ဓါတ်ဆားထုပ်
ယူအက်စ်အေရောက်တည်းက ဓါတ်ဆားထုပ်ခေါ်တာကို ကနေ့မှသာ တွေ့ရတယ်။ စက်ရုံမှာ အလုပ်လုပ်သူတွေကို ကြိုက်သလောက်ယူသွားတဲ့။ တယောက်က အိမ်လာပို့တယ်။ ကျေးဇူး။
ပြည်တွင်းမှာ ဆရာဝန်လုပ်ရစဉ်က အတော်ကိုအသုံးဝင်တဲ့ဆေး။ (ကန်တော့) ဝမ်းလျှော၊ ဝမ်းပျက်သာမက ကာလဝမ်းရောဂါလည်း ခဏလဏကြုံခဲ့ရ ကုသပေးခဲ့ရတယ်။ မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ အစစအရာရာ ရှားတော့ တေးကုပေးရတာ အတော်ခက်တယ်။
ဓါတ်ဆားထုပ်က ချွေးထွက်များသူတွေနဲ့ အန်တဲ့သူတွေပါ ကလေးရော လူကြီးပါ သင့်တယ်။ ဆေးထုပ်ပါ အညွှန်းအတိုင်း အတိအကျသုံးရတယ်။ အဝင်ကောင်းအောင်ဆိုပြီး သကြားတို့၊ ပျားရည်တို့ မထည့်ရပါ။ ဝယ်မရလို့ အိမ်မှာ ဖျော်နည်းလည်း တင်ထားပါတယ်။ မြန်မာပြည်မှာ လိုတယ်။ စစ်စစ်မှန်မှန် ဈေးချိုချို လွယ်လွယ်ကူကူ ရကြစေချင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment