ရွှေတကျပ်သား

၁၉၆၁ ခုနှစ် မတ်လ (၂၁) ရက်နေ့မှာ ရွှေတကျပ်သား ပြား ၁၅၀ စျေးတက်လာသည်။

၁၉၆၁ ခုနှစ် မေလ (၁၁) ရက်နေ့မှာ တကျပ်တက်သည်။

ကွန်မင့်တခု ဦနုအစိုးရလက်​ထက်​မှ​ရွှေ​​စျေးပါ ဒီအချိန်​ကလ္ဘက်​ရည်​တခွက်​ ၂၅ပြား၊ ဒန်​​ပေါက်​တပွဲ ၂ကျပ်​ အနိမ်​့ဆုံးလစာ ၉ရကျပ် တဲ့။

မင်္ဂလာပါဆရာ ဆရာ့ရဲ့ Pure Gold အကြောင်းဖတ်လိုက်ရပါတယ်။ ၁၉၈၀ − ၁၉၈၄ က ရွှေတကျပ်သားကို မြန်မာငွေကျပ် ဘယ်လောက်ပေးရသလဲသိပါရစေ။ ကျွန်တော်မမွေးသေးပါ။ ဘယ်သူ့မေးမေး၊ internet ဘယ်နေရာမှာရှာရှာ မတွေ့လို့ပါခင်ဗျာ။

၁၉၈၂ လောက်က ကျွန်တော်တို့ စစ်ကိုင်းဆေးရုံရောက်နေချိန်မှာ ရွှေတကျပ်သား ၃၀၀၀ ကျပ်ရှိတယ်။ မိကျောင်းစက်ဘီး တစီး တန်ဖိုးနဲ့ ညီမျှတယ်။ နောက် ၂ နှစ်လောက်နေလို့ ပုလဲရောက်တော့ ၅၀၀၀ ဖြစ်လာပြီ။ မိဘတွေလက်ထက်မှာ တကျပ်သား ၂၀၀ လောက်သာရှိတယ်။ ကျွန်တော်က ၁၉၄၈ မှာ မွေးတယ်။

သတင်းစာအရ ၁၉၆၂ ခုနှစ် မေလ ရွှေစျေး တကျပ်သား ၂၃၆ ကျပ် ၂၅ ပြား။ အဲဒီခေတ်မှာ မူလတန်းဆရာလစာ ၈၂ ကျပ်။ ၁၉၆၅ ဝန်းကျင်မှာ အောက်တန်းစာရေးနဲ့ မူလတန်းပြ လစာ ၁၂၆ ကျပ် ၁၂ ပဲ (၇၅ ပြား)။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗခက နေဝင်းက အာဏာသိမ်းလိုက်တယ်။

ကျွန်တော်တို့ ဆေးကျောင်း (၁၉၆၅-၁၉၇၂) တက်စဉ်က အဆောင်ကြေး ၄၂ ကျပ်၊ ကျောင်းလခ ၁၅ ကျပ်၊ စကောလားရှစ်နဲ့ စတိုင်ပင် တလမှာ ၇၅ ကျပ်ရတယ်။ လက်ဖက်ရည်ဖိုး ၃ ကျပ်ကျန်သေးတယ်။

၁၉၈၇ ခုနှစ်မှာ မြန်မာပြည်ဟာ အယ်လ်ဒီစီ ခေါ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းဝင်တယ်။

အဲဒီနောက် တကျပ်သားကို (တစ်) ကျပ်သားလို့ ရေးခိုင်းသူတွေတက်တော့ ရွှေစျေးတက်တက်လာပြီး၊ တိုင်းပြည်စီးပွါးရေး ပိုညံံ့လာတာ။ ၅-၁၂-၂၀၁၈ နေ့ ဘီဘီစီသတင်းအတရ ရွှေတကျပ်သား ၉၄၃၀၀၀ ကျပ်။ သတ်ပုံ မှန်တယ်။

အခုထိ နိုင်ငံတော် အယ်လ်ဒီစီစာရင်းထဲကထွက်ဖို့ လမ်းမမြင်သေး။ သတ်ပုံပြင်လမ်းလည်း မမြင်ပါ။ မြန်မာစာ သတ်ပုံစျေးလည်း တက်နေတာကြာပြီ။

အခုရေးတာ စတိုရီ မဟုတ်။ စိတ်ကူးယဉ် မဟုတ်။ ရသစာ မဟုတ်။ မှန်ကန်သော ရှေးစကားတည်း။

ဒေါက်တာတင့်ဆွေ

၂၈-၉-၂၀၂၁

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ