Gout (2) ဂေါက်-ရောဂါ (၂)

အမေရိကားမှာလူ ၅ သန်းခံစားနေကြရတယ်။ ယောက်ျားတွေကမိန်းမတွေထက် ၉ ဆ ပိုဖြစ်ကြတယ်။ Gout ဆိုတာ Hyperuricemia သွေးထဲမှာယူရစ်-အက်စစ် များနေတာကိုခေါ်တယ်။ မျိုးဗီဇကြောင့် ဖြစ်ကြရတာရှိသလိုတမူထူးတဲ့ အခြေအနေတွေကြောင့်လဲဂေါက်ရောဂါ ဖြစ်ရနိုင်တယ်။ လူဝတာ၊ အရက်သေစာများတာ၊ သွေးတိုးရှိနေတာ၊ ကျောက်ကပ် မကောင်းတာတွေ ပါတယ်။ နောက်ပြီးဆေးတချို့ကြောင့် ဖြစ်စေနိုင်တဲ့ စာရင်းထဲမှာ Hydrochlorothiazide (Dyazide]), Aspirin, Niacin, Cyclosporine, Pyrazinamide နဲ့ Ethambutolဆေးတွေပါတယ်။ နောက်တခါ တချို့ရောဂါတွေကြောင့် ဆိုးဝါးစေနိုင်တယ်။ Leukemias, Lymphomas နဲ့ Hemoglobin disorders တွေဖြစ်ကြတယ်။ ဒါ့ပြင် ရေဓါတ်နည်းတယ၊ ခိုက်မိတာ၊ ဖျားနေတာ၊ အစားလွန်လွန်ကဲကဲစားမိတာ၊ အရက်များတာ၊ ခွဲစိတ်တာတွေကနေရောဂါကိုထစေနိုင်တယ်။

လူတွေစားတဲ့ အစားအစာထဲမှာပါတဲ့ Purines ကိုကျေချက်ရာကနေ Uric acid ဆိုတာဖြစ်လာတာပါ။ တချို့လူတွေမှာ သွေးထဲမှာ Uric acid levels (Hyperuricemia) မြင့်နေတာသာဘဲရှိနေနိုင်တယ်။ ဂေါက်ကိုမခံစားရသေးဘူး။ ရောဂါ ရှုတ်ထွေးပုံတခုကတော့ အဆစ်နာထနေချိန်မှာ သွေးစစ်ရင် Uric acid နည်းနေသူတွေရှိတယ်။ ခြေမဆစ်ကအဖြစ် အများဆုံး ဖြစ်တယ်။ Podagraလို့ ခေါ်တယ်။ တခြားအဆစ်တွေကခြေခြင်းဝတ်၊ လက်ကောက်ဝတ်၊ ဒူး၊ တံတောင်ဆစ်၊ လက်ချောင်းဆစ်။

နေရာတကာမှာ ဖြစ်နိုင်ပေမဲ့ အဆစ်မှာလာဖြစ်ရင် Arthritis (Gout) ခေါ်တော့တယ်။ နာတာရှည် ရောဂါမျိုးဖြစ်တယ်။ တိုးတိုးဆိုးဆိုးလာတတ်တယ်။ အဆစ်ကအရင်လိုအလုပ် မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်ကလဲအလုပ် နည်းလာနိုင်တယ်။ ကျောက်လဲတည်လာနိုင်သေးတယ်။

ရုတ်တရက် ဖြစ်လာရင် အဆစ်နေရာမှာနာမယ်၊ နီမယ်၊ ရောင်မယ်၊ ပူနေမယ်။နာတာကအတော်ကိုနာမယ်။ အပေါ်ယံအရေပြာကို လာထိတာတောင် မခံချင်ဘူး။ ကိုယ်ပူနိုင်တယ်။ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအထိ ခံစားနေရနိုင်တယ်။ ပြန်ဖြစ်နိုင်တယ်။ နာတာရှည် ဖြစ်လာတာကိုTophaceous gout လို့ ခေါ်ပြန်တယ်။ ခြေမ၊ လက်ချောင်း၊ တတောင်ဆစ်၊ နားရွက် စတဲ့ အဆစ်နဲ့ နေရာတွေမှာသာမကတချို့မှာ Vocal cords အသံအိုး Spinal cord ခါးရိုးတွေမှာပါ ဖြစ်နိုင်တယ်။ အဆစ်ထဲကအရည်ကိုစုပ်ထုတ်ပြီးစစ်ရင် Uric acid crystals တွေ့ရင်တော့ ဂေါက်ရောဂါ သေခြာတယ်။

ဆေးကုတဲ့အခါ အရေးအကြီဒဆုံးအချက် ၂ ချက်ကိုဦးတည်ရမယ်။

၁။ ရောင်-နာနေတဲ့ အဆစ်ကိုရပ်တန်းကရပ်စေရမယ်။

၂။ ရေရှည်အတွက် ကုသရမယ်။

၃။ တပါထဲလုပ်စရာတွေ ရှိတယ်။ ရေ-အရည် သောက်တာမနည်းစေနဲ့။ ကိုယ်အလေးချိန် လျှော့ပါ။ အစားအသောက် ဆင်ခြင်ပါ။ အရက်လျှော့ပါ-ရှောင်ပါ။ ဆေးသောက်ပါ။

• ဆေးတွေထဲမှာ Acetaminophen ကနေစသင့်တယ်။ အမေရိကားမှာ (Tylenol) ခေါ်ပြီး တခြားနိုင်ငံတွေမှာ Paracetamol လို့ ခေါ်တာများတယ်။

• ဒုတိယလိုက်တာက NSAIDS ဆေးအုပ်စုဝင် ဆေးတွေဖြစ်တယ်။ ဒါ့အပြင် Colchicine (Colcrys) နဲ့ Corticosteroids ဆေးတွေကိုလဲသုံးနိုင်တယ်။ တမျိုးထဲမရပါ။ သွေးထဲမှာ Uric acid များစေတာကိုချပေးမဲ့ဆေးလိုနိုင်တယ်။

• NSAIDS တွေထဲမှာ Indomethacin (Indocin) နဲ့ Naproxen (Naprosyn) တွေပါတယ်။ သက်သာတာနဲ့ ဆေးကို လျော့ပေးမယ်။ NSAIDS ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာမသတိထားဘို့ကအစာအိမ်-လေနာနဲ့ သွေးယိုတာတွေ ပါတယ်။

• Colchicine (Colcrys) ဆေးသောက်ရင် ယုတ်တရက်ရောင်-နာနေတာတွေသက်သာစေမယ်။ Allopurinol (Zyloprim) နဲ့ Febuxostat (Uloric) ဆေးတွေကHyperuricemiaကို ပြင်ပေးမယ်။ တကယ်တန်းနာနေသူတွေကို Colchicine (Colcrys) ဆေး ၁ နာရီတခါ၊ ၂ နာရီတခါအထိပေးရတတ်တယ်။ ဘေးထွက်-ဆိုးကျိုးကြောင့် ဝမ်းပျက်နိုင်တယ်။ ပျို့-အန်တတ်တယ်။

• Corticosteroids ဆေးဆိုတာ Prednisone ဖြစ်တယ်။ ရက်တိုအတွက်သာသုံးရမယ်။ စားဆေး၊ ထိုးဆေးသုံးနိုင်တယ်။ အဆစ်ထဲပါ ထိုးနိုင်သေးတယ်။

• နာတာသက်သာဆေးမျိုးကိုရက်တိုတိုသာသောက်ရပေမဲ့ Uric acid ကျစေမဲ့ဆေးက ကြာကြာဆက်သောက်ရတယ်။

• Probenecid (Benemid) နဲ့ Sulfinpyrazone (Anturane) ဆေးတွေကအများဆုံသုံးနေတဲ့ uric acid ကို ဆီးထဲကနေ များများစွန့်ထုတ်ပေးပြီးသွေးထဲမှာနည်းသွားစေတဲ့ဆေးတွေဖြစ်တယ်။ ကျောက်ကပ်-ကျောက် ရှိဘူးကိုတော့ ဒီဆေးမျိုး သတိကြီးရမယ်။ ဆေးသောက်ရင် ရေများများသောက်ရမယ်။

• Allopurinol ဆေးဆိုတာကလူ့ကိုယ်ကနေ Uric acid ထုတ်လုပ်မှာကိုနည်းစေတယ်။ အသဲနဲ့ ကျောက်ကပ် ကောင်းနေသူတွေ ဖြစ်ဘို့သင့်တယ်။

• Febuxostat ဆေးကိုတော့ နာတာရှည်သမားတွေအတွက် ၂ဝဝ၉ ကတည်းက FDA ကနေခွင့်ပြုထားတယ်။ ယုတ်တရက် နာသူတွေအတွက် Allopurinol ထက်ထိရောက်တယ်။ ဒီဆေးပေးသူဟာ Uric acid ဘယ်လောက် ရှိလဲ၊ အသဲကောင်းလာစစ်သင့်တယ်။

• သတိထားဘို့ကရက်တိုယုတ်တရက် နာသူတွေကို Allopurinol နဲ့ Febuxostatဆေးမပေးသင့်သေးဘူး။ တချို့မှာ ဆိုးတောင် လာတတ်တယ်။ ယုတ်တရက် ဖြစ်တဲ့အဆင့် ကျော်လာမှ ပေးပါ။ ဒီဆေးသောက်လက်စသမားတွေကတော့ ဆေးနည်းနည်းကိုအဲလိုယုတ်တရက် ဖြစ်နေချိန်မှာဆက်သောက်လို့ ရပါတယ်။

• ထိုးဆေးသစ် တမျိုးရှိတယ်။ PEGylateduricase (Pegloticase or Krystexxa) နာတာရှည်သမားတွေအတွက် သွေးပြန်ကြေထဲထိုးရတာပါ။ သုံးနေကြဆေးတွေနဲ့မတိုးသူတွေကို ၂ ပါတ်တခါ သွင်းပေးနိုင်တယ်။ ဆေးကြောင့် ရှော့ခ် မဖြစ်အောင်သတိနဲ့ပေးရမယ်။ စိုးရိမ်ရင် Antihistamines နဲ့ Cortisone medications ဆေးတွေနဲ့ ကြိုတင် ကာကွယ်နိုင်တယ်။

အလားအလာ

ဆေးမကုဘဲနေရင်လဲ ၅-၇ ရက်မှာသက်သာလာမှာပါဘဲ။ ဒါပေမဲ့ ၆ဝ% လောက်က တနှစ်အတွင်းမှာနောက်တခါ ထပ်ဖြစ်လိမ့်မယ်။ နောက်ပြီးနာတာရှည်ဘက် ဆက်ဖြစ်နိုင်တယ်။ အဆစ်ဖုံးတွေ ထိခိုက်ရာကနေ Joint deformity အဆစ်တွေ ပုံပြောင်းသွားမယ်။ ဆေးကုမနေသူထဲက ၃ဝ% မှာ ၅ နှစ်အတွင်း Painless tophi အကျိတ် ပေါ်လာနိုင်တယ်။ ဆေးသေသေခြာခြာကုရင် ဒါတွေ ပျယ်သွားစေနိုင်တယ်။ ၁ဝ-၄ဝ% မှာ ဖြစ်တတ်တဲ့ ကျောက်ကပ်-ကျောက်ရှိနေရင် တမျိုးဆိုးစေနိုင်တယ်။ မနိုင်ဝန် ထမ်းရသလိုယူရစ်-အက်စစ်ကြောင့် Urate ပုံဆောင်လဲသေးသေးလေးတွေ ဖြစ်လာမယ်။

နာနေတဲ့အဆစ်ကို အခုအခံနဲ့ထားပါ။ အိမ်မှာနားပါ။ ရေခဲတင်တာမကောင်းလှပါ။ Aspirin ပါတဲ့ဆေးရှောင်ပါ။ ကျောက်ကပ်ကနေ Uric acid ထုတ်မှာတို နှေးစေနိုင်လို့ပါ။ သုတေသနတွေ ဆက်လုပ်နေပါတယ်။ အသားစားတာ့ လျှော့သင့်တယ်။ Calcium နဲ့ Vitamin C တွေ အစားအစာထဲမှာပါတာသက်သာစေတယ်။ အချိုရည်တွေထဲမှာ Fructose (ပြောင်းသကြား) တွေပါတာနဲ့ မတည့်ပါ။

Dr. တင့်ဆွေ

၂၇-၁၀-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ