မကြာခဏ ဖြေရ တင်ပြရပါသည်

X-Ray result သိချင်ပါတယ် ဆရာ

မေးနည်းထဲမှာလည်း ထည့်ထားသည်။ မေးနည်းကို အကြိမ်ပေါင်း ရောပေါင်းများစွာ တင်ပြထားပြီးဖြစ်သည်။

ဆေးစာ၊ ဓါတ်မှန်၊ အာထွာဆောင်းပုံတွေ မလို။ အောက်မှာရေးထားတဲ့ မှတ်ချက်စာသား ကြည့်ရမှသာ အဖြေကို သိပါမယ်။

ဓါတ်မှန်အဖြေဖတ်တယ်ဆိုတာ လူပုံ ရှုခင်းပုံတွေလို မဟုတ်။ နောက်ခံ အလင်းရောင်မှာ ဖလင်ပြားကို အတည့်ကြည့် စောင်းကြည့် စသဖြင့် လုပ်တယ်။ 

အာထွာဆောင်းဆိုရင် လှုပ်ရှားနေတဲ့ပုံတွေကို အဆင်ပြေတဲ့နေရာတခုမှာ ပုံသေရိုက်တာ။ ဆရာဝန်က စဉ်ဆက်မပြတ်လှုပ်ရှားနေတာကို ကြည့်ရတယ်။

ဆေးစာပြပြီး၊ ဆေးဗူးပုံပြပြီး၊ ရောဂါအမည်တခုရေးပြီး သိချင်ပါတယ်လို့ မေးတာတွေကို မဖြေချင်ပါ။ နေမကောင်းသူ အသက်-ကျား-မ၊ အမျိုးသမီးဆိုရင် လစဉ်ရာသီ၊ အိမ်ထောင်ရေး၊ ဘယ်လိုခံစားနေရ၊ ဘယ်လောက်ကြာ စတာတွေကို မသိရဘဲ နံဖို နံမထောက်သလို၊ ထီထိုးသလို မဖြေပါ။

ဆေးစစ်ချက်ဆိုတာ စစ်ဆေးခိုင်းတဲ့ ဆရာဝန်ကလည်း လိုတာ ပြောပါမယ်။

ကိုယ့်အထင်နဲ့၊ ကိုယ်လိုသူလိုလူတွေကပြောတာနဲ့ ဆေးသွားစစ်တယ်ဆိုတာ မသင့်မှန်ပါ။ ပိုက်ဆံအပိုသာ ကုန်မယ်။ မြန်မာပြည်မှာ ဖေ့စ်ဘွတ်က ဆရာဝန်မဟုတ်သူတွေကို မေးပြီး ကင်ဆာမျိုးစုံကို စစ်ဆေးကြတယ်။ အချိန်နဲ့ ပိုက်ဆံ နှမြောစရာကောင်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ