Fear of Heights အမြင့်ကြောက်ရောဂါ

အမည် မ ( - )၊ အသက် ၂၉ နှစ်၊ အိမ်ထောင်ရှိ၊ ကလေးမရှိ၊ ( - ) မှာနေတာ ၅ နှစ်ရှိပါပြီ။ ကျွန်မငယ်ငယ်ထဲက အမြင့်အရမ်းကြောက်ပါတယ်။ ရိုလာကိုစတာလိုမျိုးစီးရင် သိပ်မကြောက်ပါဘူး။ ခြေထောက်နဲ့ဆင်းရတဲ့ လှေကား၊ ကတ္တယာလမ်းကုန်းဆင်းမျိုး အဒီအခါကျရင် ခြေဖဝါးကစလို့ သွေးတွေပူလာပြီး ရှူထွက်ပါတယ်။ ပုံမှန်လူတွေ မမြင့်ဘူးပြောတဲ့အနေထားလောက်ကို ကြောက်နေပါတယ်။ တကယ်လို့ အဒီအကြောင်းကိုပြန်စဉ်းစားရင်တောင် ကြောက်ပါတယ်။ ရုပ်ရှင်ကြည့်လို့မြင့်တဲ့အခန်းပါရင် ကြောက်လာပြီး ရှူထွက်ချင်ပါတယ်။ ပြီးခဲ့သောအပတ်က တောင်အဆင်းခရီးသွားကြည့်တာ အရမ်းကြောက်ပါတယ်။ ခေါင်းတွေပါမူးလာပြီး ရှူထွက်ပါတယ်။ ဒူးတွေ တုန်ပါတယ်။ ဆရာကျွန်မ ဘယ်လိုနေသင့်ပါသလဲ။ ဘယ်ဆရာဝန်နဲ့ပြသင့်ပါလဲ။ အမြင့်ကြောက်တာကို ပျောက်သွားချင်ပါတယ်။ ရှက်လို့ပါ။ ဆရာ့ကိုအမြဲလေးစားလျက်ပါ။ကျေးဇူးတင်ပါတယ်ရှင်။ 

Anxiety စိုးရိမ်စိတ်ဆိုတာ သဘာဝဖြစ်တယ်။ အချိန်မရွေး၊ လူမရွေးမှာလာဖြစ်နေတယ်။ စိုးရိမ်စိတ်ကဲလွန်ခြင်းကတော့ ရောဂါဖြစ်တယ်။ သူ့ရဲ့ပုံမှန်ဘဝကို ရင်ဆိုင်ကျော်လွှားဘို့မှာ အခက်အခဲအတားအဆီးတခု ဖြစ်နေတော့တယ်။ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေတွေထဲမှာ ဒီရောဂါက ဆိုးတဲ့အထဲမှာပါတယ်။ စိုးရိမ်စိတ်ကဲလွန်ခြင်းမှာ အမျိုးအစားတွေ များတယ်။ 

Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း (၆) မျိုး

၁။ Panic disorder ဆောက်တည်ရာမရဖြစ်ခြင်း၊ 

၂။ Obsessive-compulsive disorder (OCD) စွဲလမ်းမှုအားကြီးခြင်း၊ 

၃။ Post-traumatic stress disorder (PTSD) ထိခိုက်ဒဏ်ရာရပြီး စိတ်ဖိအားများခြင်း၊ 

၄။ Social anxiety disorder အသိုင်းအဝိုင်းထဲ ဝင်မဆန့်ခြင်း၊ social phobia လဲခေါ်တယ်။ 

၅။ Generalized anxiety disorder ယေဘုယျကြောက်စိတ်အားကြီးခြင်း။ 

၆။ Specific phobias တခုခုကိုသတ်သတ်မှတ်မှတ် ကြောက်နေခြင်း၊ 

Fear of Heights အမြင့်ကြောက်ရောဂါဟာ Specific phobias တခုခုကိုသတ်သတ်မှတ်မှတ် ကြောက်နေခြင်းထဲမှာပါတယ်။ စိတ်ဖြေလျှော့နည်းတွေသုံးပါ။ တရားထိုင်တာနဲ့ ယောဂနည်းတွေသုံးနိုင်တယ်။ ကိုယ်လက်လေ့ကျင့်ခန်း၊ အိပ်ချိန် မှန်တာတွေကနေ အထောက်အကူရစေတယ်။ ကိုယ့်အခြေအနေကိုယ် သိအောင်လုပ်ပါ။ ငါဘယ်အတိုင်းအတာအထိ ရသလည်း ဆန်းစစ်ပါ။ တဖြေးဖြေးတိုးလာအောင် ကြိုးစားပါ။ 

စိတ်အထူးကဆရာဝန်ကနေ ကူညီနိုင်ပါတယ်။ Cognitive-Behavioral Therapy (CBT) စိတ်ကုသနည်းလုပ်ပေးတယ်။ Experience gradual exposure therapy နည်းလည်းရှိတယ်။ 

ဆေးနည်းများ

Benzodiazepines ဆေးကိုသုံးနိုင်တယ်။ ဆေးနာမည်အမျိုးမျိုးရှိတယ်။ Alprazolam ကိုအသုံးများတယ်။ 0.5-4 mg/day ကို တနေ့ ၂-၃ ကြိမ်ခွဲပေးတယ်။ ဥပမာ 0.25-0.5 mg တနေ့ ၃ ကြိမ်။ တနေ့ 4 mg/day ထက်မပိုရပါ။

Alprazolam ဆေး၏ ဘေးထွက်အကျိုးများ = စိတ်တို၊ ၂၇့၂% လူဝ၊ ချွေးများ၊ အိပ်မပျော်၊ ကြွက်သားတွေလှုတ်၊ မှတ်ဉာဏ်လျော့။ အရက်နဲ့ရောရင်ပိုဖြစ်။ လိင်စိတ်ပြောင်း (၁၄့၄% မှာ လိင်စိတ်နည်းပြီး၊ ၇့၇% မှာ ကဲ၊ လိင်အင်္ဂါ မသန်မာ၊ မပြီး)။ ရှားပါတဲ့အဖြစ်မျိုးတွေ = ဝမ်းပျက်၊ ဝမ်းချုပ်၊ ပျို့-အန်၊ ဆီးသွားရခက်၊ မျက်စိဝေဝါး၊ ဗိုက်နာ၊ သွေးဖိအားကျ။

Beta blockers ဆေးလည်း နှလုံးခုန်နှေးမနေသူတွေအတွက်သုံးတယ်။ Propranolol (Inderal) 20 to 40 mg ကို စိုးရိမ်စိတ်ဝင်စရာမတိုင်မီ တနာရီကြိုတင်သောက်ပါ။ Atenolol (Tenormin) 50 mg ကို တပါတ်သောက်ပါ။ လိုရင် ၂ ပြားသောက်ပါ။

Beta blockers ဘေးထွက်ဆိုးကျိုးများ = အားယုတ်၊ ခြေလက်အေးစက်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အသက်ရှူတိုတောင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ