Alvograstim (Filgrastim) ထိုးဆေး

မဂ်လာပါ ဆရာရှင့် ဒီလက်မောင်းထိုးဆေး ၂ မျိုးက အတူပဲလာရှင့် ဆေးဆိုင်က Mega ကထုတ်တဲ့ဟာ ကုန်နေလို့ နောက်တမျိုး ပေးလာတဲ့ဟာ အာနိသင် အတူပဲလို့ ပြောပါတယ်ရှင့် အဲဒါဟုတ်သလားရှင် NHL ကီမို ၆ ကြိမ်သွင်းပြီး သွေးဖြူဉ ကျနေလို့ လက်မောင်ဆေး ထပ်သွင်းရမယ်ပြောလို့ပါရှင့် ဆေးက တံဆိပ်မတူတာ ရလာလို့ အဆင်ပြေပါမလားရှင် ပြီတော့ အဲဒီလက်မောင်းထိုးဆေးတွေက ဒိတ်လွန်ရင် သုံးရလာရှင် ဆေးရုံမှာ အဲဒီ ဒိတ် ၂ လလောက်လွန်နေတာကိုပဲ ထိုးပေးတာ တွေ့လို့ပါရှင် ဒိတ်လွန်နေတာ သုံးလို့ရလားလို့ မေးတော့ ဒိတ် ၃ လလောက်လွန်ရင် ဘာမှဖြစ်ဘူး သုံးလို့ရတယ် လို့ပဲပြောပါတယ်ရှင့် အောက်ပုံမှာ ပို့ထားတဲ့ဆေး ၂ မျိုးက အာနိသင်အတူပဲလာ ဖြေပေးပါဦးရှင်

Alvograstim (Filgrastim)

Filgrastim injection is used to treat neutropenia (low white blood cells) that is caused by cancer medicines. It is a synthetic form of a substance that is naturally produced in your body called a colony stimulating factor. Filgrastim helps the bone marrow to make new white blood cells.

ဆေးအမည်မတူပေမဲ့ ဆေးအတူတူသာဖြစ်တယ်။ သက်တမ်းကုန်ရက်စွဲအတွက်တော့ မပြောနိုင်ပါ။ ဆောရီး။

တမျိုးလို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ