Popular myths about the causes of cancer ကင်ဆာအယူအဆမှားများ

၁။ မဂ်လာပါဆရာရှင့် သမီးသိချင်တာလေးမေးချင်လို့ပါ။ အကင်စားရင်ကင်ဆာဖြစ်တတ်တယ်လို့ဖတ်ဖူးလို့ပါဆရာ။ ကျွန်မအိမ်မှာ Air fryerလေးဝယ်ထားပါတယ်၊ အိမ်မှာပဲစက်နဲ့ အသားငါးကိုယ်တိုင်ကင်စားပါတယ်။
၂။ ဆရာ ခင်ဗျား အနံ့ဆိုးများကြောင့် ကင်ဆာ ရောဂါ ဖြစ်နိုင်ပါသလားဗျ
၃။ ဆေးပညာ နောက်ဆုံးသုတေသန ကင်ဆာဖြစ်စေတဲ့ အစားအစာခုနှစ်မျိုး (မမှန်သော အသိပေးစာ)
1. အာလူးအကြွပ်ကြော်
2. အာလူးအချောင်းကြော်
3. ကော်ဖီမစ်ထုပ်
4. ပိုင်ကိတ်
5. အကင်များ
6. ကွမ်းသီး ဆေးမှိုမျာ
7. မြေပဲလျှော် မြေပဲပြုတ်
ဒီစာကို တယောက်ပြီးတယောက်က တင်နေကြတယ်။ အဲလို တယောက်ပြီးတယောက်က တင်နေတာတိုင်းဟာ အမှားတွေသာများတယ်။
ခုနစ်မျိုးကို ခုနှစ်မျိုးလို့လည်း မှားတယ်။ စာလုံးပေါင်းသတ်ပုံမမှန်ရင် အချက်အလက်ကိုလည်း သံသယရှိပါလို့ မကြာခဏထောက်ပြနေပါတယ်။
ကင်ဆာဖြစ်စေနိုင်တာကို ဆေးပညာမှာ ကာစီနိုဂျင် လို့ ခေါ်တယ်။ ဆေးသုတေသနတွေအရ ကာစီနိုင်ဂျင်ပေါင်း ရှိတယ်။ ဒါတောင် နောက်ဆုံးထွက်တဲ့သုတေသန မဟုတ်သေးဘူး။
Carcinogens ကာစီနိုဂျင် ၃ မျိုး
1. chemical carcinogens ဓါတုနှင့် ဇီဝကာစီနိုင်ဂျင်များ
2. physical carcinogens ရုပ်ဝတ္ထုနဲ့
3. oncogenic viruses ဗိုင်းရပ်စ်များ။
နောက်တမျိုးအုပ်စု ၃ စု
1. Radiation ဓါတ်ရောင်ခြည်သင့်ခြင်း
2. In prepared food ပြုပြင်စီမံထားသော အစားအသောက်များ
3. In cigarettes စီးကရက်များ။
အခြားအကြောင်းခံများ
1. Gasoline (contains aromatics) ဓါတ်ဆီ
2. Lead and its compounds ခဲနှင့် ဒြပ်ပေါင်းများ
3. Alkylating antineoplastic agents (e.g. mechlorethamine) ဓါတ်များ
4. Styrene စတီရင်း
5. Other alkylating agents (e.g. dimethyl sulfate) ဓါတ်များ
6. Ultraviolet radiation from the sun and UV lamps ခရမ်းလွန်ရောင်ခြည်
7. Alcohol (causing head and neck cancers) အယ်လ်ကိုဟော (အရက်)
8. Other ionizing radiation (X-rays, gamma rays, etc.) အခြားဓါတ်ရောင်ခြည်။
Foods that may increase your cancer risk အစားအသောက်အချို့ကလည်း ကင်ဆာဖြစ်မှာကို ပိုကောင်း ပိုစေနိုင်တယ်။
1. Processed meats ပြုပြင်စီမံထားသော အစားအသောက်များ
2. Fried foods ကြော်ထားသောအစားများ
3. Overcooked foods လိုတာထက ပိုပြီး ချက်ပြုတ်ထားသော အစာများ
4. Dairy နို့ထွက်အစားအစာများ
5. Sugar and refined carbohydrates သကြားနှင့် ပြုပြင်ထားသော ကာဘွန်ဟိုင်ဒရိတ်များ
6. Alcohol အရက်
အချုပ် -
1. ဆေးပညာနဲ့ ရောဂါတွေအကြောင်းဆိုရင် ဘယ်လိုဆေးပညာရှင်ကရေးသလဲ သိပါ။
2. မြန်မာပြည်မှာ ဘယ်အကြောင်းအရာကိုမဆို စသုတေသန ရှားတယ်။ သုတေသနနဲ့လေ့လာမှုမရှိဘဲ ပြောတာတိုင်းဟာ ရမ်းပြောတာသာဖြစ်တယ်။
3. မမှန်တာ လွဲမှားတာကို အဟုတ်ထင်သူမျိုးဟာ မှန်တာကို အမှားထင်တတ်တယ်။
4. နောက်ဆုံးရတို့၊ သေတတ်သည်တို့ ဆိုတဲ့ ဖြဲခြောက်တာတွေကလည်း မမှန်တာများတယ်။
5. စာလုံးပေါင်းသတ်ပုံတောင် မှန်အောင်မရေးတဲ့ တရားစာ၊ ဆေးစာ၊ ရသစာ၊ ကဗျာ၊ သုတစာ၊ သတင်းတွေက မှားတာများတယ်။
6. တယောက်ပြီးတယောက်က တင်နေတာဆိုရင် သံသယကြီးစွာထားပါ။
7. အထက်ကစာကို တင်နေသူတွေဟာ အာလူးနဲ့ မြေပဲစိုက်သူ၊ ရောင်းချသူတွေနဲ့ ရန်ဖြစ်ထားသူတွေလာ မသိပါ။
Popular myths about the causes of cancer ကင်ဆာ အယူအဆမှားများ
တိုင်းပြည်တိုင်းမှာရှိတယ်။ အမျိုးမျိုးရှိတယ်။ တချို့မှာ စိတ်ရောဂါလို သူမှာဒါတွေဖြစ်နေတာ ကင်ဆာလား ခဏခဏမေးတယ်။ တကယ်ရှိတယ်။ ဖေ့စ်ဘွတ်အကောင့်အမည်တွေကို ထည့်မရေးလိုပါ။
လူအများသုံးတာတွေ ဥပမာ၊ ပလပ်စတစ်၊ အနံအသက်ပျောက်ဆေး စတာတွေကနေ ကင်ဆာဖြစ်တယ်လို့ ထင်ကြတာ မှားတယ်။
1. ချွေးနံ့ပျောက်ဆေး သို့မဟုတ် အနံ့ဆိုးထွက်ဆေးများသည် ရင်သားကင်ဆာဖြစ်စေနိုင်သည်။
မမှန်ပါ။
2. ပလပ်စတစ်ဘူးများနှင့်ထုပ်ပိုးထားသော အစားအစာများကို မိုက်ခရိုဝေ့ဖ်ဖြင့် ကင်ဆာဖြစ်စေနိုင်သော အန္တရာယ်ဖြစ်စေသော အရာများကို ထုတ်ပေးသည်။
မမှန်ပါ။
3. ကင်ဆာရှိသူများသည် ကင်ဆာကို ပိုမြန်စေနိုင်သောကြောင့် သကြားမစားသင့်ပါ။
မမှန်ပါ။
4. ကင်ဆာသည် ကူးစက်တတ်ပါသည်။
ကင်ဆာမှန်သမျှ မကူးစက်ပါ။ ဒါပေမဲ့ ကူးစက်ရောဂါတချို့ကနေ ကင်ဆာကို ဦးတည်စေနိုင်တယ်။
(က) Human papillomavirus (HPV) — a sexually transmitted infection — that can cause cervical cancer and other forms of cancer လိင်လမ်းကြွက်နိုင်။
(ခ) Hepatitis B or C — viruses transmitted through sexual intercourse or use of infected IV needles — that can cause liver cancer အသည်းရောင် ဘီ နဲ့ စီ။
Smoking and Cancer ဆေးလိပ် နဲ့ ကင်ဆာ https://dr-tint-swe.blogspot.com/2021/09/smoking-and-cancer.html
Busting Cancer Myths: Is It Hereditary or Contagious & More
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ