TB တီဘီ

VOA Burmese မြန်မာပါဝင် ကမ္ဘာ့နိုင်ငံတချို့မှာ တီဘီရောဂါ ပြန်လည်ခေါင်းထောင်

သတင်းထွက်လာလို့ ပြန်တင်ပါတယ်။ ရေးထာတာ ၁၀ နှစ်လောက်ရှိပြီ။ စာက နည်းနည်းရှည်တယ်။ မေးခွန်းတွေမထည့်တော့ပါ။

တီဘီရောဂါကို သလိပ်ထဲပိုးမတွေ့ဘဲ ဓါတ်မှန်အရ ဆေးပေးတယ်။ အဆုတ်မှာမဟုတ်ပဲ အရိုး၊ အူ စတဲ့ တခြား နေရာတွေမှာတွေ့လည်း ဆေးပေးပါတယ်။ ကလေးတွေမှာ သံသယရှိတာနဲ့ ဆေးပေးရတယ်။

Tuberculosis ခေါ် TB တီဘီဟာအဖြစ်များပြီး သေစေနိုင်တဲ့ကူးစက်ရောဂါဖြစ်တယ်။ Mycobacterium tuberculosis ခေါ် ဗက်တီးရီးယားကြောင့် ဖြစ်တယ်။ ဒီခေတ်မှာ တီဘီဖြစ်တာ ကံဆိုးကံကောင်း အောက်မေ့ပါ။ ဆေးတွေ ပိုကောင်းလာတယ်။ ဆေးသေချာသောက်ရင် သေချာပျောက်တယ်။ သေတယ်ဆိုတာရှားလာတယ်။ တချို့နိုင်ငံတွေမှာ တီဘီမဖြစ်တော့လို့ ဆေးကျောင်းတွေမှာ TB သင်မပေးတော့ဘူး။ ညွှန်ကြားချက်အတိုင်း စနစ်တကျနဲ့ ပုံမှန်ဆေးသုံးစွဲရင် အမြစ်ပြတ် ပျောက်ကင်းစေနိုင်တယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အများဆုံးဖြစ်တယ်။ ဆိုးတာက ရောဂါကူးစက်တာ ပိုများလာတယ်။ ဆေးယဉ်တီဘီဖြစ်တာလည်း များလာတယ်။ ဆေးပြီး-ဆေးယဉ်တီဘီရှိသူတွေကို ဒုတိယတန်းစား ဆေးတွေပေးရတယ်။

တီဘီရောဂါ ဘယ်လိုကူးစက်သလဲ

၁။ တံတွေးနဲ့ သလိပ်မှာ တီဘီပိုးတွေသူကနေသာ ကူးစက်နိုင်တယ်။ ချောင်းဆိုးနှာချေရင် ပိုးတွေက လေထဲမှာ ပြန့်ကျဲနေလို့ အခြားသူတွေ အသက်ရှူတဲ့အခါကူးစက်သွားနိုင်တယ်။

၂။ ရောဂါပိုးကို ခုခံကာကွယ်ရန် ကိုယ်ခံအားနည်းတဲ့အခါမှာ ကူးစက်နိုင်တယ်။

၃။ လူသူများပြီး ကျဉ်းကြပ်မှောင်မိုက်နေတဲ့နေရာများမှာ အချိန်ကြာရှည်နေထိုင်ရခြင်း။ အစားအသောက်နဲ့ အာဟာရ ချို့တဲ့ခြင်း။ အေအိုင်ဒီအက်စ် နဲ့ အိပ်ချ်အိုင်ဗွီရောဂါ ကူးစက်ခြင်းတွေကနေလည်း ကူးစက်လာနိုင်တယ်။

Pulmonary TB အဆုပ်တီဘီရောဂါ လက္ခဏာများ

ဆီဘီက အဆုပ်မှာအများဆုံးဖြစ်တယ်။ သတင်းသုံးပတ်ထက်ပိုတဲ့ အချိန်ကာလအထိ ချောင်းဆိုးနေခြင်း၊ Hemoptysis ခေါ် ချောင်းဆိုးတဲ့အခါ တံတွေးမှ သွေးပါခြင်း၊ သတင်းသုံးပတ်ထက်ပိုတဲ့အချိန်ထိ ညတိုင်း အဖျားတက်ခြင်းနဲ့ ခန္ဓာကိုယ်မှ ချွေးထွက်ခြင်း၊ အစားအသောက်က်ပျက်လာခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန် လျော့နည်းလာခြင်း၊ ရင်ဘတ်နာခြင်း။

အဆုပ်အပြင် အရိုးအဆစ်၊ ဗဟိုအာရုံကြောစနစ်၊ လင့်ဖ်ကြောစနစ်၊ ဆီးလမ်း၊ မွေးလမ်းကြောင်း၊ အရေပြားတို့မှာလည်း တီဘီရောဂါရစေတယ်။ Pleura ခေါ် အဆုပ်ကိုဖုံးနေတဲ့အလွှာ နှစ်လွှာအကြား အရည်-ပြည်တို့ စုဝေးနေခြင်းဖြစ်စေတယ်။ အဲလိုဖြစ်ရင် တီဘီဆေးတွေအပြင် အဲဒီအရည်-ပြည်ကို စုပ်ထုတ်ကုသပေးရန်လိုတယ်။

တီဘီ ရှိ-မရှိ စစ်ဆေးနည်းများ (၁) Mantoux tuberculin skin test အရေပြားကိုဆေးထိုးစမ်းနည်း၊ (၂) Tuberculosis radiology လူထုအား ဓါတ်မှန်ရိုက်ခြင်းနဲ့ (၃) သလိပ်ထဲပိုး ရှိ-မရှိ စစ်သည်။ AFB +ve = သလ်ပထဲပိုးရှိ၊ –ve မရှိ။

HIV မရှိရင် များသောအားဖြင့် ၆ လနဲ့ရတယ်။ တချို့ကို ၉ လ ပေးရတယ်။ လူနာကို တိုက်ရိုက်စောင့်ကြည့် ကုသမှု DOT နည်း (၃) နည်းအနက် ကြိုက်ရာပေးနိုင်တယ်။

(၁) Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို နေ့စဉ် (၂) လ ပေးပြီးနောက်၊ Isoniazid + Rifampin ကို ၇ ရက်တပါတ်မှာ ၂-၃ ကြိမ် (၄) လ ပေးရမည်။ စုစုပေါင်း ၆ လ ကြာမည်။

(၂) Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို ၂ ပါတ် ပေးပြီးနောက် ၎င်းအတိုင်း တပါတ်လျှင် ၂ ကြိမ် ၆ ပါတ် ပေးသည်။ ထို့နောက် Isoniazid + Rifampin ကို တပါတ် ၂ ကြိမ် ၄ လ ပေးသည်။

(၃) Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို တပါတ် ၃ ကြိမ် ၆ လ ပေးသည်။

ကိုယ်ဝန်ရှိနေသူကို Pyrazinamide မပေးဘဲ Isoniazid + Rifampin + Ethambutol တို့ကို ၄-၈ ပါတ်ပေးသည်။ Isoniazid နဲ့ Rifampin တို့အား ဆေးမယဉ်ဟုသိရပါက Ethambutol ကို မပေးတော့ဘဲ၊ ဆေး ၂ မျိုးထဲ ၉ လ ပေးနိုင်သည်။ ဆေးယဉ်မှာစိုးရိမ်ပါက Isoniazid + Rifampin + Ethambutol တို့ကိုတွဲပြီး ၉ လ ပေးပါ။

သလိပ်ပိုးမတွေ့သူအား Isoniazid + Rifampin + Pyrazinamide တွဲပြီး ပဌမ ၂ လ ပေးပြီးနောက် Isoniazid + Rifampin တွဲကာ နောက် ၆ လ ပေးပါ။ နေ့စဉ်ပေးနည်း မဟုတ်ဘဲ ၁ ပါတ် ၂-၃ ကြိမ်ပေးပါက Isoniazid, Pyrazinamide, Ethambutol တို့၏ ဆေးအလေးချိန်ကို တိုးရမည်။

လူနာကို တိုက်ရိုက်စောင့်ကြည့် ကုသမှု (DOT) နည်း (၃) နည်းအနက် ကြိုက်ရာပေးနိုင်တယ်။

၁။ Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို နေ့စဉ် (၂) လ ပေးပြီးနောက်၊ Isoniazid + Rifampin ကို ၇ ရက်တပါတ်မှာ ၂-၃ ကြိမ် (၄) လ ပေးရမည်။ စုစုပေါင်း ၆ လ ကြာမည်။

၂။ Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို ၂ ပါတ် ပေးပြီးနောက် ၎င်းအတိုင်း တပါတ်လျှင် ၂ ကြိမ် ၆ ပါတ် ပေးသည်။ ထို့နောက် Isoniazid + Rifampin ကို တပါတ် ၂ ကြိမ် ၄ လ ပေးသည်။

၃။ Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို တပါတ် ၃ ကြိမ် ၆ လ ပေးသည်။

• ကိုယ်ဝန်ရှိနေသူအား Pyrazinamide မပေးဘဲ Isoniazid + Rifampin + Ethambutol တို့ကို ၄-၈ ပါတ် ပေးသည်။

• Isoniazid နဲ့ Rifampin တို့အား ဆေးမယဉ်ဟုသိရပါက Ethambutol ကို မပေးတော့ဘဲ၊ ဆေး ၂ မျိုးထဲ ၉ လ ပေးနိုင်သည်။

• ဆေးယဉ်မှာ စိုးရိမ်ပါက Isoniazid + Rifampin + Ethambutol တို့ကိုတွဲပြီး ၉ လ ပေးပါ။

• သလိပ်ပိုးမတွေ့သူအား Isoniazid + Rifampin + Pyrazinamide တွဲပြီး ပဌမ ၂ လ ပေးပြီးနောက် Isoniazid + Rifampin တွဲကာ နောက် ၆ လ ပေးပါ။

• နေ့စဉ်ပေးနည်း မဟုတ်ဘဲ ၁ ပါတ် ၂-၃ ကြိမ်ပေးပါက Isoniazid, Pyrazinamide, Ethambutol တို့၏ ဆေးအလေးချိန်ကို တိုးရမည်။

တီဘီအစပျိုးကုသမှုဆေးပေးနည်းများ -

• Isoniazid = နေ့စဉ် 5 mg/kg အများဆုံး 300 mg/dose = တပါတ် ၂ ကြိမ် 15 mg/kg အများဆုံး 900 mg/dose = တပါတ် ၃ ကြိမ် 15 mg/kg အများဆုံး 900 mg/dose

• Rifampin = နေ့စဉ် 10 mg/kg အများဆုံး 600 mg/dose = တပါတ် ၂ ကြိမ် 10 mg/kg အများဆုံး 600 mg/dose = တပါတ် ၃ ကြိမ် 10 mg/kg အများဆုံး 600 mg/dose

• Pyrazinamide = နေ့စဉ် 15–30 mg/kg အများဆုံး 2 g/dose = တပါတ် ၂ ကြိမ် 50–70 mg/kg အများဆုံး 4 g/dose = တပါတ် ၃ ကြိမ် 50–70 mg/kg အများဆုံး 3 g/dose

• Ethambutol = နေ့စဉ် 5–25 mg/kg အများဆုံး 2.5 g/dose = တပါတ် ၂ ကြိမ် 50 mg/kg အများဆုံး 2.5 g/dose = တပါတ် ၃ ကြိမ် 25–30 mg/kg အများဆုံး 2.5 g/dose

• Streptomycin = နေ့စဉ် 15 mg/kg အများဆုံး 1 g/dose = တပါတ် ၂ ကြိမ် 25–30 mg/kg အများဆုံး 1.5 g/dose = တပါတ် ၃ ကြိမ် 25–30 mg/kg အများဆုံး 1.5 g/dose

• သလိပ်ပိုးမတွေ့သူအား Isoniazid 300 mg + Rifampin 600 mg + Pyrazinamide 2 g တွဲပြီး ပဌမ ၂ လ ပေးပြီးနောက် Isoniazid 300 mg + Rifampin 600 mg တွဲကာ နောက် ၆ လ ပေးပါ။

ဆေးဝါးများကို မှန်ကန်စွာ မှီဝဲခြင်းမပြုပါက မည်သို့ဖြစ်နိုင်သနည်း

၁။ ဆေးဝါးများကို မှန်မှန်နဲ့စနစ်တကျ မသုံးစွဲပါက တီဘီရောဂါ၏ လက္ခဏာတွေပြန်ပေါ်ပေါက်လာနိုင်တယ်။

၂။ ပထမသုံးစွဲတဲ့ဆေးတွေ အစွမ်းမထက်တော့တာကို မကြာခဏတွေ့ရသည်။ ဆိုးတဲ့ရောဂါပိုးတွေက ဆေးတွေကို ခံနိုင်ရည်ရှိလာလို့ဖြစ်တယ်။ ရိုးရိုးတီဘီဆေးတွေကလည်း ရောဂါကိုပျောက်ကင်းရန် အစွမ်းဆောင်နိုင်တော့ပါ။

၃။ အချိန်ကြာမြင့်စွာ ဆေးကုခံရတော့မည်ဖြစ်သည်သာမက ငွေအကုန်အကျများမယ်၊ အသက်အန္တရာယ်လည်း ရှိလာနိုင်တယ်။

၄။ အချိန်မှန်မှန်နဲ့ စနစ်တကျ ဆေးဝါးများကို မှီဝဲခြင်းမရှိတဲ့ တီဘီရောဂါ စဖြစ်သည့်သူများမှာ တီဘီရောဂါ ကုဆေးများက အာနိသင် နည်းပါးလာတယ်။

တီဘီရောဂါမှ ကာကွယ်ခြင်း

၁။ တီဘီရောဂါသည် ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပုဝါနဲ့ ပါးစပ်ပိတ်၍ ချောင်းဆိုးရမည်။

၂။ တီဘီရောဂါသည် မိမိတံတွေးကို နေရာတကာမှာ မထွေးရ။ အဖုံးရှိတဲ့ခွက်မှာ စံနစ်တကျ ထွေးရမည်။

၃။ ယင်းတံတွေးများကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းတို့ကို ပြုရမည်။

၄။ တီဘီရောဂါသည်အား ဝင်လေ-ထွက်လေ ကောင်းတဲ့အခန်းမှာ နေထိုင်စေရမည်။

၅။ ထိုရောဂါသည်များနဲ့ ဆက်ဆံမှုရှိတဲ့သူများသည် (၂) နှစ်တာကာလအချိန်အမှား တီဘီရောဂါ ကူးစက်ရန် အန္တရာယ် ပိုများလာသည်။ ထိုသူများသည် တီဘီရောဂါ လက္ခဏာ ပေါ်ပေါက်လာပါက လိုအပ်သည့် ဆေးစစ်မှုများကို ဆောင်ရွက်သင့်သည်။

၆။ ရောဂါသည်နှင့် ဆက်ဆံမှုရှိနေကြတဲ့ ကလေးများနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ရောဂါကူးရန် ပို၍ အန္တရာယ်ရှိ၍ အထူးသတိရှိရန် လိုအပ်ပါသည်။

တိုင်းပြည်အလိုက် ရောဂါနှိမ်နင်းရေးဌာတွေမှာ မတူတဲ့ကုသနည်းတွေရှိတယ်။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ တီဘီဘေးက ဝေးကြစေ။ TB ကို TV လို့ မှားရေးကြတာတွေလည်း မှန်ပါစေ။

MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ https://dr-tint-swe.blogspot.com/2021/01/mdr-tb-q-and.html

Old TB အသစ်လား အဟောင်းလား https://dr-tint-swe.blogspot.com/2022/09/old-tb.html

Intestinal Tuberculosis အူ (တီဘီ) https://dr-tint-swe.blogspot.com/2021/05/intestinal-tuberculosis.html

MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ https://dr-tint-swe.blogspot.com/2021/01/mdr-tb-q-and.html

TB Medicines Side Effects တီဘီဆေးတွေနဲ့ ဘေးထွက်သက်ရောက်မှုများ https://dr-tint-swe.blogspot.com/2021/10/tb-medicines-side-effects.html

BCG vaccine တီဘီ ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/08/bcg-vaccine.html

Hemoptysis ချောင်းဆိုး သွေးပါ https://dr-tint-swe.blogspot.com/2021/05/hemoptysis.html

Primary Complex ကလေးတီဘီ https://dr-tint-swe.blogspot.com/2022/01/primary-complex.html

TB neck gland တီဘီအကျိတ် https://dr-tint-swe.blogspot.com/2021/05/tb-neck-gland.html

TB Signs & Symptoms တီဘီရောဂါလက္ခဏာများ https://dr-tint-swe.blogspot.com/2021/12/tb-signs-symptoms.html

Hemoptysis ချောင်းဆိုး သွေးပါ https://dr-tint-swe.blogspot.com/2021/05/hemoptysis.html

Pleural effusion အဆုတ်အိတ်ထဲ အရည်အောင်းခြင်း https://dr-tint-swe.blogspot.com/2021/05/pleural-effusion.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ