Splenomegaly ဘေလုံးကြီးခြင်း

အသက် ၂၅ အမျိုးသား။ ဆရာဝန်နဲ့ပြပါတယ်။ ဘေလုံးကြီးနေတယ်ပြောတယ်။ နောက် သွေးထဲ ယူရစ်အက်စစ်များတယ် ပြောတယ်ဆရာ။ ဆီးကျောက်ကပ်ဆရာဝန်က သူနဲ့မဆိုင်တော့ဘူးဆိုပါတယ်ဆရာ ခင်ဗျာ ကျွန်တော်က မွေးရပ မွေးရပါ G6PD ရောဂါရှိပါတယ်။ ဘေလုံးကြီးတာ ဘာဖြစ်တတ်လည်းဆရာ။ အဆိုးဆုံးထိ သိပါရစေ။ ငှက်ဖျားဖြစ်တက်တယ်လို့ သိရတယ်။ ကူညီပြီးပြောပေးပါဦး။ လေးစားလျက်ပါခင်ဗျာ။ (ဘာဖြစ်တက်ကို ပြင်လိုက်တယ်။)

လူတိုင်းမှာ ဗိုက်ဘယ်ဘက် အပေါ် နံရိုးနံပတ် ၉-၁၂ အောက်မှာ ဘေလုံးရှိတယ်။ အစာအိမ်၊ သရက်ရွက်၊ ဘယ်ဘက် ကျောက်ကပ်၊ အူမကြီးအကွေးနေရာတွေနဲ့ကပ်နေတယ်။ ပုံမှန်အရွယ်အစားဘေလုံးကို အပြင်ကနေလက်နဲ့စမ်းလို့ မတွေ့နိုင်ပါ။ စမ်းလို့တွေ့တိုင်းလည်း ကုသစရာလိုတဲ့ ရောဂါရယ်လို့ မပြောနိုင်သေးပါ။

ပုံမှန်ဘေလုံးက 150 g လေးတယ်။ အလေးချိန် 400-500 g ရှိတာကိုဘေလုံးကြီးတယ်။ 1000 g အထိရှိတာကို အလွန်ကြီးတယ်လို့ သတ်မှတ်တယ်။ အရှည်ဆုံးနေရာက 11 cm ရှိတယ်။

ဘေလုံးကြည့်ပြီး ရောဂါခုခံအားနဲ့ သွေးစနစ်ကိုသိနိုင်တယ်။ နည်းနည်းကြီးနေလည်း သူ့အလုပ်သူလုပ်နိုင်တယ်။ သွေးထဲမှာ ရောဂါပိုးတွေရှိနေရင်ရှင်းပေးတယ်။ ရောဂါခုခံပေးတဲ့ immunoglobulin G (IgG) ထုတ်လုပ်ပေးတယ်။

properdin နဲ့ tuftsin တွေလည်းထုတ်ပေးတယ်။ မူမှန်မဟုတ်တဲ့သွေးနီဥတွေကို ရှင်းပေးတယ်။

ဘေလုံးဘာလို့ကြီးသလဲ

သူ့အလုပ်ကို အပိုလုပ်ရလို့ကြီးလာတယ်။ ရောဂါတချို့ကြောင့် ကြီးတယ်။ subacute bacterial endocarditis နဲ့ infectious mononucleosis ရောဂါတွေမှာ ခုခံအားတုံ့ပြန်မှုလုပ်ရလို့ကြီးတယ်။

• hereditary spherocytosis နဲ့ thalassemia major ရောဂါရှိသူတွေမှာ သွေးနီဥတွေကို ဖျက်ဆီးပေးရလို့ ကြီးလာတယ်။

• splenic vein thrombosis ရောဂါ portal hypertension ရောဂါနဲ့ Banti disease ရောဂါရှိရင် ကြီးလာမယ်။

• chronic myeloid metaplasia ရောဂါရှိရင်ကြီးလာမယ်။

• sarcoidosis နဲ့ တချို့ neoplasms ကင်ဆာရှိရင် ကြီးမယ်။ chronic lymphocytic leukemia and the lymphomas ကင်ဆာတွေမှာလည်းကြီးမယ်။

• mononucleosis ခေါ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊

• syphilis ဆစ်ဖလစ်ရောဂါ၊ endocarditis နှလုံးသားရောင်ခြင်း၊

• malaria ငှက်ဖျား၊

• Cirrhosis အသည်းခြောက်ခြင်း၊

• hemolytic anemia သွေးအားနည်းရောဂါ၊

• myeloproliferative neoplasms နဲ့ Hodgkin's disease ရောဂါတွေ၊

• Gaucher's disease နဲ့ Niemann-Pick disease ရောဂါတွေ၊

• ထိခိုက်မှု၊ Cysts ဆစ် ခေါ် အိတ်၊ Hemangiomas သွေးကြောရောဂါ၊ Metastasis ကင်ဆာပြန့်တာ၊ Giant abscess အနာ၊ Rho(D) immune globulin [RhoGAM] ဆေးတွေကြောင့်လည်း ကြီးနိုင်တယ်။

လေ့လာမှုလုပ်ထားတဲ့ ယူအက်စ်အေမှာ လူနာ ၂% ကနေ ၅့၆% မှာ ဘေလုံးကြီးနေတာတွေ့တယ်။ Tropical splenomegaly syndrome အပူပိုင်းဒေသဘေလုံးကြီးဆင်ဒရုမ်းဆိုတာ အာဖရိကတိုက်မှာတွေ့တယ်။

တချို့ ဘေလုံးအရွယ်အစား ပုံမှန်ပြန်ဖြစ်တယ်။ ဘေလုံးကြီးနေပေမဲ့ ဘာမှမခံစားရသူတွေရှိတယ်။ တချို့ ဗိုက်တင်းတာ ခံစားရတယ်။ ဘယ်ဘက်ပခုံးအထိနာမယ်။ ဗိုက်ပြည့်နေသလိုခံစားရတယ်။ သွေးအားနည်းမယ်။ အားနည်းနေမယ်။ ရောဂါပိုး မကြာခဏဝင်ခံရမယ်။ သွေးထွက်လွယ်တယ်။

ဘေလုံးကြီးနေသူတွေမှာ ရောဂါပိုးမကြာခဏဝင်ခံရနိုင်တယ်။ ဘေလုံးသိပ်ကြီးနေသူ ထိခိုက်မိလို့ ဘေလုံးကွဲတာ ဖြစ်တတ်တယ်။ အရေးပေါ်ကုသပေးရတယ်။ ဘေလုံးကြီးစေတဲ့ အကြောင်းခံကိုလိုက်ပြီး လိုအပ်သူတွေကို ကုသပေးရတယ်။ တချို့ကို Splenectomy ဘေလုံးထုတ်ပေးရတယ်။

Splenectomy ဘေလုံး ထုတ်ထားရသူ https://dr-tint-swe.blogspot.com/2020/12/splenectomy.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ