Test Result ဆေးစစ်ချက်မှာ

CA-125 ကင်ဆာစစ်ဆေးနည်းတခု

၁။ သားဥအိမ်ကင်ဆာရှိမရှိကို CA125 စစ်တာ result က 28.9ရတယ်ရှင့် ရှိလား မရှိလား​​ဖြေပေးပါအုန်းရှင်
ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖတ်လိုက ဖတ်နိုင်။ မဖတ်လိုက နေနိုင်။
CA-125 levels in the body are measured by units per millimeter (U/mL). The range of 0 to 35 U/mL is considered within the normal guidelines. Levels over 35 U/mL may indicate the presence of cancer or other conditions.
CA 125 ကင်ဆာစစ်ဆေးနည်းတခု https://dr-tint-swe.blogspot.com/2021/05/ca-125.html
၂။ ရင်သားကင်ဆာ ဆေးသွင်း ဓာတ်ကင်ပြီး ၂လ အကြာပြန်ချိန်းတာပါရှင့် CA 153စစ်ထားတာ အခြေနေကောင်းလား သိချင်တာပါရှင့် ကျေးဇူးပါရှင့်
ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖတ်လိုက ဖတ်နိုင်။ မဖတ်လိုက နေနိုင်။
ဆေးစစ်ချက်တွေမှာ အများအားဖြင့် အောက်ပါအတိုင်း ရေးသားထားလေ့ရှိတယ်။
စမ်းသပ်မှု - တွေ့ရှိချက် - အကိုးအကား - ယူနစ် (တန်ဘိုး) - မှတ်ချက်
Test - Result - Reference - Unit - Remark
mini VIDAS ဆိုတာ is a compact automated immunoassay system based on the Enzyme Linked Fluorescent Assay (ELFA) principles.
အကိုးအကားမှာ အနည်းဆုံးတန်ဘိုးနဲ့ အများဆုံးတန်ဘိုး ပါတယ်။ အဲဒီ ၂ ခုအတွင်းရှိသမျှ ပုံမှန်။ များလည်း မကောင်း၊ နည်းလည်း မကောင်း။
မေးခွန်းပါ စမ်းသပ်ချက် 
CA 15-3 8.60 <30 လို့ ဖတ်ရတယ်။ ၃၀ အောက် ပုံမှန်။
ကင်ဆာတို့ ဆေးစစ်ချက်တို့ကို ဆရာဝန်ကို မေးလေ့မရှိပါ။ မြန်မာပြည်မှာ။ 
ဘာဖြစ်ဖြစ် စားစရာနဲ့ အစာရှောင်စရာသာ မေးကြတယ်။ မြန်မာပြည်မှာ။ 
ကုသနည်းနဲ့ ကာကွယ်နည်း မသိချင်ကြပါ။ မြန်မာပြည်မှာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ