Breast Conditions ရင်သားကျန်းမာရေး

ရေးထာတာ ၉ နှစ်တိတိကြာပြီ။

၁။ ကျွန်မက ဧရာဝတီတိုင်း - မြို့ကပါ။ ကျွန်မအမမှာ အသက် ၄၅ ရှိပါပြီ။ ပေါင် ၁၄၀ ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သားအိမ်မှာ အသားလုံးတည်သဖြင့် သားအိမ်ထုတ်ထားပါသည်။ ယခု ဘယ်ဘက် ရင်သားမှာ အပြင်လိုက်ကလေး မာနေသဖြင့် အထွေထွေနှင့်ပြပြီး ဆေးစစ်ကြည့်ရာ ရင်သားမှာ ရေအိပ်တည်နေပြီး အသဲမှာလည်း အဆီဖုံးနေပါသည်။ သည်းခြေမှာလည်းကျောက်တွေ့သဖြင့် ကျောက်ပျော်ဆေးစားနေပါသည်။ အဆီကျဆေးလဲ သောက်နေပါတယ်။ ရေအိပ်(အိတ်)မှာ မခွဲဘဲထားလျှင် မည်သို့ဖြစ်ပါမလဲဆရာ။ ဒိထက်ကြီးလာနိုင်ပါသလားဆရာ။ ခွဲရမှာလည်း နည်းနည်းကြောက်နေပါတယ်ဆရာ။ ဖြစ်တဲ့ဘက် လက်မောင်းကလည်း တခါတခါကိုက်ကိုက်နေပါတယ်ဆရာ။ ဘာလုပ်ရမှန်းလဲ မသိဖြစ်နေပါတယ်ဆရာ။ ဘယ်လိုပြုလုပ်သင့်သည်ကို ညွှန်းကြားပေးစေလိုပါတယ်ဆရာ။ 

၂။ သမီးအသက် ၁၇ တုန်းကချိုင်းမှာအကျိတ်ထွက်လို့ ခွဲဖူးပါတယ်ရှင့်။ အခုအသက်၂ဝ မှာ ညာဘက်ရင်သားအတွင်း ဘက်ထောင့်မှာ အကျိတ်ကလေးပေါက်နေပါတယ်။ အကျိတ်ကနာကျင်ခြင်းမရှိပါဘူး။ ဓမ္မတာလာချိန်မှာတော့ အကျ်ိတ်က ရင်သားနာသလိုပဲ အနည်းငယ်နာပါတယ်ရှင့်။ သမီးကခွဲစိတ်ရမှာကြောက်ပါတယ်ရှင့်။ အဲဒီအကျိတ်ဟာ ဘယ်လို အကျိတ်မျိုးလဲဆိုတာ သိချင်ပါတယ်ရှင့်။ 

ရောဂါနာမည်စာလုံးပေါင်းသိရမှသာ တိကျတဲ့အကြံပေးနိုင်ပါမယ်။

(၁) Benign lesions ကင်ဆာမဟုတ်တာတွေ

1. Breast Fibroadenoma (FA) အသက် ၂ဝ-၃ဝ အပျိုရွယ်တွေမှာအများဆုံးဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်။ နာလဲမနာဘူး။ အကျိတ်ကိုသန့်သန့်လေးစမ်းလို့ရမယ်။ ဟိုဘက်-ဒီဘက်၊ အထက်-အောက် ရွေ့လို့ရတာမို့ ရင်သား Breast mouse ကြွက်လို့ ခေါ်ကြတယ်။ မေးတဲ့သူမှာဒီဟာဖြစ်မယ်လို့ မစမ်းသပ်ရဘဲ ပြောနိုင်တယ်။ ခွဲစိတ်ထုတ်ပြစ်သင့်ပါတယ်။ လုံးဝမကြောက်ပါနဲ့။

2. Simple breast cyst ကင်ဆာမဟုတ်တဲ့ ရင်သား-အကျိတ်။ အထဲမှာအရည်ရှိနေမယ်။ အသက် ၃ဝ-၄ဝ အရွယ်တွေမှာ ဖြစ်တယ်။ နို့နာနိုင်တယ်။ နို့သီးအဖျားကနေညှစ်ရင် အရည်ထွက်နိုင်တယ်။

3. Fibrocystic breast disease ကင်ဆာမဟုတ်ပါ။ ရာသီရက်တွေမှာအပြောင်းအလဲတွေ ဖြစ်မယ်။ အနေရခက်စေတယ်။

4. Usual hyperplasia of the breast ရင်သားကိုအသားစဖြတ်ယူစစ်ဆေးကြည့်ရင် ကင်ဆာလို့ မတွေ့ရဘူး။ ဒါပေမဲ့ ပြွန် (ဆဲလ်) တွေကပုံမှန်မဟုတ်ဘဲများနေတယ်။ တချိန်မှာကင်ဆာဖြစ်လာနိုင်တဲ့ အခွင့်အလမ်းများတယ်။

5. Atypical hyperplasia of the breast ပုံမှန်မဟုတ်တဲ့ (ဆဲလ်) တွေကို နို့ပြွန်ထဲမှာရော နို့ထွက် အဆုပ်လေးတွေမှာပါ ရှိနေမယ်။ တချိန်မှာကင်ဆာ ဖြစ်လာနိုင်တဲ့အခွင့်အလမ်း ၄-၅ ဆ များတယ်။

6. Intraductal papilloma ကင်ဆာမဟုတ်ပါ။ နို့ပြွန်လေးတွေထဲမှာ ကြွက်နို့နဲ့ဆင်တယ်။ အပြင်ကစမ်းရင် အကျိတ်စမ်းလို့ရမယ်။ နို့သီးအဖျားကနေအရည်တမျိုးမျိုးထွက်မယ်။

7. Adenosis of the breast ကင်ဆာမဟုတ်ပါ။ နို့ထွက်အဆုပ်လေးတွေမှာဖြစ်တယ်။ Mammograms (မင်မိုဂရမ်) ရိုက်ရင် ကင်ဆာနဲ့ဆင်နေမယ်။ Biopsy အသားစဖြတ်ယူစစ်ဆေးတာလုပ်ရမယ်။

8. Phyllodes tumor ရှားတယ်။ ကြီးလာတာမြန်တယ်။ Ultrasound ရိုက်ရင် Fibroadenomaနဲ့ ဆင်တူနေမယ်။ အသက် ၄ဝ ကျော်မှာ အဖြစ်များတယ်။ ကင်ဆာမဟုတ်တာရော ကင်ဆာပါဖြစ်နိုင်တယ်။

9. Fat necrosis ရင်သားကို ထိခိုက်မိရာကနေအထဲက အဆီ (တစ်ရှူး) တွေ ပျက်စီးတာဖြစ်တယ်။ စမ်းလို့တွေ့တဲ့ အကျိတ်ဟာ အမာရွတ်သာ ဖြစ်တယ်။

10. Mastitis နို့နာ။ တခြားနေရာတွေမှာ အနာဖြစ်သလိုမျိုးနာမယ်၊ နီရဲနေမယ်၊ ဖေါင်းနေမယ်၊ ပူနွေးနေမယ်။ ကလေး နို့တိုက်ချိန်မှာ အဖြစ်များတယ်။ Breast abscess ပြည်တည်လာနိုင်တယ်။ ကိုယ်ပူမယ်။

11. Breast calcifications နို့မာ။ (ကယ်လ်စီယမ်) ထုံးဓါတ်တွေ စုဝေးနေတာဖြစ်တယ်။ Mammograms ရိုက်ရမယ်။ ဆင်ဆာလဲဖြစ်နိုင်လို့ Biopsy အသားစ ဖြတ်ယူစစ်ဆေးတာလုပ်ရမယ်။

12. Gynecomastia ယောက်ျားနို့က မိန်းမနို့လိုဖြစ်နေတာ။ မွေးစကလေးတွေမှာလဲ ဖြစ်နိုင်တယ်။ လူပျိုပေါက်လဲ ဖြစ်တတ်တယ်။

(၂) Breast cancer ရင်သားကင်ဆာ

1. Malignant (Cancer) cells ကင်ဆာ-ဆဲလ်တွေ မူမှန်ဖြစ်လာရင် ပုံမှန်မဟုတ်ဘဲ ပွါးများလာမယ်။ ကိုယ်ခန္ခာ တခြားနေရာတွေဆီကို ပြန့်နှံ့စေမယ်။ အမျိုးသမီးသီးသန့်ရောဂါလို့ ပြောနိုင်တယ်။ ယောက်ျားတွေလဲ မဖြစ်ဘူးတော့ မပြောနိုင်ပါ။ ရင်သား-ကင်ဆာရဲ့ လက္ခဏာတွေကတော့ အကျိတ်၊ နို့သီးအဖျားက သွေးထွက်တာ၊ နို့အရေပြား အသွင်အပြင်-အရောင်ပြောင်းလဲခြင်းတွေ ဖြစ်ကြတယ်။

2. Ductal carcinoma in situ (DCIS) နို့ပြွန်ထဲမှာသာရှိနေသေးတဲ့ ကင်ဆာဆိုတာ ဖြစ်ရင် ကုသလို့ မခက်လှပါ။

3. Lobular carcinoma in situ (LCIS) နို့ဖြစ်စေတဲ့ အဆုပ်လေးထဲမှာသာရှိနေသးတဲ့ ကင်ဆာဟာဘေးကိုမပြန့်သေးပေမဲ့ နောင်တချိန်မှာဆိုးချင် ဆိုးလာနိုင်တယ်။

4. Invasive ductal carcinoma နို့ပြွန်-ကင်ဆာကတော့ နို့ထဲမှာတင် တခြား (တစ်ရှူး) တွေအထိပြန့်မယ်။

ကိုယ်ခန္ဓာ တခြားနေရာတွေအထိ ရောက်ချင် ရောက်နိုင်တယ်။ ဆိုးတယ်။ အဖြစ်များတယ်။

5. Invasive lobular carcinoma = နို့ထွက်အဆုပ် ကင်ဆာကလဲ နို့ထဲမှာရာတခြားနေရာတွေကိုပါ ပြန့်မယ်။ အဖြစ်မများပေမဲ့ ဆိုးတာဘဲ။

Breast Tests ရင်သားကျန်းမာရေးစစ်ဆေးခြင်းများ

1. Physical Exam ရင်သားကိုရိုးရိုးစစ်ဆေးခြင်း = ကိုယ်တိုင်စမ်းတာကနေစပြီးဆရာဝန်မျက်စိနဲ့၊ လက်နဲ့ စစ်ဆေးတာကနေ စရမယ်။ အရွယ်အစားရောတွဲကျနေမှုရောဘယ်-ညာတူပါသလား၊ ဖြစ်နေတဲ့နေရာမှာ အပေါ်အရေပြားပြောင်းနေတာ၊ အကျိတ်တွေ့ရင် နေရာ၊ အရွယ်အစား၊ ပုံပန်း၊ ရွေ့ ရ-မရ၊ နာ-မနာ၊ အပြော့-အမာ။ နို့သီးအဖျားက တခုခုထွက်နေသလား၊ ချိုင်းမှာကောတက်စိတွေ ရှိနေသလား။

2. Mammogram (မင်မိုဂရမ်) = Low-dose X-rays ဓါတ်မှန်ရောင်ခြည် အပြော့စားသုံးတယ်။ အမျိုးသမီးတိုင်းကို ပုံမှန်စစ်နေတာအတွက်ရော၊ သေခြာချင်လို့ရောအတွက်ပါ သုံးတယ်။

3. Digital mammogram (ဒစ်ဂျစ်တယ်လ်-မင်မိုဂရမ်) = (ဒေတာ) ကိန်းဂဏန်းတွေကိုလုပ်ယူဖေါ်ပေးနိုင်တဲ့ ကွန်ပြုတာ သုံးတယ်။ ပိုတိကျတယ်။

4. Diagnostic mammogram ရောဂါရှာ (မင်မိုဂရမ်) = ရင်သားမှာမူမှန်မဟုတ် ဖြစ်နေတာတွေကို ပိုသိစေနိုင်တယ်။

5. Breast ultrasound (အာလ်ထွာဆောင်း) (ဖရီကွင်စီ) များလှတဲ့ အသံလှိုင်းကိုသုံးတယ်။ ဓါတ်ရောင်ခြည် မပါဘူး။ အသံလှိုင်ကိုပုံဖေါ်ယူတယ်။ အကျိတ်ထဲမှာအရည်ရှိနေသလား။ အခဲလားသိစေမယ်။

6. Breast magnetic resonance imaging (MRI scan) = (အမ်-အာရ်-အိုင်) သံလိုက် နဲ့ ကွန်ပြူတာသုံးတယ်။ အသေးစိတ် ပုံဖေါ်နိုင်တယ်။ နေရာတိုင်းတော့ မသုံးဘူး။

7. Breast biopsy (ဘိုင်အော့်ပ်စီ) အသားစဖြတ်ယူစစ်ဆေးခြင်း = သံသယရှိတဲ့နေရာက (တစ်ရှူး) ကို ဖြတ်ယူပြီး အသေအချာ စစ်ဆေးတယ်။ ကင်ဆာဟုတ်တာ-မဟုတ်တာအတိအကျ သိရမယ်။

8. Fine needle aspiration (FNA) breast biopsy အပ်သေးလေးနဲ့စုပ်ယူစစ်ဆေးခြင်း = မကောင်းဘူးထင်တဲ့ နေရာကိုအင်မတန်သေးတဲ့ ဆေးထိုးအပ်ထိုးပြီးအထဲကစုပ်ယူလို့ရတာကိုမှန်ဘီလူးနဲ့ စစ်ဆေးတယ်။

9. Core needle breast biopsy အပ်ကြီးတာနဲ့ စုပ်ယူစစ်ဆေးခြင်း = မကောင်းဘူးထင်တဲ့နေရာကို အခေါင်းကျယ်တဲ့ အပ်ထိုးပြီး အထဲကစုပ်ယူလို့ရတာကို မှန်ဘီလူးနဲ့ စစ်ဆေးတယ်။

10. Stereotactic breast biopsy = ကွန်ပြူတာသုံးတယ်။

11. Surgical biopsy = ခွဲစိတ်နည်းနဲ့ အသားစဖြတ်ယူစစ်ဆေးတယ်။

12. Sentinel node biopsy = ရောဂါဖြစ်နေတာကိုသိမယ်။ လိုအပ်ရင်ဖြတ်ထုတ်ယူမယ်။ တက်စေ့ကိုလဲ လုပ်နိုင်တယ်။

13. Ductogram (galactogram) နို့ပြွန်ကိုစစ်ဆေးခြင်း = ပလပ်စတစ်ပြွန်သေးလေးသုံးတယ်။ နို့သီအဖျား နို့ထွက်ပြွန်အဝကနေ ထည့်မယ်။ ဆေးရည်ထိုးသွင်းမယ်။ နို့ကနေသွေးထွက်တာဘာလို့လဲဆိုတာသိလာစေမယ်။

14. Nipple smear နို့ကနေထွက်တာကိုစစ်ဆေးခြင်း = သွေးဖြစ်ဖြစ်၊ အရည်ဖြစ်ဖြစ်ထဲမှာကင်ဆာ-ဆဲလ်တွေ ပါနေ-မနေစစ်မယ်။

15. Ductal lavage နို့ပြွန်ဆေးကြောခြင်း = သန့်တဲ့ဆားရည်ကို နို့ပြွန်အကနေထိုးပေးပြီးထွက်လာတာထဲမှာကင်ဆာ-ဆဲလ်တွေ ပါနေ-မနေစစ်မယ်။

Breast Treatments ရင်သားရောဂါ ကုသနည်းများ

1. Lumpectomy အကျိတ်ခွဲထုတ်ခြင်း

2. Mastectomy နို့တခုလုံးဖြတ်ထုတ်ခြင်း

3. Axillary lymph node dissection ချိုင်းအကျိတ်တွေထုတ်ယူခြင်း

4. Chemotherapy ကင်ဆာဆေးပေးခြင်း

5. Radiation therapy ဓါတ်ကင်ခြင်း

6. Breast reconstruction ရင်သား ပြန်လည်ပြုလုပ်ပေးခြင်း

7. Antibiotics ပဋိဇီဝဆေးပေးခြင်း

8. Breast augmentation ရင်သားအလှပြန်လည်ရအောင်လုပ်ပေးခြင်း

9. Breast reduction ရင်သားပိုသေးအောင်လုပ်ပေးခြင်း

Dr. တင့်ဆွေ

၂၄-၁၀-၂၀၁၃

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ