ။
လူတိုင်းမှာ တံတွေးထွက် ဂလင်း လေးစုံစီ ရှိတယ်။ မေးရိုးဝန်းကျင်၊ နားရှေ့အောက်နား၊ ပါးစပ်ထဲက လျှာအောက်နဲ့ ပါးမှာ တည်ရှိကြတယ်။ သူတို့ကနေ အင်ဇိုင်းမ် ခေါ် ဓါတ်ထုတ်ပေးနေတယ်။ ရောင်တာနဲ့ ကင်ဆာရောဂါ ရနိုင်တယ်။
သွားရည်များတာအတွက် Atropine ဆေးပေးတယ်။ စားဆေး + ထိုးဆေးရှိတယ်။ Anticholinergic, Antispasmodic Agents အမျိုးအစားဆေးဖြစ်တယ်။
အသက်ရှူလမ်းနဲ့ အစာလမ်းက ပုံမှန်ထွက်တဲ့အရည်တွေကို နည်းစေအောင်လည်း ပေးတယ်။ 
ခွဲစိတ်လူနာတွေကို မေ့ဆေးမပေးခင် ထိုးပေးလေ့ရှိတယ်။
နှလုံးခုန်နှေးတာအတွက်လည်း ပေးတယ်။ 
မှိုအဆိပ်သင့်တာအတွက် ကုသဆေးလည်းဖြစ်တယ်။ 
စိုက်ပျိုးရေး ပိုးသတ်ဆေး အဆိပ်သင့်ရာမှာလည်း ဖြေဆေးအဖြစ်သုံးတယ်။ 
Atropine အများဆုံးဖြစ်တဲ့ ဘေးထွက်သာက်ရောက်မှုများ
- အာခေါင်ခြောက်၊
- မျက်စိကြည့်မကောင်း၊
- အလင်းရောင်မခံနိုင်၊
- ချွေးထွက်နည်း၊
- ခေါင်းမူး၊
- ပျို့၊
- ဟန်ချက်ပျက်ခြင်း၊
- နှလုံးခုန်မြန်။
ဆိုးတဲ့ ဘေးထွက်သက်ရောက်မှုများ
- နှလုံးခုန်မြန်၊
- မျက်စိရေတိမ်၊
- အစာလမ်းပိတ်ဆို့ခြင်း၊
- ဆီးအိမ်တင်းနေခြင်း၊
- အသက်ရှူလမ်းချွဲပိတ်နေခြင်း၊
Atropine sulfate မျက်စဉ်းကို မျက်စိစမ်းသပ်ရာမှာ သူငယ်အိမ်ကျယ်စေအောင်သုံးတယ်။
မင်္ဂလာပါဆရာရှင့် Parotid gland အကျိတ်သည် ရိုးရိုးအကျိတ်လည်းဖြစ်နိုင်သလို ကင်ဆာအကျိတ်လည်း ဖြစ်နိုင်ပါတယ်။တချို့အကျိတ်များသည် ကင်ဆာအကျိတ် မဟုတ်လည်း ရောင်ခြည်ပေးရသည်ဟု  ပြောပါသည်။ ဘာကြောင့်ပေးရသည်ကို သိရှိလိုပါသည် ဆရာရှင့်
ပရောတစ်ဂလင်းမှာ ဖြစ်နိုင်သည့် ရောဂါများ
1. Parotitis ရောင်ခြင်း
2. Mumps ပသိရောင်ကူးစက်ရောဂါ
3. Fibrous reactions တီဘီ၊ ဆစ်ဖလစ်ကြောင့် ဖြစ်စဉ်ပြောင်းခြင်း
4. Salivary stones ကျောက်တည်ခြင်း
5. Injury ထိုခိုက်မိခြင်း
6. Cancer and tumors ကင်ဆာနှင့် ကင်ဆာမဟုတ်အကျိတ်များ
7. Benign ၈၀% ကင်ဆာ မဟုတ်
8. Malignant salivary gland ၂၀% ကင်ဆာ
9. Polycystic parotid disease အရည်အိတ်များ
Parotid (Salivary Gland) တံတွေးထွက် ဂလင်းများ https://dr-tint-swe.blogspot.com/2022/05/parotid-salivary-gland.html
Salivary gland tumors တံတွေးထွက်ဂလင်း ကင်ဆာ https://dr-tint-swe.blogspot.com/2022/08/salivary-gland-tumors.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ