Selling Sickness ရောဂါကိုရောင်းချနေကြခြင်း

ဆေးကြော်ညာတွေကနေ ကျန်းမာရေးစောင့်ရှောက်မှုကို ဘယ်လိုပြောင်းစေသလဲ။ ဆေးတွေကို ဆေးကုမ္ပဏီတွေကနေ ဆရာ၀န်တွေကို ပစ်မှတ်ထားပြီး ဆေးညွှန်းရေးပေးစေချင်လို့ ကြော်ညာရပါတယ်။ DTC advertising စားသုံးသူတိုက်ရိုက် ဆေးကြော်ညာခြင်း နည်းသစ်ကတော့ စားသုံးသူ (ဆေး၀ယ်သူ) တွေကို ၀ယ်ချင်လာအောင် ကြော်ညာနည်း ဖြစ်ပါတယ်။ FDA ဆေး၀ါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ဒါတွေကိုပါ ကြီးကြပ်ဘို့တာ၀န်ရှိပါတယ်။

စားသုံးသူတိုက်ရိုက် ဆေးကြော်ညာကို စတင်ခဲ့တာကတော့ ၁၉၈၁ ခုထုတ် (ရီးဒါးစ်ဒိုင်ဂျက်စ်) ထဲမှာပါလာတဲ့ Pneumovax နူမိုးနီးယားကာကွယ်ဆေးဖြစ်ပါတယ်။ နောက်နှစ်မှာဘဲ FDA ကနေ NSAID အုပ်စု၀င် အနာသက်သာဆေး Oraflex ကို ဈေးကွက်ကနေ ရုပ်သိမ်းခိုင်းခဲ့ရပါတယ်။ မှားယွင်းပြီး တလွဲကိုအထင်ရောက်စေတဲ့ဆေးကြော်ညာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၃ ကတည်းက အသိအမှတ်ပြုခံခဲ့ရတဲ့ Claritin အလာဂျီဆေးအတွက် ကြော်ငြာစရိတ် ၁၂၄ သန်းသုံးစွဲခဲ့ပါတယ်။ FDA ကနေ လမ်းညွှန်ချက်အသစ် ထပ်ထုတ်ရပါတယ်။ ကြော်ငြာခသုံးစွဲမှုတွေဟာ ၁၉၉၇ ကနေ ၂၀၀၂ အထိ သန်း ၂၂၀ ကနေ ၂့၈ ဘီလျန်အထိ တိုးသုံးလာတာတွေ့ရတယ်။

မီဒီယာသစ်တွေပေါ်လာတော့ နည်းသစ်တွေလဲပြောင်းသလို လူတွေရဲ့ စိတ်၀င်စားမှုလဲ ပြောင်းလာပါတယ်။ အရင်က သတင်းစာ၊ ရေဒီယိုနဲ့ တီဗွီကိုသာအာရုံထားကြရာကနေ အွန်လိုင်းပေါ်လာတယ်။ ၂၀၀၈ အတွင်း အမေရိကန် ၁၄၅ သန်းဟာ ကျန်းမာရေးသတင်းအတွက် အွန်လိုင်းတက်ကြပါသတဲ့။ ဆေးကုမ္ပဏီတွေကလဲ ကြော်ညာခကို ၁၉၉၆ ကနေ ၂၀၀၅ အတွင်းမှာ ၃၃၀% အထိတိုးသုံးတာတွေ့ရပါတယ်။

Patent medicines မှတ်ပုံတင်ဆေး ဆိုတဲ့၀ေါဟာရတခုရှိပါတယ်။ ဒီဆေးမျိုး တချို့ဟာ မှတ်ပုံတင်ထားကြတာ မဟုတ်ပါ။ ဆေးကြော်ညာမှာ အရင်နေရာယူခဲ့တဲ့ဆေးမျိုးဖြစ်ပါတယ်။ တိုင်းရင်းဆေးမျိုးတွေကဒီထဲမှာ အများဆုံးပါတယ်။ ဥပမာ မြွေအဆီကနေဆေး လုပ်တာမျိုးပါ။ မြန်မာပြည်မှာက အဲဒါမျိုးများမှများ။ မှား။

ဟာဗယ်ခေါ်တဲ့တိုင်းရင်းဆေးတွေကို အခုနောက်ပိုင်းမှာ အာဟာရဆေးဆိုပြီး လုပ်လာကြပါတယ်။ လိမ်မာပါးနပ်သူတွေက ဥပဒေကို လက်တလုံးခြား ကြော်ညာပါတယ်။ စမ်းသပ်မှုတွေ လုပ်ထားတယ်၊ ရောဂါရှာဖွေရေးအတွက် မဟုတ်ပါ၊ ရောဂါပျောက်မယ်လို့ မဟုတ်ပါဆိုပြီး Disclaimer ထည့်ရေးမှ ဥပဒေလွတ်တယ်။

Herbal health formula that boosts your immune system to help your body combat germs သင့်ကိုယ်ခန္ဓာ ခုခံအား တိုးစေပြီး ပိုးအမွှားတွေရန်ကနေ ကာကွယ်မဲ့ ဟာဗယ်ဆေး လို့ ကြော်ညာပါတယ်။ မကြာခင်က Airborne Health, Inc. ကုမ္ပဏီကနေ စားသုံးသူတွေကို ၂၃့၃ သန်း ငွေပြန်အမ်း လိုက်ရပါတယ်။

နာမည်ကြီးဆေးကုမ္ပဏီကြီးတွေလဲ ဒီအထဲမှာပါတယ်။ Pfizer ဆိုရင် ၂၀၀၄-၂၀၀၈ အတွင်းမှာ ၂၄၅ ဘီလီယန် ၀င်ငွေရတယ်။ Eli Lilly က ၃၆ ဘီလီယန်ရတယ်။ ဒီ၀င်ငွေဟာ Zyprexa ဆိုတဲ့ဆေး တမျိုးထဲအတွက်သာဖြစ်ပါတယ်။ ဒီဆေးကို FDA က စစ်ဆေးပြီး အဓိကဆေးကုမ္ပဏီတွေကို ဒဏ်ငွေ ၇ ဘီလီယန်ချမှတ်ခဲ့ပါတယ်။ ဒီလောက်တော့ ဆေးကုမ္ပဏီကြီးတွေအတွက် အနည်းလေးသာဖြစ်ပါတယ်။ မှားထုတ်ပြီး ရောင်းခဲ့ဆေးတွေကတော့ -

• Diabetes Drugs ဆီးချိုဆေးတွေထဲမှာ Actos နဲ့ Avandia ဆေးတွေပါတယ်။

• Antidepressants စိတ်ကျဆေးတွေထဲမှာ Paxil, Prozac, Effexor, Zoloft, Lexapro နဲ့ Depakote ဆေးတွေပါတယ်။

• Birth Control Pills ကိုယ်၀န်တားဆေးတွေထဲမှာ Yaz နဲ့ Yasmin ဆေး။

• Acne Medication ၀က်ခြံဆေး Accutane ဆေး။

• Cholesterol Drugs (ကိုလက်စထော) ကျဆေး Crestor ဆေး။

• Blood Thinners သွေးကျဲဆေး Pradaxa နဲ့ Xarelto ဆေး။

• Osteoporosis Treatment အရိုးအားကောင်းဆေး Fosamax ဆေး။

• Pain Medication အနာသက်သာဆေး Vioxx ဆေး။

• Gastrointestinal Drugs လေနာဆေး Reglan (metoclopramide) ဆေး။

• Dialysis Treatment ကျောက်ကပ်ဆး GranuFlo နဲ့ NaturaLyte ဆေး။

• Hair Loss Pill ဆံပင်ကျွတ်ပျောက်ဆေး Propecia နဲ့ Proscar ဆေးတွေဖြစ်တယ်။

၁၉၀၅ မှာ The Great American Fraud အမေရိကန် မဟာလိမ်လည်မှုကြီး ဆိုတဲ့ စူးစမ်းရှာဖွေရေးဆောင်းပါး ထွက်လာတယ်။ ၁၉၀၆ မှာ Pure Food and Drug Act အမေရိကန် စစ်မှန်တဲ့ အစားအစာနဲ့ဆေး၀ါး အက်ဥပဒေ ဖြစ်လာခဲ့ပါတယ်။ အဲဒီတုံးက အရက်၊ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးတွေကို တားမြစ်တဲ့ အထဲမှာ မပါသေးပါ။ အမှန်အတိုင်းကြော်ညာရင် ရောင်းခွင့်ရှိတဲ့သဘောပါ။ အက်ဥပဒေကတားတာက မှားပြီး ကြော်ညာတာကိုသာ ဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း ကြော်ညာနဲ့ရောင်းတဲ့ရောဂါတွေ လာနေပါပြီ။ မီဒီယာကနေ ထောက်ပြလာတာလည်း တွေ့ရတယ်။ ဒါပေမဲ့ ထောက်ပြတာမှာ ခိုင်မာတဲ့အထောက်အထား လိုတယ်။ ဆေးရုံ၊ ဆေးခန်း၊ ဆရာ၀န်တွေကို ပြောစရာရှိရင် အရပ်စကား၊ ကြားဘူးနား၀၊ ကောလဟလနဲ့ ရေးကြပြောကြပြန်ရင် မနစ်နာသင့်သူတွေကို နစ်နာစေပါတယ်။ ဥပဒေတွေက ဟောင်းနွမ်းတာနဲ့ မလုံလောက်တာတွေက များလွန်းနေတယ်။ အပြုသဘောတွေး၊ အရေးအသားတိကျ၊ စိတ်ထားစေတနာ မှန်ကြမှသာ ကျန်းမာရေးအတွက် အားတက်ရမှာ ဖြစ်ပါတယ်။

ကြော်ငြာဆေး ဖြည့်စွက်စာ မေးတာတွေ နေ့တိုင်းလာတယ်။ ဖြေရတာ အားနာရတယ်။ ရောင်းသူ ၀ယ်သူ ပွဲစား အားလုံးက ကိုယ်နိုင်ငံသားတွေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ