Foods for Healthy Hair ဆံပင် အာဟာရ

Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေ သုံးပေမဲ့လဲ ဆံပင်အတွက် မပြည့်စုံသေးပါ။

“Lather, rinse, repeat အမြှုတ်ထအောင်လုပ်ပါ၊ လျှော်ပြစ်ပါ၊ ထပ်ပြီးလုပ်ပါ” ဆိုတာ ကောင်းတဲ့ ခေါင်းလျှော်နည်း အကြံပြုချက် ဖြစ်ပေမဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေချည်းနဲ့တော့ ဆံပင် ကျန်းမာရေးအတွက် မပြည့်စုံသေးပါ။ ဆံပင်တွေဟာ တလမှာ ၁/၄ လက္မကနေ ၁/၂ လက္မအထိ ရှည်လာရမယ်။ အသားအရေ၊ ကေသာ နဲ့ ခြေသည်း-လက်သည်းတွေ ကောင်းမွန် ကျန်းမာနေအောင် အာဟာရ ပြည့်ဝပြည့်ဝ စားသုံးတတ်ကြဘို့ လိုသေးတယ်။

1: Salmon (ဆယ်လ်မွန်) ငါး 

(အိုမီဂါ-သရီး) ကြွယ်ဝတဲ့ (ဆော်လ်မွန်) ငါးမှာ အရည်အသွေးမီ (ပရိုတင်း) လဲ များတယ်။ ဗီတာမင် ဘီ ၁၂ နဲ့ သံဓါတ်လဲ ပါတယ်။ (အိုမီဂါ-သရီး) က ဆံပင်ကို ကောင်းစေတယ်။ ဒီဓါတ်နည်းနေရင် ဆံပင်မွဲခြောက်ခြောက်နေမယ်။ အသားမစားသူဆိုရင် Ground flaxseed နှမ်းဆီ ၁-၂ ဇွန်းစားရမယ်။

2: Dark Green Vegetables စိမ်းစိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ

ဆံပင်ကောင်းချင်လို့ မဟုတ်ပေမဲ့ အားရှိချင်တဲ့ Popeye the Sailor သင်္ဘောသား (ပေါ့ပိုင်) က Spinach ဟင်းနုနွယ်ရွက် စားတယ်။ အလားတူ Broccoli and Swiss chard စတဲ့ စိမ်းမှောင်နေအောင် အရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် (အေ) နဲ့ (စီ) တွေ ကြွယ်ဝကြတယ်။ ကိုယ်ခန္ခာကနေ Sebum (စီဘမ်) ထုတ်ပေးဘို့ လိုတာတွေဖြစ်တယ်။ ဒီဓါတ်ဟာ ဆံပင်ပေါက်တဲ့ Hair follicles အိတ်လေးတွေမှာ ပါတဲ့အဆီမျိုး ဖြစ်တယ်။ တနည်းပြောရင် သဘာဝ (ကွန်ဒီရှင်နာ) ဖြစ်တယ်။ သံဓါတ်နဲ့ (ကယ်လ်စီယမ်) တွေလဲ ပါနေတယ်။

3: Beans ပဲသီး

ဆံပင်အတွက် ပဲသီးစားတာကောင်းတယ်။ Legumes ပဲတောင့်ရှည်တွေ ဥပမာ Kidney beans ဗိုလ်စားပဲ၊ Lentils ပဲနီလေး၊ စတဲ့ ပဲအမျိုးမျိုးဟာ ဆံပင်-ကျန်းမာရေး ကို ကောင်းမွန်စေလို့ Hair-care diet ကေသာ-အာဟာရ ခေါ်တယ်။ ဆံပင်ဖြစ်လာစေဘို့ လိုအပ်တဲ့ (ပရိုတင်း) အပြင် သံဓါတ်၊ သွပ်ဓါတ်၊ (ဘိုင်အိုတင်) ဓါတ်တွေလဲ ရစေမယ်။

4: Nuts အစေ့အဆံတွေ

ဦးရေနဲ့ ဆံပင်အတွက် မရှိမဖြစ်တဲ့ ဓါတ်တမျိုးကို Selenium (ဆယ်လ်နီယမ်) ခေါ်တယ်။ သူများတွေဆီမှာတော့ Brazil nuts (ဘရာဇီးလ်-နတ်) ကိုကြော်ညာတယ်။ Walnuts သစ်ကြားသီးထဲမှာ Alpha-linolenic acid ခေါ်တဲ့ Omega-3 fatty acid ပါတယ်။ သွပ်ဓါတ်ပါတာတွေကတော့ Cashews သီဟိုဠ်စေ့၊ Pecans (ပီကင်) စေ့၊ Almonds ဗာဒံစေ့တွေ ဖြစ်တယ်။ 

5: Poultry အသားတွေ

ဆံပင်အတွက်ကောင်းတာကို ကြက်သား နဲ့ ကြက်ဆင်သားကိုဘဲ သူတို့တိုင်းပြည်မှာ စားကြ၊ ရေးကြတယ်။ လူအများ စားတဲ့အသား သိပ်မခြားပါ။ အမဲသား၊ ဆိတ်သား၊ သိုးသား၊ ဝက်သား။ (ပရိုတင်း) ပါတာတွေ ကျန်းမာရေးအတွက် ကောင်းတာတွေသာ ဖြစ်ပါတယ်။

6: Eggs ဥ

ကြက်ဥ၊ ဘဲဥတွေမှာ ထူးပြီးပါတာက (ပရိုတင်း)၊ ဗီတာမင် (အေ) အပြင် (ဘိုင်အိုတင်) နဲ့ ဗီတာမင် ဘီ-၁၂ လဲ ပါသေးတယ်။ 

7: Whole Grains အနှံတွေ

Whole grains လို့ ဆေးစာနဲ့ အာဟာရစာတွေမှာ ရေးကြတာတွေက လူစားတဲ့ ပြောင်းနှံအမျိုးမျိုးကို ဖြူဆွတ်နေတဲ့အထိ ချွတ်မထားဘဲ စားလို့ရတာမျိုးကို ပြောတာဖြစ်တယ်။ လွယ်လွယ်ပြောရရင် ဆန်လုံးညို၊ ပေါင်မုံ့ညိုတွေမျိုး။ မောင်းထောင်းဆန်လဲ ထိပ်ကပါတယ်။ သွပ်ဓါတ်၊ သံဓါတ် နဲ့ ဗီတာမင် ဘီအုပ်စု ပါတယ်။

8: Oysters မုတ်ကောင်

ပင်လယ်စာတွေထဲက မုတ်ကောင်က ကျန်းမာရေးအတွက် စားစရာထဲမှာ နာမည်ကြီးတယ်။ လိင်စိတ်အာပေးတာသာမက ဆံပင်ကောင်းစေဘို့လဲ ပါသေးတယ်။ Antioxidant ဖြစ်တယ်လဲ ဆိုပါတယ်။

9: Low-Fat Dairy Products အဆီနည်း နို့ထွက်အစာတွေ

Skim milk အဆီလွတ်နွားနို့၊ အဲဒါမျိုးကနေလုပ်တဲ့ (ရောဂတ်) တွေမှာ (ကယ်လ်စီယမ်) ပါတယ်။ အရိုးအတွက်သာမက ဆံပင်အတွက်လဲကောင်းတယ်။ Whey and casein ပရိုတင်းတွေလဲ ပါသေးတယ်။ 

10: Carrots မုံလာဥနီ

ဗီတာမင် (အေ) ပေါကြွယ်တယ်။ ကြက်မျက်သင့်တာအတွက်သာမက ဆံပင်အတွက်လဲ ကောင်းတယ်။ 

Beware of Dietary Supplements သတိထားစရာတွေ

• ဗီတာမင် (အေ) များတာ မကောင်းပါ။

• လူပိန်ချင်လွန်းလို့ Crash diets အစားကို နည်းသင့်တာထက် အရမ်းနည်းစားတာလဲ လူကျန်းမာရေး၊ ဆံပင်ကျန်းမာရေးအတွက် မကောင်းပါ။

Dr. တင့်ဆွေ

၂၈-၁၁-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ