Cypron ဆေး

ဆရာခင်ဗျာ အသက်၂၉ လူပျိုပါ သိုင်းရွိက်ဟော်မုန်းများရောဂါဖြစ်နေသူပါ အဲ့ဒါ cypro2 အားဆေးလုံး တလုံးကို သူများသောက်လို့ လိုက်သောက်ကြည့်မိလိုက်ပါတယ် နောက်မှသိရတာက ဟော်မုန်းများ ရောဂါရှိသူနဲ့မတည့်ဘူး ရေးထားတာတွေ့ရပါတယ် ထိခိုက်မှုရှိနိုင်လားခင်ဗျာ မသိပဲသောက်လိုက်မိလို့ခင်ဗျာ နောက်တကြိမ်တော့မသောက်တော့ပါဘူး အခုတကြိမ်သောက်မိတာအတွက်မေးကြည့်တာပါခင်ဗျာ

Cypron ဆေးထဲမှာ Cyproheptadine HCL ဆေးပါတယ်။ ဆေးပြားနဲ့ ဆေးရည်တွေနဲ့ ရောင်းတယ်။ antihistamine ခေါ် အလာဂျီအတွက်ဆေးဖြစ်တယ်။ တချို့က အစားပျက်တာနဲ့ ကိုယ်အလေးချိန် တိုးအောင်လည်း သောက်ကြတယ်။ ဆရာဝန်ညွှန်သလိုသာ သောက်ရမယ်။ ဆေးဘယ်လောက်ဆိုတာ အသက်နဲ့ ကိုယ်အလေးချိန်အရဖြစ်တယ်။

ဘေးထွက်သက်ရောက်မှုတွေ = အိပ်ချင်၊ ခေါင်းမူး၊ မျက်စိကြည့်မကောင်း၊ ဝမ်းချုပ်၊ အာခေါင်ခြောက်။

လည်ပင်းကြီးဟော်မုန်းများတာကို စာထဲမှာ မတွေ့ပါ။

တ သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ