Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ်

• အမျိုးသမီးတွေမှာပိုဖြစ်တယ်။ အသက် ၂ဝ နဲ့ ၄ဝ ကြား ရောဂါရှိမှန်းစသိတာ များတယ်။

• အာရုံကြောဆဲလ်လေးတွေကို ဖုံးအုပ်ပေးထားတဲ့ (မိုင်လင်ရှိ) ဆိုတာ ပျက်စီးလို့ဖြစ်ရတယ်။ အဖုံးပျက်သွားလို့ အာရုံကြောရဲ့ အလုပ်တွေ နှေးကွေးတာ မလုပ်နိုင်တော့တာဖြစ်လာတယ်။

• ရောင်ရမ်းဖြစ်စဉ်ကြောင့် အာရုံကြောဆဲလ်လေးတွေ ထိခိုက်ခံရတယ်။ ဦးနှောက်၊ မျက်စိအာရုံကြောနဲ့ ခါးရိုးမကြီးထဲက အာရုံကြောတွေကိုထိခိုက်စေတယ်။

• ဘာလို့ဖြစ်သလဲ အတိအကျမသိရသေးပါ။ ဗိုင်းရပ်စ်လား မျိုးဗီဇလားဖြစ်နိုင်တယ်။

• ခံစားရတာတွေက အမျိုးမျိုးရှိတယ်။ တခါဖြစ်တာဟာ ရက်ပိုင်း၊ ရက်သတ္တပါတ်တွေကနေ လအထိကြာနိုင်တယ်။  သက်သာချိန်တွေကြာထဲမှာရှိပါတယ်။ ဖျားလို့၊ ရေပူချိုးလို့၊ စိတ်ဖိစီးမှုများလို့ကနေ ရောဂါထလာနိုင်တယ်။

• ကိုယ်ကိုထိန်းနိုင်မှု နည်းခြင်း၊ ကြွက်သားတွေလှုပ်ခြင်း၊ ထုံခြင်း၊ ခြေလက်လှုပ်ရတာ ခက်ခဲခြင်း၊ လက်တုန်ခြင်း၊ လမ်းလျှောက်ရခက်ခြင်း၊ အသေးစိတ်လှုပ်ရှားမှုခက်ခြင်း၊ စတာတွေဖြဖြစ်နိုင်တယ်။

• တင်ပါးဆုံတွင်း အာရုံကြောက်ကိုထိခိုက်ရင် ဝမ်းချုပ်၊ ဆီးသွားရခက်၊ ဆီးခဏခဏ သွားချင်၊ ဆီးမထိန်းနိုင်ဖြစ်မယ်

• မျက်စိအာရုံကြောထိခိုက်ရင် အရုပ်နှစ်ခုမြင်ခြင်း၊ မျက်စိအောင့်ခြင်း၊ မျက်စိ သူ့အလိုလိုလှုပ်ခြင်း၊ မမြင်ရတော့ခြင်းတွေ ဖြစ်နိုင်တယ်။

• ဦးနှောက်မှာထိခိုက်ရင် စူးစိုက်မှုအားနည်း၊ ဆုံးဖြတ်တာအားနည်း၊ မှတ်ဉာဏ်နည်း၊ ဝမ်းနည်း၊ နားအကြားနည်းတာတွေ ဖြစ်နိုင်တယ်။

• လိင်ပိုင်းဆိုင်ရာမှာဖြစ်ရင် ကျားအင်္ဂါသန်မာမှုနည်းတာနဲ့ မိန်းမအင်္ဂါ စိုစွပ်မှုနည်းတာဖြစ်မယ်။

• စကားပြေတာနဲ့ဆိုင်တာကိုထိခိုက်ရင် စကားပြောလေး-နှေး၊ ဝါးရ-မြိုရတာခက်မယ်။

• အားယုတ်ခြင်းကသိသာတယ်။ ညနေပိုင်းပိုဆိုးတယ်။

• ကုသမှုနည်းတွေရှိပေမဲ့ ပျောက်မယ်လို့ အာမမခံနိုင်သေးပါ။ 

• အဖြစ်နှေးအောင်ပေးတဲ့ဆေးတွေကို ကြာကြာသောက်ရတယ်။

- Interferons (Avonex, Betaseron, or Rebif), glatiramer acetate (Copaxone), mitoxantrone (Novantrone), and natalizumab (Tysabri)

- Fingolimod (Gilenya )

- Methotrexate, azathioprine (Imuran), intravenous immunoglobulin (IVIg) and cyclophosphamide (Cytoxan) 

- Steroids စတီရွိုက်ပေးရင်လဲ ဆိုးတာတွေသက်သာစေတယ်။

• ခံစားရချိန်မှာဖြစ်လာတာတွေ သက်သာအောင် ပေးရတဲ့ဆေးတွေကတော့ 

- Lioresal (Baclofen), tizanidine (Zanaflex), benzodiazepine ကြွက်သားလှုပ်တာအတွက်ဆေး၊ 

- Cholinergic medications တီးလမ်းမှာဖြစ်တာတွေအတွက်ဆေး၊ 

- Antidepressants စိတ်မူပြောင်းတာနဲ့ အမူအယာလက္ခဏာတွေအတွက်ဆေး၊ 

- Amantadine အားယုတ်တာအတွက်ဆေး။

• ဆက်ဖြစ်လာနိုင်တာတွေကတော့ စိတ်ဓါတ်ကျခြင်း၊ အမျိုရခက်ခြင်း၊ တွေးတော စဉ်းစားရခက်ခြင်း၊ ကိုယ်ကိုယ်တိုင်လုပ်ရတာတွေ ခက်ခြင်း၊ ဆီးပိုက်တပ်ထားရခြင်း၊ အရိုးအားနည်းခြင်း၊ ဖိထိုင်ရာနေရာတွေမှာ အနာပေါက်ခြင်း၊ ဆီးလမ်းပိုးဝင်ခြင်း နဲ့ သောက်ရတဲ့ဆေးရဲ့ဘေးထွက်-ဆိုးကျိုးတွေရှိမယ်။

• အမျိုးသမီးဆိုရင်၊ ရောဂါဟာ အသက် ၃ဝ အောက်ရောဂါစဖြစ်ရင်၊ ခံစားရတာတွေက တခါနဲ့တခါ ကြာမှဖြစ်ရင်၊ အလားအလာကောင်းတယ်။

ဒေါက်တာတင့်ဆွေ

၃၀-၁၀-၂၀၁၃

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ