Nodular goiter လည်ပင်းကြီးရောဂါ

၁။ ဖြစ်တဲ့သူ ကလေး လူကြီး အသက် ကျား မ မသိ။ စစ်ဆေးခိုင်းတဲ့ဆရာဝန်က လိုတာညွှန်ပါမယ်။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

အသက် ၃၆နှစ်၊ အမျိုးသမီး၊ အ်ိမ်ထောင်ရှိ ကလေး ၅နှစ်သား၊ လက်ရှိခံစားနေရတာတော့ ဘာမှမရှိပါဘူးဆရာ။

၂။ မ။ အသက်-၃၇နှစ်။ ရောဂါအခြေအနေ လည်ပင်းမှာအလုံးရှိ။ ရောဂါဖြစ်တာ ၁ နှစ် ၈ လ ခွဲရမယ် ဆရာဝန်ကပြော။ ကျွန်မကလေး သွေးစစ်အဖြေ။ ကျေးဇူးတင်ပါတယ်ဆရာ။

Nodula goitre စာဖတ်နိုင်။

အားနာပါတယ်ဆရာ English လိုမဖတ်တတ်လ်ို့ပါ။

မြန်မာ (ဗမာ)လို ရေးထားတယ်။ ရောဂါအမည်တွေကိုတော့ ဘိုစာလုံးမဟုတ်ရင် မရနိုင်။ အရပ်ခေါ်တွေက တယောက်တမျိုး။

Goiter ဂွိုက်တာ ခေါ် လည်ပင်းကြီးခြင်းဆိုတာ Iodine deficiency အိုင်အိုဒင်းဓါတ်ဆားနည်းလို့ဖြစ်တာနဲ့ လည်ပင်းကြီးရောဂါတခုခုကြောင့် ဖြစ်နိုင်တယ်။ Multinodular goiter လည်ပင်းကြီးရောဂါမှာ ပုံမှန်အားဖြင့် မမြင်ရ စမ်းမရတဲ့ လည်ပင်းကြီးအိတ်ထဲမှာ သိသိသာသာအကျိတ်၊ အကျိတ်တွေဖြစ်လာတာကိုခေါ်တယ်။ တခါတခါ ဘာလို့ဖြစ်သလဲ မရှင်းပါ။

Thyroid adenomas ဆိုတာ Autonomous ဒါမှမဟုတ် Hyperfunctioning thyroid nodules အကျိတ်လုံးလေးတွေ့ အလုပ်ပိုတွေလုပ်ဖြင်းဖြစ်တယ်။ ဟော်မုန်းတွေ ပိုထုတ်ပေးနေမယ်။ Hyperthyroidism ခေါ် လည်ပင်းကြီး ဟော်မုန်းများရောဂါဖြစ်စေတယ်။

Thyroid cyst ဆိုတာ အရည်အိတ်လေးတွေဖြစ်နေတာ။ အရည်သာမက အစိုင်အခဲလိုလည်းရှိတတ်တယ်။ ကင်ဆာလား စစ်ဆေးရမယ်။

Thyroiditis ဆိုတာ နာတာရှည်ရောင်ရမ်းခြင်းဖြစ်တယ်။ Hashimoto's disease လည်းပါတယ်။ Hypothyroidism ခေါ် ဟော်မုန်းနည်းတာနဲ့တွဲနေတာများတယ်။

Thyroid cancer လည်ပင်းကြီးကင်ဆာ။ လည်ပင်းကြီးနေသူတွေထဲက နည်းနည်းလေးသာ ကင်ဆာဖြစ်တယ်။

နောက်ဆက်တွဲဖြစ်နိုင်တာတွေရှိတယ်။ အသက်ရှူခက်ခြင်း။ ဟော်မုန်းများခြင်း။ ဟော်မုန်းများနေရာက နှလုံးခုန်မမှန်ခြင်း။ Osteoporosis အရိုးအားနည်းခြင်း။ Thyrotoxic crisis အရေးပေါ်ဖြစ်ခြင်း။

ဒီစာကို ကနေ့မေးလာသူဆီ လင့်ပို့တာ ဖေ့စ်ဘွတ်ကွန်မြူနတီ စတင်းဒက်အရ ပို့မရတဲ့။ အဲတာနဲ့ စာထဲမှာပါနေတဲ့ လည်းပင်းကြီးရောဂါလင့်တွေအကုန်ဖြုတ်ပို့တယ်။ အဲတာလည်း ဖေ့စ်ဘွတ်ကွန်မြူနတီ စတင်းဒက်အရ ပို့မရတဲ့။ အဲတာနဲ့ ခေါင်းစဉ်ကို နည်းနည်းပြောင်းပို့ရပြန်တယ်။ ဖေ့စ်ဘွတ်ကွန်မြူနတီ စတင်းဒက်အရ ပို့မရတဲ့။ အဲတာနဲ့ စာတပုဒ်လုံးပို့တော့ ရသတဲ့။ ဖေ့စ်ဘွတ်ကွန်မြူနတီ စတင်းဒက်ဆိုတာ ဘာလဲ မသိ။ ဘလော့ခံရတာ ၅ ခါမကတော့။

ပုံက မေးတဲ့သူတွေ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း