Storing Rice ထမင်းကို မသိုးအောင်ထားနည်း

အမျိုးအစားနဲ့ ဘယ်လိုထားသိုမလည်းအပေါ်မှာမူတည်တယ်။ မချက်ရသေးဆဲ့ဆန်ကို အမှုံအမွှား၊ အင်းဆက်နဲ့ မပါသင့်တာတွေမပါရင် ဘယ်လောက်ကြာကြာ ထားသိုနိုင်ပါတယ်။ အကန့်အသတ်မရှိလို့ပြောနိုင်တယ်။ White rice ဆန်ဖြူ၊ Wild rice ဆန်ရိုင်း၊ Arborio rice အာဘိုရီယိုဆန်၊ Jasmine rice စပယ်ဆန်၊ Basmati rice ဘာ့စ်မာသီဆန် အားလုံး အကန့်အသတ်မရှိထားနိုင်ကြတယ်။ Brown rice ဆန်လုံးညိုကိုတော့ ၃-၆ လ၊ ရေခဲသေတ္တာထဲမှာ ၆-၁၂ လနဲ့ အေးခဲခန်းထဲမှာ ၁၂-၁၈ လထားနိုင်တယ်။ ဆန်ကို အထားခံအောင် အေးပြီး ခြောက်သွေ့ရာမှာထားပါ။ အိတ်ကိုဖွင့်ပြီးရင် လိုတာကိုယူပြီးနောက် အိတ်ကိုပြန်ပိတ်ထားပါ။ လေလုံပါစေ။

ချက်ထားတဲ့ဆန် (ထမင်း) ကို ဘယ်လိုထားသိုမလည်း 

ရေခဲသေတ္တာထဲမှာ ၄-၆ ရက်၊ အေးခဲခန်းထဲမှာ ၆ လကြာ ထားနိုင်တယ်။ အဖုံးနဲ့ လေလုံအောင်ထားပါ။ အခန်းတွင်း အပူချိန်မှာထားရင် ဗက်တီးရီးယားပိုးတွေဟာ အပူချိန် ၄ဝ ကနေ ၁၄ဝ ဒီဂရီအတွင်းအမြန်ပေါက်ပွါးကြတယ်။ အဲတာဆို ၂ နာရီအထိသာခံမယ်။ ရေခဲသေတ္တာနဲ့ အေးခဲခန်းမှာ လေလုံစရာထဲမှာ သိမ်းထားပါ။ သုညဒီဂရီမှာအသင့်ဆုံးဖြစ်တယ်။

အေးအောင်ထားတဲ့ထမင်းကို ပြန်နွှေးနည်း

မီးဖိုပေါ်မှာ ထမင်း ပမာဏတခွက်တိုင်းကို ရေလက်ဖက်ရည်ဖွန်း ၂ ဇွန်းပါရောထည့်ပါ။ အဖုံးအုပ်ပါ။ ၅ မိနစ်ကြာ အပူပေးပါ။ မိုက်ခရိုဝေ့ဖ်ထဲမှာ အဲလိုနည်းအတိုင်း ပမာဏတခွက်တိုင်းကို ၁ မိနစ်ကြာအပူပေးပါ။ အေးခဲထားတဲ့ထမင်းကို ၂ မိနစ်။

အသိုးကို အိုးပြောင်းမထည့်ပါနဲ့။

ထမင်းမကောင်းတော့ဘူးဆိုတာ အနံ့နဲ့သိမယ်။ အမြင်အရလည်းပြောင်းလာပြီ။ အရသာလည်းပြောင်းတယ်။

အိုးလည်းပြောင်း၊ ဆန်လည်းပြောင်း၊ ထမင်းကောင်းကောင်းကို ဝဝလင်လင်စားချင်သလိုသုံးနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

၂၅-၁၀-၂၀၁၅

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ