Ductal carcinoma in situ နို့ပြွန်ကင်ဆာ
၁။ လင့်ကစာတွေကဖတ်မရဘူးဆရာ အဆင့်ကလဲ ၀လို့ပြောပါတယ်ဆရာ ဒီအနေအထားမှာရင်သားကိုမဖြတ်ပဲဓာတ်ကင်ပြီးကုသလို့ရပါသလားဆရာ အဲ့လိုကုလို့ရရင်ကုချင်လို့ဆရာ့ကိုမေးကြည့်တာပါဆရာ ကျေးဇူးပြုပြီးဖြေပေးပါဆရာ
ဖတ်မရဘူးဆိုတဲ့လင့်ကို ဖွင့်ဖတ်ပြီး ဖြေပါတယ်။ ရတယ်။ အဲလိုနည်းပညာအတွက် သိတဲ့သူကို မေးသင့်တယ်။ ခဏခဏပြောကြတယ်။
မေးခွန်းပါ ရင်သားကင်ဆာအမျိုးအစားကို breast-conserving therapy (BCT) ခေါ်ရင်သားတခုလုံး မထုတ်ဘဲ Lumpectomy ခေါ် အကျိတ်ကိုသာထုတ်နည်း + adjuvant radiation therapy (RT) ခေါ် ဓါတ်ကင်ခြင်းနည်းလည်း လုပ်လို့ရတာရှိသလို Mastectomy ခေါ် ရင်သားတခုလုံးထုတ်နည်းလည်း လုပ်လို့ရတာ ရှိတယ်။ လူနာအခြေအနေနဲ့ ရောဂါအခြေအနေတွေအပေါ်မှာ မူတည်တယ်
၂။ မိတ်ဆွေတို့ရေ အကြံပေးကြပါဦးရှင် ဒါ ကျမရဲ့ အမဖြစ်သူ ရဲ့ ရင်သားစစ်ဆေးမှု့ (အောက်မြစ်ပို) result ပါ ဆရာဝန်ကပြောတာတော့ ရင်သားကင်ဆာဖြစ်ချင်တဲ့ အရိပ်လက္ခဏာမျိုး တွေ့ရတယ်ပြောပါတယ်ရှင့် အဆင့်သတ်မှတ်မယ်ဆို ကင်ဆာအဆင့်-၁ လည်း မရောက်သေးဘူးလို့ပြောပါတယ် အကုန်ဖြတ်ထုတ်လိုက်တာပိုစိတ်ချမယ်လို့ ဆရာက အကြံပေးပါတယ် ကျမတို့လည်း အတွေ့ကြုံမရှိတာကြောင့် ဘာလုပ်ရမှန်း မသိပါဘူး တခြားမှာထပ်စစ်ဆေးချင်လို့ ဘယ်ဆရာဝန် ဘယ်ဆေးခန်းမှာပြတာ ကောင်းမလဲရှင် အကြံပေးကြပါဦးနော်
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ သူ့မိတ်ဆွေတွေကို မေးတာ။ Ductal carcinoma in situ
၃။ ရင်သားကင်ဆာ ဖြစ်နေတာပါရှင့် ခီမိုဆေးသွင်းဖို့ဆို တခါသွင်းရင် ငွေဘယ်လောက်ကုန်ပါသလဲရှင် ဖြေပေးပါလား
ကုန်ကျစရိတ်တော့ မသိပါ။ ရောဂါ (၂) မျိုးရှိတယ်။
(၁) Invasive ductal carcinoma ပြန့်နိုင်သော နို့ပြွန်ကင်ဆာ
(၂) Ductal carcinoma in situ နို့ပြွန်ကင်ဆာ
၄။ ဆရာခင်ဗျာ ကျွန်တော်၏ဇနီး ဓါတ်ခွဲခန်း အဖြေပါ။ ကျေးဇူးပြု၍ဖတ်ပြီး ဘာဆက်လုပ် သင့်တယ်ဆိုတာ အကြံပြုပေးစေလိုပါတယ်ခင်ဗျာ။
လူနာ အသက် မသိပါ။ ဖြစ်တာဘယ်လောက်ကြာ မသိပါ။ ဘာခံစားနေရလဲ မသိပါ။
၅။ မင်္ဂလာပါဆရာ သမီးက ရင်သားကင်ဆာရောဂါခံစားနေရသူပါ။ ၂၀၁၄ ခုနှစ်မှာ ရင်သားအကျိတ်တွေ့ပြီး တဖက် ဖြတ်ထုတ်ခဲ့ရပါတယ်။ ခီမိုဆေး ၆ ကြိမ်သွင်းခဲ့ပါတယ်။ ဓာတ်မကင်ခိုင်းလို့မကင်ခဲ့ပါဘူး။ ဆေးသွင်းပြီး တနှစ်ခွဲအကြာမှာ ခွဲထားတဲ့ချုပ်ရိုးပေါ်မှာအကျိတ်လေးတွေတွေ့လို့နောက်ထပ်ဆေး 6 ကြိမ်သွင်းရပါတယ်နောက်ပြီး xeloda 500mg ဆေးရော သောက်ရပါတယ်။ ဒါပေမယ့် ဆေးသွင်းနေရင်နဲ့ ကျန်တစ်ဖက်(တဖက်)နဲ့ ချိုင်းမှာ အကျိတ်တွေ ပေါ်လာပါတယ်။ အခုအဲ့ဒါကိုထပ်စစ်ပြီးတော့ ဖြတ်လိုက်ပါပြီ။ အခုအဖြေက ER PR Negative ပထမအကြိမ်စစ်တုန်းက Positive ဆရာ HER 2 –Equavocal (+ +) အဲ့ဒါကတော့နှစ်ကြိမ်လုံးအတူတူပဲ။ အဲ့ဒီအဖြေဆိုရင် Herceptin ဆေးသွင်းမှဖြစ်မှာလား မသွင်းရင်ရော ဘယ်လိုဖြစ်နိုင်လဲဆိုတာ သိချင်ပါတယ်။ ကုန်ကျစရိတ်များတဲ့အတွက် မတက်နိုင်လို့ပါ။ သမိီးအသက် အခု ၃၁ အပျိုပါဆရာ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။
ရင်သားကင်ဆာဟာ အပေါ်ယံလွှာဆဲလ်အမျိုးအစားကနေ စတင်တယ်။ နို့ရည်ထွက် (ဂလင်း တစ်ရှူး) ကနေဖြစ်လို့ adenocarcinoma လို့လည်းခေါ်တယ်။ Sarcomas အမျိုးအစားကတော့ ရင်သားမှာရှိတဲ့ ကြွက်သား၊ အဆီနဲ့ တွယ်ဆက်တစ်ရှူးတွေကနေ ဖြစ်တာကိုခေါ်တယ်။ တခါတလေမှာ အမျိုးအစား တခုမကရောဖြစ်သေးတယ်။ ရင်သားကင်ဆာကို သူ့ထဲမှာပါနေတဲ့ (ပရိုတင်း) အမျိုးအစားအရလည်း ခွဲခြားနိုင်တယ်။ ဒါ့ပြင် ဟော်မုန်းအရလည်း ခွဲခြားတယ်။ hormone receptor-positive နဲ့ triple-negative တို့ဖြစ်တယ်။
• Ductal carcinoma in situ (intraductal carcinoma) DCIS အမျိုးအစားဆိုတာ နို့ထွက်ပြွန်လေးတွေမှာ ဖြစ်တာကို ခေါ်တယ်။ မဆိုးလှပါ။ ရင်သားကင်ဆာလူနာသစ်တွေထဲမှာ ၅ ယောက်မှာ ၁ ယောက်ဖြစ်တယ်။ ပျောက်အောင်ကုလို့ ရတယ်။ အဖြစ်အများဆုံးရင်သားကင်ဆာဖြစ်တယ်။ ယူအက်စ်အေမှာ လူနာ ၆ သောင်းနှစ်စဉ်ဖြစ်တယ်။ အသက်စိုးရိမ်စရာမရှိပါ။ နောင်မှာ ထပ်ဖြစ်မှာကို သတိထားရမယ်။ နောက် ၅-၁ဝ နှစ်မှာဖြစ်တဲ့သူတွေမှာဖြစ်တယ်။ ဖြစ်နှုန်း ၃ဝ% ရှိတယ်။ ကင်ဆာအကျိတ်တခုတည်းသာခွဲထုတ်ပြီး ဓါတ်မကင်သူတွေ ၂၅-၃ဝ% နောင်မှာ ထပ်ဖြစ်နိုင်တယ်။ ဓါတ်ကင်သူမှာ ၁၅% သာရှိမယ်။ ကင်ဆာဆေး Tamoxifen သုံးတယ်။ ဆေးကအီစထိုဂျင်ကို တားပေးတယ်။ နောင်မဖြစ်အောင်လုပ်တာဖြစ်တယ်။ hormone receptor positive cancers ကိုသာပေးတယ်။
• Invasive ductal carcinoma (IDC) ကို Infiltrating ductal carcinoma ပြန့်နေသော နို့ပြွန်ကင်ဆာ လို့လည်း ခေါ်တယ်။ နို့ထွက်ပြွန်လေးတွေမှာ ဖြစ်တာပေမယ့် ဘေးကိုပြန့်နေတာမျိုးဖြစ်တယ်။ တက်စေ့တွေဆီရောက်မယ်။ အဆီပြင်နဲ့ တခြားနေရာတွေဆီလည်း ပြန့်နိုင်ပြီ။ သွေးပြန်ရည်လမ်း ကနေတဆင့်ပြန့်တာဖြစ်တယ်။ သွေးကနေလည်း ပြန့်တယ်။ ဆိုးတဲ့ Invasive breast cancers အမျိုးအစား ရင်သားကင်ဆာထဲမှာ ရဝ-၈ဝ% က ဒါမျိုးဖြစ်တယ်။ ယောက်ျားတွေမှာဖြစ်လည်းဒါမျိုးဖြစ်တယ်။ အမျိုးသမီး အသက်အရွယ်မရွေးဖြစ်နိုင်ပေမဲ့ ကြီးသူတွေမှာပိုများတယ်။ ခွဲစိတ်ကုသနည်းနဲ့ ဓါတ်ကင်နည်းနဲ့ကုသရမယ်။ အကျိတ်နဲ့ ဘေးနေရာတွေအပြင် လိုအပ်ရင် တက်စေ့တွေကိုပါ ထုတ်တယ်။ ကင်ဆာဆေးပေးနည်း၊ ဟော်မုန်းပေးနည်းနဲ့ Targeted Therapies ပစ်မှတ်ထားကုသနည်းတွေလည်း လုပ်တယ်။
• Invasive (infiltrating) lobular carcinoma (ILC) အမျိုးအစားဆိုတာ နို့ရည်ထုတ်ပေးရာ အိတ်လေးတွေကနေ ဖြစ်တယ်။ IDC လိုပဲ ပြန့်တယ်။ ဆိုးတဲ့ invasive breast cancers အမျိုးအစား ရင်သားကင်ဆာထဲမှာ ၁ဝ% က ဒါမျိုးဖြစ်တယ်။ mammogram နဲ့စမ်းရတာခက်တယ်။
• အဖြစ်နည်းတဲ့ ရင်သားကင်ဆာအမျိုးအစားများ
- Inflammatory breast cancer ဆိုတာ ရောင်ရမ်းဖြစ်စဉ်ရှိတယ်။ ရင်သားကင်ဆာအားလုံးထဲမှာ ၁-၃% ရှိတယ်။ အကျိတ်အခဲတခုတည်းရယ်လို့ စမ်းမတွေ့ပဲ ခဲနေတယ်။ နို့နာလို အပေါ်ယံအရေပြားမှာ နီရဲနေမယ်။ လိမ်မော်သီးအခွံနဲ့ တူနေမယ်။ နာမယ်။ ကြီးနေမယ်။ တင်းနေမယ်။ ယားနိုင်တယ်။
- Paget disease of the nipple အမျိုးအစားကင်ဆာ နို့ပြွန်ကနေစတယ်။ အရေပြား၊ နို့သီး၊ အရောင်ရင့်အဝိုင်း ရောက်လာမယ်။ ရှားတယ်။ ၁% သာရှိတယ်။ ဖြစ်တဲ့နေရာမှာ ကွဲအက်မယ်။ ကွာကျမယ်။ နီမယ်။ သွေးထွက်မယ်။ အရည်ထွက်မယ်။ ပူလောင်မယ်။ ယားမယ်။ ductal carcinoma in situ (DCIS) နဲ့ဖြစ်ဖြစ် infiltrating ductal carcinoma နဲ့ဖြစ်ဖြစ် တွဲနေမယ်။ နို့ခွဲထုတ်ပြစ်ရမယ်။
- Phyllodes tumor အမျိုးအစားဆိုတာ ရှားတယ်။ တွယ်ဆက်တစ်ရှူးတွေကနေဖြစ်တယ်။ Benign phyllodes tumor အမျိုးအစားခွဲဆိုရင် အကျိတ်နေရာသာသာလောက်သာခွဲထုတ်ဘို့လိုတယ်။ malignant phyllodes tumor ဆိုရင်တော့ ခွဲတာအပြင် ကင်ဆာဆေးလိုမယ်။
- Angiosarcoma အမျိုးအစားဆိုတာ သွေးကြော၊ သွေးပြန်ရည်ကြောကနေဖြစ်တယ်။ အရင်ဓါတ်ကင်ရာကနေ ဆက်ဖြစ်နိုင်တယ်။ အလွန်ရှားတယ်။
• Special types of invasive breast carcinoma အထူးအမျိုးအစားများ
- Adenoid cystic (or adenocystic) carcinoma
- Low-grade adenosquamous carcinoma (metaplastic carcinoma)
- Medullary carcinoma
- Mucinous (or colloid) carcinoma
- Papillary carcinoma
- Tubular carcinoma
- Metaplastic carcinoma (spindle cell and squamous)
- Micropapillary carcinoma
- Mixed carcinoma (invasive ductal and lobular)
• ဟော်မုန်းနဲ့ ရင်သားကင်ဆာ
ရင်သားကင်ဆာတချို့က ဟော်မုန်းနဲ့ဆက်စပ်တယ်။ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတီရုန်း) ရှိတယ်။ ရင်သားကင်ဆာ ဆဲလ်တွေမှာ အဲတာတွေကို ခက်ခံနိုင်တဲ့ receptors တွေရှိနေရင် ဖြစ်မယ်။
- Estrogen receptor (ER) positive ဆိုရင် (အီစထိုဂျင်) ဟော်မုန်းပေးရမယ်။
- Progesterone receptor (PR) positive ဆိုရင် (ပရိုဂျက်စတီရုန်း) ဟော်မုန်းပေးရမယ်။
- Hormone receptor (HR) negative ဆိုရင်တော့ ဟော်မုန်းပေးလည်း မထူးပါ။
• Genetic makeup breast cancer cells ရင်သားကင်ဆာရဲ့ မျိုးဗီဇ
နားလည်လာတာ မကြာလှသေးပါ။
- HER2 gene ဆိုတာ HER2 gene မိတ္တူတွေအများကြီးရှိနေမယ်။ Targeted therapy drugs ဆေးသပ်သပ်ရှိနေပြီ။ တခြားမျိုးဗီများလည်းရှိတယ်။
- Group 1 (luminal A) ထဲမှာ ER positive နဲ့ PR positive တွေပါတယ်။ ဟော်မုန်းနဲ့ ကင်ဆာဆေးပေးနိုင်တယ်။
- Group 2 (luminal B) ထဲမှာ ER positive, PR negative နဲ့ HER2 positive တွေပါတယ်။ ဟော်မုန်းနဲ့ ကင်ဆာဆေးပေးနိုင်တယ်။ targeted to HER2 ကိုပါပေးနိုင်သေးတယ်။
- Group 3 (HER2 positive) ထဲမှာ ER negative နဲ့ PR negative, but HER2 positive တွေပါတယ်။ ကင်ဆာဆေးနဲ့ treatment targeted to HER2 နည်းပေးနိုင်တယ်။
- Group 4 (basal-like) ကို triple-negative breast cancer ခေါ်တယ်။ ER negative, PR negative and HER2 negative တွေပါတယ်။ ကင်ဆာဆေးပေးရတယ်။
ကိုယ်ဝန်ဆောင်ရလို့ ရင်သားကင်ဆာဖြစ်လာတာတော့မဟုတ်ပါ။ ကိုယ်ဝန်ရှိမှ သိလာတာမျိုးဖြစ်တယ်။ ကုသရာမှာ အထူးဂရုစိုက်ရတယ်။ ခွဲဘို့လိုအပ်ရင် ခွဲနိုင်ပါတယ်။ ကင်ဆာဆေးလိုတာလည်းရှိနိုင်တယ်။ ဟော်မုန်းပေးကုရင် ဘာဖြစ်မလည်းတော့ တိတိကျကျမေပြောနိုင်သေးပါ။ ဖြစ်နိုင်ရင် မွေးပြီးအထိစောင့်ပါ။ မိခင်က ကင်ဆာဖြစ်နေလို့တော့ အထဲကကလေးဆီမကူးပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment